ဖျားနာ ၊ ကိုက်ခဲနေတယ်
တိတ်တိတ်လေး ထိတ်လန့်နေတယ်
ညနေခင်းမွှေးမွှေးလေးတစ်ခုကို အိတ်ကပ်ထဲ တယုတယထည့်ထားခဲ့ပါတယ်
အခုတော့ ပလတ်ဖောင်းပေါ်က ခိုလေးတစ်ကောင်လိုပဲ ထိတ်လန့်နေရင်း
အရင်က သောကြာတွေကို ထုတ်ထုတ် ကြည့်ဖြစ်တယ်
တကယ်တော့ ..ကိုယ့်သောကြာတွေဟာ ပျော်စရာပါ
သောကြာဟာ ဒိန်ချဉ်နှစ်ခွက်
သောကြာဟာ ထောပတ်သီးဖျော်ရည်နှစ်ခွက်
သောကြာဟာ နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံ
သောကြာဟာ ရှမ်းခေါက်ဆွဲနှစ်ပွဲ
သောကြာဟာ ထမင်းသုပ်နှစ်ပွဲ
ကိုယ့်သောကြာဟာ နှစ်ယောက်အတူတူ ဆောင်းခဲ့ဖူးတဲ့ထီးလေးတစ်လက်ဖြစ်ခဲ့
သောကြာမှာ နာကျင်စရာတွေမရှိခဲ့ပါ ၊
နားထဲမှာ ပူခြစ်သိမ်မွေ့လွန်းစွာတိမ်တွေ ပြိုပြိုလာတယ်
တကယ်တော့ ...ချစ်ခြင်းတရားဟာ အင်္ကျီအ၀ါနုရောင်ဖျော့ဖျော့လေး
တကယ်တော့ ... ချစ်ခြင်းတရားဟာ အဖြူရောင်ဒေါက်ဖိနပ်လှလှလေး
တကယ်တော့ ...ချစ်ခြင်းတရားဟာ သိမ်းထားချင့်ဖွယ် လက်မှတ်လှလှလေး
ကိုယ့်သောကြာတစ်ခုတည်းကို ကွက်ပြီးမိုးတွေရွာလာတယ်
နေ့စွဲအဟောင်းတွေကို ပြန်ဖွင့်ကြည့်ရင်း
ဒီနေ့သောကြာကို တိတ်တိတ်လေး လန့်ထိတ်လို့
ကယောင်ကတမ်းဖျားနာနေမိပေါ့ ။ ။
မောင်ရေချမ်း
Saturday, October 12, 2013
Tuesday, August 6, 2013
အက်ကွဲခြင်းလရောင်
ကြယ်လေးတစ်ပွင့်ကြွေကျသွား။ငေးစိုက်ကြည့်ရင်းကျွန်တော့်ရင်သည်
လှိုက်ခနဲ။နှစ်ကာလ(လွန်ခဲ့လေသောနှစ်ကာလများ)သည် တမြေ့မြေ့ နှလုံးသားကိုတသွဲ့သွဲ့ခုတ်မောင်းတိုးဝှေ့လာသည်။
××××××××××× (၁) ××××××××××××××
( ဤအဖြစ်အပျက်ပါ အကြောင်းအရာတို့ကိုတကယ့်အဖြစ်အပျက်မဟုတ်ခဲ့သောဇာတ်လမ်းဟုမှတ်ပိုက်ယူဆပါရန်
ကျွန်တော် ၀မ်းနည်းကြေကွဲစွာ လိမ်ညာမိပါသည်။)
ထိုတစ်နေ့…………….
