ညနေခင်းလေးဟာ စိတ်ကောက်လွယ်တတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ ခပ်ဟဟ ရယ်မောနေတတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ မုန်းတယ်ဆိုတဲ့စကားကိုဆိုတတ်ခဲ့
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် ဒဏ်ရာတွေဒလဟောထွက်ကျလာပါလိမ့်မယ
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် နှစ်ယောက်စီးခဲ့တဲ့စက်ဘီးလေးတစ်
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ခေါင်းငိုက်စိုက်ကျလို့
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကိုထုပ်ပိုးလို့
တိမ်တွေသိပ်လှတဲ့အကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
အမှန်တရားတွေဟာ တစ်ခါတစ်ရံမှာမှားတတ်ကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
ညနေခင်းဟာ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားတယ်
ညနေခင်းဟာ အချစ်ကြောင်းကို မေ့ပစ်ချင်တဲ့ဟန်ပန်နဲ့ပေါ့
ညနေခင်းလေးမှာ ကိုယ်ဟာ ဖယိုဖရဲကျဆုံးခဲ့ပါတယ်
ညနေခင်းလေးဟာ ထမင်းစားပြီးပြီလားမေးဖို့မေ့နေ
ညနေခင်းလေးဟာ နေကောင်းလားမေးဖို့မေ့နေခဲ့ပါပြ
ညနေခင်းလေးရေ ....
စိတ်ပြေလက်ပျောက် တိမ်တွေကိုခဲနဲ့ပေါက်စို့ကွာ
စူပုပ်ထားတဲ့နှုတ်ခမ်းကို ဖြေလျှော့ချလိုက်ပါတော့
စိတ်ကောက်တတ်တဲ့ညနေခင်းလေးကို ချော့မော့ဖို့စကားလုံးတွေပျောက်
မောင်ရေချမ်း
(၁၄ . ၁၂ . ၂၀၁၃ )
ညနေခင်းလေး က ...
ReplyDeleteဘီယာသွားသောက်ကြရအောင် သူငယ်ချင်း လို့ ... ပြောခဲ့တယ် ။
:) :) :)