Friday, November 4, 2016

ကမ္ဘာစစ်ကြီးပြီးတဲ့နောက်

အတွေ့ အကြုံတွေ ပြန်သတိရကြပေါ့
 သေပြေးရှင်ပြေးတွေ ပြန်တွေးကြရုံမှာ
 "အသက်ကို ထဘီစောင့်ခဲ့တာပဲ" 
သူ့မိခင်ထဘီစ လက်မောင်းပတ်ထားသူ 
စစ်သားလေးတစ်ယောက်ရဲ့ ကြည်ညိုသံ
 အက်တမ်ဗုံးကွဲသလို တုန်ခါညံသွားတယ်။ ။ 

                                                   မောင်ရေချမ်း