Thursday, February 16, 2012
အတိတ်
စာရွက်တွေဝါကျင့်လို့ နောက်ဆိုကြေသွားတော့မယ်
အခုတော့လည်း ဒီဇာတ်လမ်းမှာ သူဟာဇာတ်လိုက်
နောင်တစ်ချိန်စာမျက်နှာပေါ်မှာ မင်နီတွေနဲ့နာမည်ကြီးဦးမှာ ၊၊ ၊၊
မောင်ရေချမ်း
Tuesday, January 24, 2012
မအက္ခရာ
မျှော်လင့်ချက်တွေ ညှီုစို့ပုပ်သိုးသွားသောနှလုံးသားသည် အိပ်မက်ထဲမှာသူ့ကိုမြင်တော့ပြန်ပြီး လန်းဆန်းလာ တတ်မြဲဖြစ်သည် ၊၊တကယ်တော့ အချစ်ဆိုသည်မှာ ဖောက်လွဲဖောက်ပြန်နိုင်လှသော ရာသီဥတုလိုသာဖြစ်သည် ၊၊ ခန့်မှန်း၍ ခက်လှပါသည် ၊၊ နမ်းရှိုက်ခွင့်မရှိခဲ့သော ပါးပြင်ကိုလွမ်းနေသူအား မိုက်မဲသူအဖြစ် သတ်မှတ်မည်ဆိုပါက ကျွန်တော်သည်လူမိုက် တစ်ယောက်ဖြစ်ပါသည်၊၊သိမ်းထားခွင့်မရ ခဲ့သောမျက်နှာလှလှလေးကိုနှလုံးသားထဲတွင်သိမ်းဆည်းထားမိသူအားရူးသွပ်သူအဖြစ်ပြောကြမည်ဆိုပါက ကျွန်တော်ရူးခဲ့မိပါသည် ၊၊ဆုပ်ကိုင်ခွင့်မရခဲ့သော လက်ချောင်းသွယ်သွယ်လေးများကို တမ်းတနေမိသူအား အဓိပ္ပါယ်မဲ့သည်ဟုယူဆကြမည်ဆိုပါက ကျွန်တော်အဓိပ္ပါယ်မဲ့စွာရင်ခုန်ခဲ့ပါသည် ၊၊
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော့်နှလုံးသားသည် အဝေးအရပ်သို့ လွမ်းတတ်နေခဲ့ပြီဖြစ်သည်၊ နှလုံးသားကို တူးဆွပြီးအတိတ်ကို ပြန်တမ်းတမည်ဆိုပါက ပျော်စရာအတိနှင့်နေ့စွဲများပင်ဖြစ်ခဲ့ပါသည် ၊၊
Monday, October 24, 2011
ထာဝရဖြစ်သော
ခံစားမြင့်သစ် အချစ်ဖြစ်လာ
ဝေဆာမွေးဖွား နေ့များညများ
သူ့ထံပါးသို့ ၊၊
Tuesday, September 20, 2011
ထီးလေးတစ်လက်
ချစ်စကားကို ခခယယပြောပြန်သည်.။ကျွန်မလည်း ခပ်မြူးမြူးလေးပြုံးပြီး အဖြေပြန်ပေးလိုက်သည်။သူလည်း
စားချင်သောမုန့်ကိုရသွားသည့်ကလေးလေးတစ်ယောက်၏အပျော်မျိုးဖြင့် ပျော်သွားသည်.။ပြီးနောက်