အဖြစ်အပျက်တို့သည် လှပညီညာစွာကြွေကျသွားခဲ့။
ရုပ်ရှင်တွေ ၊ ၀တ္ထုတွေထဲကကဲ့သို့ မျက်စောင်လေးထိုး
၊ နှုတ်ခမ်းလေးမစူတစူလုပ်မည်။ထို့နောက် သူမသည် ရှက်ဝါးဝါးခပ်သော့ သော့လေးဖြင့် ခေါင်းလေးငုံ့သွားလိမ့်မည်ဟုတွေးထင်ထားသည်မှာကျွန်တော်
မှားသွားခဲ့သည်။သူမသည် ကျွန်တော့်စကားကို စိတ်ဝင် တစားနားထောင်ပြီးပန်းနုရောင်နှုတ်ခမ်းလေးညွှတ်ကွေးသွားရုံမဆိုသလောက်လေးပြုံး၏။
ထို့နောက် အသံထွက်အောင်ပင် တခစ်ခစ် ရယ်မောပစ်လိုက်သည်။ ထိုရယ်သံသည် ကျွန်တော့်နှလုံးသားအိပ်မက်ကမ်းပါးကို
တဝေါဝေါတိုက်ခတ်သွားသောရေလှိုင်းများပမာ။ မျက် ၀န်းနက်နက်တို့သည် တဖိတ်ဖိတ်တောက်လုပင်
အရောင်လဲ့ကာ။
“ချစ်တယ် … ။ချစ်တယ်တဲ့လားကွာ။ ဒါလေးပြောဖို့များ
နာရီဝက်လောက် ငြိမ်နေရသေးတယ်။ နင် .. ဒီလိုစကားပြောမယ်ဆိုတာသိသားပဲ။ ခစ်…ခစ် ..ခွိ”
သူမရယ်သံက ကျွန်တော့်နားစည်ထဲတွင် မျောက်တစ်ကောင်အော်သံလိုပင်
မည်သို့မှကဗျာဆန်မနေပါ။ နှစ်ယောက်ထိုင်တန်းလျားလေး ၏အစွန်းတစ်ဖက်ကိုဆတ်ခနဲသူမရွေ့ထိုင်လိုက်သည်။
ပထမ ကျွန်တော်ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူမရယ်သံကြောင့် ကျွန်တော့်မျက်နှာ ထူအမ်းလာသလိုခံစားရသည်။ပြုံးယောင်ယောင်ဖျော့ဖျော့
မျက်နှာထားကိုငေးကြည့်နေမိ။
လေတစ်ချက် ဝေ့ခနဲ၊သုတ်ခနဲ တိုက်သောကြောင့်
မြေနီလမ်းလေးပေါ်မှ မြေမှုန်နုနုတချို့ တနွဲ့နွဲ့ခုန်ကကြ၏။ ၀ါကျင့်ကျင့် သစ်ရွက်တချို့
သုတ်ခနဲကြွေသက်လျောကုန်လာခဲ့။ သူမမျက်နှာကိုရဲရဲမကြည့်ရဲသဖြင့် ပတ်ဝန်းကျင်ရှိ သက်မဲ့အရာများကိုအဓိပ္ပာယ်
မဲ့မျက်ဝန်းဖြင့် ၀ိုးတ၀ါးငေးကြည့်နေမိ။ ခစ္ခနဲတုိးလ်လ် ရယ္သံပါးပါး။အို…မြေပြိုသလား
၊ တော်လဲသလား၊ ကျွန်တော့်ရင်ထဲ ၀ုန်းဒိုင်း ကြဲပန်းနုနုတွေပွင့်ကုန်။
Saturday, June 15, 2013
ကဗျာ ဘာညာဘာညာနဲ့ ပေါက်လွှတ်ပဲစား ၀မ်းပျက်ဝမ်းလျှော သက္ကရာဇ်များ
