Saturday, December 7, 2013
လူငယ်တစ်ယောက်
လူငယ်တစ်ယောက်ရဲ့ နေ့စွဲတွေဟာ
ချစ်ခြင်းမေတ္တာကို သိမ်းဆည်းပြီး ခပ်၀၀ရှိလွန်းခဲ့ပါတယ်
လူငယ်တစ်ယောက်ရဲ့ လက်သီးဆုပ်ထဲမှာ
အမှားလက္ခဏာဘယ်လောက် ၊ အမှန်လက္ခဏာဘယ်လောက်
ဘယ်တော့ဖြစ်ဖြစ်
ရန်လိုမှုများတဲ့ကမ္ဘာထဲမှာ ဓားကိုသွေးပြီးတရားကိုလဲမွေးထားခဲ့ရ
စိတ်လိုလက်ရရှိတဲ့အခါ
ကြယ်ကြွေနုနုတွေကောက်ဖို့အတွက် အပြာရောင်အိတ်ကပ်လေးတစ်လုံးကိုချုပ်နေမိတယ်
စိတ်အချဉ်ပေါက်တဲ့အခါ
Tatannic ဇာတ်ကားထဲက လီယိုနာဒိုလို တံတွေးကို ကိုယ်နဲ့အဝေးဆုံးရောက်အောင်ထွေးပစ်ခဲ့
သေချာတာကတော့
တရားမျှတမှုကိုလည်း နိုင်ငံတော်အလံပမာသဘောထား ဦးညွှတ်ခဲ့ပါတယ်
ပြီးတော့ လူငယ်ပီသစွာနဲ့
ချစ်ခြင်းမေတ္တာကို ခပ်ဖွဖွလေးနမ်းမွှေးခဲ့ပါတယ်။ ။
မောင်ရေချမ်း
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ဖေဖော်ဝါရီ ၊ ၂၀၁၄
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
ကဗျာလေးတွေ အမြဲလာဖတ်ဖြစ်တယ်။
ReplyDeleteဒီကဗျာလေးကိုတော့ အရမ်းပဲ နှစ်ခြိုက်မိ။
အားပေးနေပါတယ်ရှင်။