ကျွန်မတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲပြီး လျှောက်လည်ကြသည်..။ဇိမ်ခံသဘောင်္ကြီးများ ၊အဆင့်မြင့်ဟိုတယ်ကြီးများပေါ်မှာ ပျော်ချင်တိုင်းပျော်ကြသည်.။စတိုးဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ သူက ကျွန်မကို“ဘာလိုချင်သလဲ”ဟုမေးသည်.။ကျွန်မကအသည်းပုံလေးတွေပါသည့်ခရမ်းရောင်ထီးလှလှလေး တစ်လက်ကိုလက်ညှိုးထိုးပြမိသည်။သူဝယ်ပေးတော့ ကျွန်မအလွန်အမင်းပျော်သွားသည်......။
@ @ @ @ @ @ @ @ @
“ သမီး...၊ထတော့ ...ထတော့ ၊၊ လေးနာရီတောင် ထိုးနေပြီ၊၊သုံးနာရီခွဲလောက်ထပါဆိုတာကို..၊
အမြဲတမ်း နှိုး နှိုးနေရတယ်နော်..။ဟင်း..၊အိပ်နေလိုက်တာများ ...။ငါ့မှာတော့မိုးတွေရွာတာနဲ့
တစ်ညလုံး မအိပ်ရသေးဘူး ၊၊ဟိုနား မိုးယိုတာကိုခံလိုက် ၊ ဒီနား ယိုတာကိုခံလိုက်နဲ့ ၊၊ တစ်ည
လုံးမအိပ်ရသေးဘူး ညည်းမှာတော့ ဇိမ်နဲ့ကို အိပ်နေလိုက်တာနော်..။ ဟဲ့...ထတော့ဆို...။ ”
ငြိမ်းချမ်းရေး
တစ်ဦးမှာဖြင့်
မေတ္တာရနံ့
ထုံမွှေးပျံ့လျက်
မြေနှံ့ဝေဆာ
ဖြစ်တည်ပါသော်
ကမ္ဘာမြေပြင်
လူ့ရပ်ခွင်သည်
စည်ပင်သာယာ
ငြိမ်းချမ်းစွာဖြင့်
သာယာနေမည်
ဖြစ်ပါသည်၊၊ ၊၊
မောင်ရေချမ်း
Youth magazine,ဒီဇင်ဘာလ ၊ 2010 ခုနစ်
သားကောင်
ကိုင်စွဲထား..မှန်းသိရက်နဲ့ကို
ပိုက်ကွန်ထဲ …ရဲရဲဝင်တိုးခဲ့တာပါ…။
အောင်နိုင်သူတစ်ယောက်ရဲ့မထီပြုံး
ငါ့အရှုံးကို ..ငါလက်ခံတယ်
မုဆိုးက …လှတော့
ငါကိုယ်တိုင်က သားကောင်ဖြစ်ချင်ခဲ့မိတာပါ….။
မောင်ရေချမ်း
သရပါ မဂ္ဂဇင်း ဒီဇင်ဘာလ ။ ၂၀၁၁
ဂန္တ၀င်ပြဿနာ
စိတ်ကူးထဲမှာ လုပ်ကြည့်တယ်..
မျှော်လင့်ချက်က .၀ိုးတ၀ါး ..
တိမ်ဖြူတွေလို ပြယ်လွင့်သွားတယ်….။
ကိုယ့်ဝမ်းဆာနေတာ…ကိုယ်သာသိတော့
အစာအိမ်ကို ကျဉ်းပစ်ချင်မိရဲ့…။
မောင်ရေချမ်း
လောကဖဲဝိုင်း
အပုံကြီးနိုင်လိုက် ..
ပြီးတော့ ထိုးကျွေးလိုက်
အစားခံရလိုက်နဲ့ပဲ
မုန့်လုံးကို စက္ကူကပ်
ချာလပတ်ရမ်း
တကယ်တမ်း ...စဉ်းစားကြည့်တော့
ရယ်စရာတော့ အကောင်းသား...
နောက်ဆုံးတော့လည်း...