တရားတွေ တရားမ၀င် ၊ တရားမ၀င်ကဗျာတွေ ခိုးဝင် သက်ဆိုင်ရာမှ လက်ပိုက်ခြေမြှောက်ကြည့်နေ
ကဗျာပဋိပက္ခမှ ကဗျာအရေးအခင်းဖြစ်ပွား ၊ မီးရှို့ ကဗျာသတ်ဖြစ်စဉ် အစရှိသဖြင့် ဆန္ဒပြ (တားမြစ် ထိန်းချုပ်ရေး)
အဆောက်အအုံလေးလုံးနှင့် ကဗျာနှစ်ငါးဆယ်စာ သေဆုံးခဲ့
ကဗျာအပုပ် ငါးဆယ်(အပုပ်အပွကဗျာ) များ လူစုလူဝေးကြားတွင် ပေါက်ကွဲနိုင်သဖြင့် အများပြည်သူပူးပေါင်းကူညီရန်လိုအပ်
လက်နက်မကိုင်သည့်နည်းလမ်းဖြင့် ဤခရီးလမ်းကိုလျှောက်ရန်ဟု လက်နက်ကိုင်အကြမ်းဖက်အုပ်စုမှပြောကြား
ကဗျာသေ နှစ်ဆယ့်ငါးပုဒ်ကို လွှဲပြောင်းယူရန် ငြင်းဆို
ကဗျာသေ နှစ်ဆယ့်ငါးပုဒ်ကို သံတမန်နည်းအရသာ ဆောင်ရွက်လို
ကဗျာတွေစိမ့်ဝင်လာ / ခိုးဝင်လာ / မြို့ပေါ်မှာ ရွာထဲမှာ ရပ်ကွက်ထဲမှာ
တချို့အဝေးပြေးကားစီးလာ ၊ တချို့ လေယာဉ်ပျံစီးလာ
တချို့ သဘောင်္စီးလာ ၊ တချို့ခပ်တည်တည် ခြံစည်းရိုးကျော်ဝင် လမ်းလျှောက်လာ
တချို့ တိုက်ပုံဝတ်နဲ့ ၊ တချို့ သင်္ကန်းဝတ်နဲ့
တချို့ ကောအရှည်နဲ့ ၊ တချို့အလန်းဇယားနဲ့
အလွဲသုံးစား ကလေးစိတ်မကုန်သေးတဲ့ လူကြီးအထာ ခိုင်မာတဲ့သတင်းရပ်ကွက်မှ တိတိကျကျ
စကားလုံးအီပျော့ပျော့များ သက်/သတ်ဆိုင်ရာမှ ထောက်ခံချက်ထုတ်ပေးနေ
ကဗျာအိုကြီးအိုမ ၊ ကဗျာဂျိုကျိုး နားရွတ်ပဲ့ ၊ ကဗျာမျောက်လောင်းများ ၊ ကဗျာဖလန်းဖလန်းလေးများ
ပေါက်လွှတ်ပဲစား ကတိပုံပြင် တော်ကီတွင် ကဗျာအားလုံး ၀မ်းနည်းကြေကွဲ
နောက်မကြာမီ ထုဆစ်တော့မည့် ပန်းပုရုပ်ဟာ ကဗျာသူ ကဗျာသားအားလုံးကို ကိုယ်စားပြု/မပြု
စကားလုံးများအားလုံး စိတ်ဝင်တစား ခေါင်းချင်းဆိုင် /ခွက်ချင်းတေ့
ကဗျာအနှစ်သာရ(အရသာ) ရွှေရည်စိမ် ဟုတ်/မဟုတ်
ပိန်မသာလိပ်မသာ ၊ ဒါ မသာမယာခုနစ်တွေအတိုင်း ။
မောင်ရေချမ်း
June . 2013 New Style Magazine

Monday, April 22, 2013
ဘော်စတွန်မာရသွန်
