သူတို့ရဲ့ဖြစ်တည်ခြင်းတွေက မပြင်ရသေးတဲ့လမ်းလေးလို
ချိုင့်တွေ ၊ခွက်တွေနဲ့ ညှိုးရော်ကြမ်းတမ်းနေတာ
ဒီရပ်ဝန်းမှာပေါ့
ခေတ်ကိုမလွမ်းအားဘူး
အမေရိကန်သမ္မတဘယ်သူလဲ စိတ်မ၀င်စားဘူး
မနက်ဖြန်အသက်ရှူဖို့ပဲ စိတ်ကို ၊ခန္ဓာကို အင်ဂျင်တပ်ထားရတာ
ဒီရပ်ဝန်းမှာပေါ့
အေဘီစီဒီရေးတဲ့လက်လေးတွေ ၊ အနာဂတ်ရဲ့အငုံအဖူးလေးတွေ
နံရိုးအပြိုင်းပြိုင်းနဲ့ လမ်းကြိုလမ်းကြားမှာ ဂေါ်လီပစ်တမ်းကစားနေတာ
ကကြီးခခွေးအော်တဲ့ပါးစပ်လေးတွေ
ပြေးရင်းလွှားရင်း ခုန်ပေါက်ရင်း အပူအပင်မဲ့ပျော်နေတာ
ဒီရပ်ဝန်းမှာပေါ့
အောက်စီဂျင်ဟာ တဖြည်းဖြည်း ရှား…ရှား……လာ …
ဖြစ်တည်မှုတွေ တမြေ့မြေ့ပါး….ပါး……လာ ၊၊ ၊၊
မောင်ရေချမ်း
ပြုံးစရာ မဂ္ဂဇင်း ၊ စက်တင်ဘာလ ၊ 2012
အောက်စီဂျင်ဟာ တဖြည်းဖြည်း ရှား.. ရှား... လာ...
ReplyDeleteတစ်ခေါက်ထပ်ဖတ်ခဲ့တယ်ရေချမ်းရေ......ဖတ်တိုင်းလန်းတယ်။။။။။။
ReplyDeleteစကားပြေလေးတွေလည်း လုပ်ဦးဟ...ဥမထားနဲ့။။ဟေးဟေးးးးးးး
အဲလိုဆင်ခြေဖုံးတွေကို မြန်မာလူမျိုးဗုဒ္ဓဘာသာ လူငယ်တွေရောက်ဖို့ နေနေသာသာ
ReplyDeleteတပတ်တခါတောင် ဘုန်းကြီးကျောင်းနဲ့ ဘုရားကိုမရောက်ဘူး
အကယ်၍ရောက်တယ်လို့ ငြင်းခဲ့ရင်လဲ
ရောက်တဲ့သူတွေဟာလူနည်းစု တွေသာဖြစ်တယ်
အာမင် တွေကတော့ အဲလိုဆင်ခြေဖုံးရပ်ကွက်တွေမှာ
အလှူအတန်းတွေလုပ်နေလေရဲ့ 
((ဒီရပ်ဝန်းမှာပေါ့
အေဘီစီဒီရေးတဲ့လက်လေးတွေ ၊ အနာဂတ်ရဲ့အငုံအဖူးလေးတွေ
နံရိုးအပြိုင်းပြိုင်းနဲ့ လမ်းကြိုလမ်းကြားမှာ ဂေါ်လီပစ်တမ်းကစားနေတာ
ကကြီးခခွေးအော်တဲ့ပါးစပ်လေးတွေ
ပြေးရင်းလွှားရင်း ခုန်ပေါက်ရင်း အပူအပင်မဲ့ပျော်နေတာ)) <<<အဲဒီ အနာဂတ်ရဲ့ အဖူးအငုံလေးတွေ ....အာမင်တွေဖြစ်ကုန်ရင် ဘယ်သူ့ မှာတာဝန်ရှိသလဲ.........
ကဗျာလေး အားရပါးရကိုခံစားသွားတယ်...ဆရာရေ...ဆရာ့ကဗျာလေးတွေစောင့်ဖတ်နေတယ်နော်...လင့်တောင်ယူသွားလိုက်ပြီ...ဆက်လက်ပြီးထုဆစ်နိုင်ပါစေရှင်
ReplyDeleteခင်တဲ့ ...မိုးနတ်..