ဗလာနဲ့ပဲ အိမ်ပြန်ရမှာ မဟုတ်ပါလား...။
မောင်ရေချမ်း
Youth magazine/March/2012
Tuesday, November 2, 2010
- လျှာနဲ့သွား -
သူ ဘယ်လိုများ ပခုံးကိုဆွဲခါရင်း ပန်းကန်တွေကို
ရိုက်ခွဲလိုက်သလဲ ဆိုတာပဲ ကျနော် စဉ်းစားနေမိတယ်
သူတို့လင်မယားနှစ်ယောက်က အမြဲရန်ဖြစ်နေကျနဲ့
တူပါတယ် ရန်ဖြစ်တာနဲ့ နေသားကျနေလို့လား မသိဘူး
ဝါရင့်ရန်ဖြစ်သမားတွေလို လေသံ၊ မျက်နှာထားတွေနဲ့
ငေးကြည့်နေရတဲ့သူအဖို့ ရသအဖုံဖုံ ဖြစ်လာစေတယ်
မိန်းမလုပ်တဲ့သူကလည်း မိန်းမပဲ
ယောင်္ကျားလုပ်တဲ့ သူကလည်း ယောင်္ကျားပဲ
ယောင်္ကျားနဲ့ မိန်းမ ဖြစ်လာအောင် လုပ်ကြတာလည်း
ယောင်္ကျားနဲ့ မိန်းမပဲ
ယောင်္ကျားလုပ်တဲ့သူက ပထမတော့ "ငါ အလုပ်တွေ တအားများပြီး မေ့သွားတာပါဟာ" ဆိုပြီး တောင်းပန်သေးတယ်
ဒါပေမဲ့ မိန်းမဖြစ်သူက . . .
"မဟုတ်ပါဘူး ...နင် နင့်ဘော်ဒါတွေဆီမှာ ဖင်ပတ်ခံနေတာ မဟုတ်လား" လို့ ပြန်ပြောလာတော့ ဒေါကန်သွားတာပေါ့
"ပန်းချီကားထဲက အနီရောင်ရဲတိုက်ကြီးမှာ နင့်စပက်ကို ရေသွား ဆေးနေလိုက်ပါလား ၊ ငါ့ကို နင့်အဖေလိုများ မှတ်နေလား ၊ နင့်အဖေကမှ ငါနဲ့နင် မင်္ဂလာဆောင်တဲ့နေ့မှာပဲ ငါ့ဂွေးစိကို လာကိုင်တာလေ ...ကိုယ့်သမက်ကိုတောင် သူငယ်ထောင်ချင်တဲ့ စောက်အဘိုးကြီး၊ အဲဒီအဘိုးကြီးရဲ့သုတ်ကနေ ထွက်လာတဲ့ နင်က ဒီလိုအတွေးမျိုးတွေ ရှိနေတာ ငါ မအံ့သြတော့ပါဘူး" ဆိုပြီး စကားအရှည်ကြီးပြောပြီး သူ့မိန်းမရဲ့ဒေါသကို ဆွတယ် ဒါပေမဲ့ သူ့မိန်းမက လုံးဝအေးဆေးပဲ ပြန်ရန်တွေ့မယ့်အစား လူသတ်ပြီး ဓားရေဆေးနေတဲ့ လေသံမျိုးနဲ့ "ဟုတ်ကဲ့ရှင့်"လို့ ပြန်ပြောလိုက်တယ်
ပြီးတော့ သူ့ယောင်္ကျားကို စောက်ဖက်လုံးဝ မလုပ်တဲ့ပုံစံမျိုးနဲ့ ဖုန်းကို ပွတ်နေတယ် အဲဒါနဲ့ မိန်းမလုပ်သူရဲ့အနားကို ကပ်သွားပြီး ပခုံးကို ဆွဲခါရင်း "ဟဲ့ ...ကျက်သရေမရှိတဲ့ကောင်မ၊ ဖာသည်မ ...နင့်ကို ဂွေးချောင်းရှည်တဲ့ ငါ့သူငယ်ချင်းနဲ့ ခေါ်ကျုံးခိုင်းရမလား" လို့ ယောင်္ကျားလုပ်တဲ့သူက စိတ်တိုပြီး ပန်းကန်ကို ရိုက်ခွဲရင်း ပြောတော့လည်း "ဟုတ်ကဲ့ရှင့်" တဲ့။
မောင်ရေချမ်း