ဘယ်လို အရူးအနှမ်းတွေများ ရွာချလိုက်တဲ့မိုးလဲ
ဝေါခနဲ ၊ ၀ုန်းခနဲ
ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ဟာ နာကျင်ကဗျာ
ပြတ်သွားတဲ့ လက်တစ်ဖက်ဟာ နာကျင်ကဗျာ
သွေးစ/သွေးနတွေကို ဒီကဗျာထဲ ပစ်ထည့်လိုက်တယ်
စစ်ခနဲ ၊ ကျင်ခနဲ
အသားစဖတ်တွေ လမ်းပေါ်ပြန့်ကျဲ
စူးစူးဝါးဝါး ငိုသံတွေတွေပြန့်ကျဲ
လှိုင်းထနေတဲ့ ရင်ဘတ်တွေပြန့်ကျဲ
အသံတိတ်ဒဏ်ရာတွေ ပြန့်ကျဲ
အဲဒီ့နေ့ကပေါ့
ဘော်စတွန်မှာ သရဲသဘက်တွေ ပျော်မြူးစွာအောင်ပွဲခံကြ ။

Wednesday, April 17, 2013
ဇူကာဘာ့ခ်နယ်မြေက ဒိန်းဂျားတွေ များတယ် - နောက် ကလုန်း တွေလည်း များတယ် စိတ်ညစ်ရတယ်
Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share
အလွန်ရှုပ်ထွေးလွန်းတဲ့ စွန့်ပစ်အမှိုက်ပုံကြီးလား N0(or) Yes တခုခုရွေးချယ်
သင့်fashion သင်ရှာဖွေပြီးဆို like သို့မဟုတ် share
ကိုယ်နေဟန်ထားကဘယ်လို ၊ တခါက ကလစ်မိတယ် _အလန်းလွန် အလွန်လန်းသူများဆိုတဲ့ပေ့ကိုရောက်သွား လစ်ခနဲပြန်ခိုးထွက် / မလုံ့တလုံ့Modelမလေးရဲ့ရင်ဘတ်ပေါ်မှာ ကျနော့်မျက်လုံးတစ်ဖက်ကျွတ်ကျန်ခဲ့
Search for people,places and things / [………] / ကလစ်တစ်ချက်မှာသေနတ်သံတွေပါလားမလား
What's on your mind ?
ကိုယ့်ဒုက္ခတွေ သူများကို လိုက်Tag ! ယူပေးပါ ကျနော့်အပူတွေ
Notes ထဲမှာ ကဗျာတွေလက်စမသတ်ရသေး
ဝေလေလေနဲ့ ပိုင်စိုးပိုင်နင်းသူများအိမ်ကျော်နင်း
သူတို့ဘယ်လို Notes တွေကိုချက်ပြုတ်မလဲ ကျနော် စိတ်ဝင်စားပြန်တယ်၊
ဆဲခံရပေါ့တစ်ခါ ။လူကြီးလူကောင်းတွေ ဒီနယ်မြေမှာ ဘယ်လို account တစ်ခုယူထားမလဲ
ဟလို _ ဇူကာဘာ့ခ် ခင်ဗျား မသိချင်ချင်/သိချင်ချင် ကျနော်တော့သိပ်စိတ်ဝင်စားမိသွားပြန်ပြီ
လူငယ်ပီပီ Chat မယ်/ ချစ်မယ်ပဲ၊ ခြစ်မယ် ၊ပစ် မလုပ်ရင်ပြီးရော ကွာ သူငယ်ချင်း
Chat box ထဲရောက်လာတဲ့ စာသားဖွဲ့စည်းပုံမှာအောက်ပါအတိုင်း
