သောင်ထွန်းလာတယ်
သောင်တွေသာထွန်းလာခဲ့တယ်
ကျန်တာတွေက ဘာမှမထူးခဲ့ပါဘူး
ဒါနဲ့ပဲ မိုးပြိုမှာကြောက်လို့ ခြေထောက်နဲ့ကန်ထားတယ်
ဘာမှထူးလှတယ်လို့တော့မဟုတ်ပါဘူး (မိုးက ပြိုပြီးသားပဲ )
လွမ်းရင်း လွမ်းရင်း တဖြည်းဖြည်းလေလွင့်လာ
ဒါနဲ့ပဲ မိုးပြိုမှာကြောက်လို့ ခြေထောက်နဲ့ကန်ထားတယ်
ဘာမှထူးလှတယ်လို့တော့မဟုတ်ပါဘူး (မိုးက ပြိုပြီးသားပဲ )
လွမ်းရင်း လွမ်းရင်း တဖြည်းဖြည်းလေလွင့်လာ
ဒါဟာဆိပ်ကမ်းမြို့
တိမ်အိုတွေ တစ်အုပ်ပြီးတစ်အုပ်ပျံသန်းနေကြ
ကိုယ့်အိပ်မက်နဲ့ကိုယ် စိတ်ကူးထဲမှာ ချိုနေခဲ့တယ်
ပြီးတော့ဒါဟာအိပ်မက်ဟောင်းတစ်ခု
ပြီးတော့ဒါဟာအိပ်မက်ဟောင်းတစ်ခု
ကိုယ့်စိတ်နဲ့ကိုယ် အခါခါပြန်မက်တယ်
အားလုံးပြီးဆုံးသွားပြီ
အားလုံးပြီးဆုံးသွားခဲ့တယ်
ကိုယ်တို့မျှော်လင့်ချက်တွေ ယုံကြည်ရာတွေအားလုံး
အဝေးကြီးကိုစွန့်ခွာသွားပြီ လူတွေလူတွေသာကျန်ခဲ့မယ်
ဘာမှပိုပြီး မထူးခဲ့ပါဘူး
ဒါဟာဆိပ်ကမ်းတဲ့
ကိုယ်တို့မျှော်လင့်ချက်တွေ ယုံကြည်ရာတွေအားလုံး
အဝေးကြီးကိုစွန့်ခွာသွားပြီ လူတွေလူတွေသာကျန်ခဲ့မယ်
ဘာမှပိုပြီး မထူးခဲ့ပါဘူး
ဒါဟာဆိပ်ကမ်းတဲ့
ဒုက္ခတွေသာ ဆိုက်ကပ်လာခဲ့ပေါ့ ။ ။
မောင်ရေချမ်း
ကလျာမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၂၀၁၃
( အက္ခရာလမ်း ကဗျာအရေးအသား )
ကလျာမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၂၀၁၃
( အက္ခရာလမ်း ကဗျာအရေးအသား )
No comments:
Post a Comment
နှစ်သက်စွာ ခံစားနိုင်ပါစေ