[သယ်ချင်းရေ Photo Contest မှာ ၀င်ပြိုင်ထားလို့ပါ အပန်းမကြီးရင်Like လေးတစ်ချက်နိပ်ပေးပါလား ]
ဇူကာဘာ့ခ် ရေ - ခင်ဗျားနယ်မြေထဲမှာ ကျနော် ရိုးသားစွာပျော်ဝင်ခဲ့ပါပြီ/တစ်နေ့တာဟာအပြစ်တင်ဆဲဆို
ခြေလှမ်းတွေယားကျိကျိဖြစ်နေတယ်၊အရည်ရွှမ်းရွှမ်းထနေတဲ့သွေးပုပ်ပြည်တည်နာတစ်ခုပဲ
ရောက်လာတဲ့မတ်ဆေ့ဟာကျနော့်လက်ကိုဖြတ်ပစ်
[ ဟိတ်ကောင် ! မင်းကဗျာတွေက ပေါတောတောတွေ ၊ ကဗျာဆရာဆိုတာ ကလေက၀နဲ့ ကဗျာဆရာအမည်မခံသင့်ဘူး]
ဟုတ်ကဲ့ __ ကျနော် ကြီးကြီးကျယ်ကျယ်ပြောလို့ရရင်ပြောချင်ပါတယ်၊
ခေတ်ကြီးကို/က ထမ်းထားရတာလေးလို့ ကဗျာဆေးလေး ထိုးမိပါတယ် ။
ဒီမြေပေါ်မှာ ကျားဆိုးတွေပေါ/မပေါထက် ကဗျာဆိုးတွေ ပေါ/မပေါကိုကျနော်ကိုယ်တိုင်လည်းရှာဖွေနေပါတယ်
တဆိတ်လောက် wqdavmu ကူ ညီပါ ဦး ဗျာ unDygOAsm* ကီးဘုတ်ပေါ်စမ်းစမ်းနဲ့ ကြာလာရင်ချိနဲ့သွားမှာစိုးရ / စားသောက်/သွား/လာ/စက်ဖွင့် www.facebook.com ကိုရိုက်ထည့်လိုက် Notifications တွေမှာ သွေးနံ့ရရင်ကမန်းကတမ်း/(က)ယောင်(က)တမ်း/(ကတုန်ကယင်)ခပ်ရဲရဲမကလစ်နိုင် ၊ဖွ/ဖွင့် ချလိုက်ပြန် ၊ဟိုကောင်လေးနဲ့ဟိုကောင်မလေးဟိုဟာဖြစ်တာ သတင်းအချက်အလက်ဖြစ်တဲ့ခေတ် !ဟင် ! [ ဟာ] ( ဟယ် ) Commentတွေ မထိတ်သာမလန့်သာ ၊
ကလုန်းကောင်တွေဝင်ရေးသွားပြန်ပြီ
သူက အထာနည်းနည်းတော့ကြီးတယ်၊
ယဉ်ကျေးမှုတွေအထောကြီးနဲ့လူသားဆန်ဆန်သတ္တ၀ါများ
Mg Yay Chan is now friends with zuckerberg , clone army and Other people
Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share ။ ။
မောင်ရေချမ်း
[ ၀န်ခံချက်။ ။ သူငယ်ချင်း/အကို/ ကဗျာဆရာရွှေကိုယ်နတ်(UCSM) ၏ စာသားအား
ကဗျာခေါင်းစဉ်အဖြစ် တလေးတစား(ခင်မင်ရင်းနှီးစွာ) ယူငင်သုံးစွဲပါသည်။ ]
Wednesday, March 13, 2013
အက္ခရာလမ်း
အက္ခရာလမ်း ကဗျာအရေးအသား !
ကဗျာဆရာ မောင်ရေချမ်း ၊ လင်းလက်တာရာ ၊ စစ်နိုင် ၊အဂ္ဂလင်း ၊ ထွန်းလင်းသစ်(ကန့်ဘလူ) ၊ လူခါး
လင်းဝေအိမ်၊ ဆူးရဲ တို့၏ ကဗျာပုဒ်ရေ - ၇၈ ပုဒ်
တန်ဖိုး - ၁၅၀၀ နှင့် ဟီးရိုးစာပေမှ မြန်မာတစ်ပြည်လုံးသို့ဖြန့်ချီလိုက်ပါပြီ ။
(ကဗျာဆရာလင်းဝေအိမ် ကလောင်နာမည်အား ( လင်းဝေးအိမ်)ဟုမှားယွင်းခြင်းကို အနူးအညွတ်တောင်းပန်ပါသည်။ )
Tuesday, January 22, 2013
မိုင်တိုင်နှစ်ဆယ် အွန်လိုင်းရသ၀တ္ထုတို စုစည်းမှု
အဓိကအားဖြင့် ရန်ကုန်(Ocean ၊ Lion City, Taw Win, Asia Light စသည့် စီးတီးမာတ်များ အပါအဝင် ) မန္တလေး၊ တောင်ကြီး၊
မော်လမြိုင်၊ နေပြည်တော် ၀ယ်ယူရရှိနိုင်ကြောင်း ။ ။
မော်လမြိုင်၊ နေပြည်တော် ၀ယ်ယူရရှိနိုင်ကြောင်း ။ ။
Saturday, September 8, 2012
အိမ်ပြန်မရောက်သေးတဲ့ ကဗျာဆရာ
ဝှစ်ခနဲ ၊ ၀ှီးခနဲ မြန်ဆန်လာတယ်
မနေ့ကအလုပ်တွေကို ဒီနေ့မှ နှစ်ရက်စာပေါင်းလုပ်နေရရှာတဲ့မြို့
အဲဒီ့မြို့ကြီးကို သူတိတ်တိတ်လေး လွမ်းနေတယ်
မရယ်ကြပါနဲ့ ကျေးဇူးပြုပြီး မရယ်ကြပါနဲ့
ရေကြည်ရာ မြက်နုရာ.........ရေ.........ရေ..........ရေငတ်လာတယ် (သူရေငတ်လာတယ်)
ကဗျာဆရာဟာ သူများနိုင်ငံမှာ ကိုယ့်နိုင်ငံအကြောင်းကဗျာတွေရေးရင်း
မနက်မနက်ဆို ဖိုသီဖက်သီထတယ်/အလုပ် လုပ်တယ်/အွန်လိုင်းတက်တယ်
တစ်နေ့တစ်နေ့ မြန်မာပြည်မြေပုံကို ကြည့်တယ်
မိသားစုတွေ နေကောင်း ကျန်းမာစေကြောင်းဆုတောင်းတယ်
ကပျာကယာဘ၀တွေအကြောင်း သူကဗျာရေးတယ်
သူ့ရင်ဘတ်သူချိုးပြီး သူ့လက်ဖျံရိုးပေါ်မှာ သူပွင့်ခဲ့တယ်
ကွာလာလမ်ပူတဲ့ ၊စင်ကာပူတဲ့ ၊ ဒူဘိုင်းတဲ့

Thursday, August 30, 2012
လမ်းကြုံရင် လမ်းကြုံလိုက်ပါရစေ….ကမ္ဘာသစ်
ချမ်းလို့ တုန်နေတာပဲ
အပူစီးကြောင်းတွေထဲမှာ ချမ်းနေတယ်
ကမ္ဘာကြီး မငြိမ်းချမ်းဘူး
လက်နက်တွေက သကြားလုံးတွေလို ခပ်ပေါပေါဖြစ်လို့
စစ်မြင်းတွေ ပျံနေကြ
အစာရေစာ ပေးပါ ( အစာရေစာပေးပါ………အစာရေစာပေးပါ
)
နိုင်ငံတကာသတင်းမှာ သွေးတွေလျှံကျနေတယ်
Wednesday, August 22, 2012
ဆိပ်ကမ်း
သောင်ထွန်းလာတယ်
သောင်တွေသာထွန်းလာခဲ့တယ်
ကျန်တာတွေက ဘာမှမထူးခဲ့ပါဘူး
ဒါနဲ့ပဲ မိုးပြိုမှာကြောက်လို့ ခြေထောက်နဲ့ကန်ထားတယ်
ဘာမှထူးလှတယ်လို့တော့မဟုတ်ပါဘူး (မိုးက ပြိုပြီးသားပဲ )
လွမ်းရင်း လွမ်းရင်း တဖြည်းဖြည်းလေလွင့်လာ
ဒါနဲ့ပဲ မိုးပြိုမှာကြောက်လို့ ခြေထောက်နဲ့ကန်ထားတယ်
ဘာမှထူးလှတယ်လို့တော့မဟုတ်ပါဘူး (မိုးက ပြိုပြီးသားပဲ )
လွမ်းရင်း လွမ်းရင်း တဖြည်းဖြည်းလေလွင့်လာ
Friday, August 10, 2012
ဆင်ခြေဖုံး
သူတို့ရဲ့ဖြစ်တည်ခြင်းတွေက မပြင်ရသေးတဲ့လမ်းလေးလို
ချိုင့်တွေ ၊ခွက်တွေနဲ့ ညှိုးရော်ကြမ်းတမ်းနေတာ
ဒီရပ်ဝန်းမှာပေါ့
တစ်ယောက်ဒုက္ခကိုတစ်ယောက် ငေးရီကြည့်ရင်းအိပ်မက်သေတွေဖွာရှိုက်နေကြ
Tuesday, July 10, 2012
ကျွန်တော် ကဗျာရေးတယ်/ရေးနေတယ်/ရေးခဲ့တယ်
အစာလို ရေလို နေရောင်ခြည်လို အမြဲမပြတ်မှီဝဲခဲ့ပါတယ်
ချစ်သူတစ်ယောက်ကို ချစ်သလိုလည်း ချစ်မြတ်ခဲ့ပါတယ်
ကိုယ့်အရိုးကိုယ်ခြစ်ပြီး ကမ္ဘာကိုချစ်လို့ရေးတယ်လို့လည်း ကြီးကြီးကျယ်ကျယ်စကားကို
(အကျယ်ကြီး ၊ အကျယ်ကြီး ) ဘယ်တုန်းကမှဟစ်အော်မပြောခဲ့ပါဘူး
မီးပူဘယ်လောက်တိုက်တိုက် ပြန့်မလာတဲ့အိပ်မက်တွေ
ကမ္ဘာကြီးရဲ့ခြေကြားလက်ကြားကနေ လျှောခနဲ ၊လျှောခနဲ ထွက်ကျသွားမှုတွေ

Tuesday, July 3, 2012
ရွှေအမြုတေမဂ္ဂဇင်း One minute interview
ယုံကြည်ရာကို ရိုးရိုးရဲရဲ ရေးထားတဲ့ ရန်ကုန် ကဗျာနဲ့ ဆုရတာကြောင့် ၀မ်းသာပီတိ ဖြစ်တယ်လို့ မောင်ရေချမ်းက ဆိုပါတယ်။
ရန်ကုန် ကဗျာကို teen မဂ္ဂဇင်းကို ဘယ်လိုကြောင့် ပို့ဖြစ်ခဲ့တာလဲ။
ကျွန်တော်က လူငယ်စစ်စစ်ဖြစ်လို့ teen မဂ္ဂဇင်းကို ပို့ဖြစ်ခဲ့တာပါ။
ရန်ကုန် ကဗျာကို ရေးတဲ့အခါ ကိုယ်တိုင် မြင်တွေ့ ရမှုတွေကိုပဲ ရေးချဖြစ်တာလား၊ တခြား သူတွေ
အပြော ပါသေးလား။

Friday, June 15, 2012
စစ်
့မြင်မြင်ရာ မီးတောက်တွေပဲ
စိတ်ခေါင်းတိုင်တွေမှာ ဒေါသမီးခိုးတွေတငွေ့ငွေ့အူလို့
လေနီရိုင်းတွေ အကြမ်းရင့်ဆုံးတိုက်ခတ်နေတဲ့ကမ္ဘာပျက်
တစ်ယောက်က တစ်ယောက်ကို
တစ်ယောက်ကို တစ်ယောက်က
ဒေါသမျက်လုံး အမှောင်ဖုံးပြီးကြည့်တဲ့အခါ
ဆွဲမိဆွဲကိုင်ရာ နွယ်မြက်တွေဟာ ဓားတွေဖြစ်လာ
ဓား..........တွေ......ဖြစ်........လာ......ခဲ့... ၊၊ ၊၊
မောင်ရေချမ်း
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊
အမှတ်(၄၇)။၂၀၁၂

Saturday, June 2, 2012
အခု ငါတို့မုန်တိုင်းထဲမှာ
အခု ငါတို့လှိုင်းကြမ်းလေထန်မုန်တိုင်းထဲမှာ
(၁) ဘာမှအစိုးမရဘူး
လှေပျက်တစ်စင်း ပင်လယ်ကိုဖြတ်နေဆဲ
တ၀ဲဝဲလည်နေတဲ့ ၀င်္ကပါထဲမှာ
အသက်ရှူသံတွေက လှိုင်းလုံးတွေကြားမှာ
ပြေးပြေးလွှားလွှား
(၂) အစိုးရတယ်ဆိုတာလည်း အစိုးမရဘူး
ဖြစ်တည်မှုတွေက ပိန်းကြာရွက်ပေါ်က ရေစက်တွေလို
အချိန်မရွေးလျှောခနဲ ၊လျှောခနဲ ကျသွားနိုင်တယ်
(၃) အဆိုးတွေပဲ ရနေတာ (တကယ့် အဆိုးတွေပဲ)
အခု ငါတို့မုန်တိုင်းထဲမှာ..
ယုံကြည်ချက်တွေနဲ့ ရေးထိုးထားတဲ့
အိပ်မက်ဒိုင်ယာရီလေးရေ...........
ကြေကွဲစာလုံးတွေနဲ့ ရှိုက်ကြီးတငင်ငိုချလိုက်ပါတော့
အခု ရေတွင်းတူးနေပါသလား
နောက်တော့လည်း ညိုပုပ်ပုပ်ရေတွေ ဒလဟော
ထွက်....ကျ.........လာ.......ဦး............မှာ.....၊၊
မောင်ရေချမ်း
( Hello အနုပညာဂျာနယ် ၊Vol,3 .Issue 42 )
Tuesday, April 24, 2012
ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ ငါတို့ဟာ လူငယ်
လူတစ်ယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက
သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တဲ့အချက်နဲ့တိုင်းတာရမှာ
( ဗန်းမော်တင်အောင် )
---- --- -----
ကဗျာခေါင်းစဉ်ကို ထပ်ခါထပ်ခါ ဆို
ငါတို့ဟာ ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ လူငယ်
အိပ်မက်ဖူးတွေ ပွင့်လာဖို့
မှော်ဆရာလို ပါးတွေဖောင်းလုမန်းမှုတ်နေစရာမလို
ကိုယ့်အစွမ်းကိုယ့်ဇနဲ့အနာဂတ်သစ်ကမ္ဘာဖန်တီးပစ်နိုင်စွမ်းရှိတာ
လောကလေဆန်ကို ခပ်ကြမ်းကြမ်းထိုးခွဲမယ့် ငါတို့ အရွယ်...လူငယ်

Friday, March 9, 2012
ကဗျာဟာ ခါး ခါးလာ
နေ့သည်လည်းကောင်း ညသည်လည်းကောင်း
တစ်နေ့ထက်တစ်နေ့ တစ်ညထက်တစ်ည ငြိမ်းချမ်းစေကြောင်း
ဆုတောင်းရင်းဖြင့် ဒီကဗျာအဖွင့်ကိုစတင်လိုက်တယ်
ချစ်ခြင်းတရားဟာ မှော်ဆရာရဲ့လက်ထဲကဆေးတောင်ဝှေးလေးလို
တဖြည်းဖြည်း သေးကွေးလာ
အို….ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့
အရာရာဟာ မှုန်ပြဝေရီလို့ အလေအလွင့်ခေတ်ထဲ အလွင့်အလေများတယ်
တစ်ခုခုတော့ တစ်ခုခုပဲတစ်နေရာမှာ လွဲချော်နေတာ
ငေးရင်းလွမ်းရင်း ၊ လွမ်းရင်းငေးရင်းနဲ့ အလေအလွင့်ခေတ်ထဲမှာ
ပြာလဲ့အက်ရှလို့ ကြေကွဲနေရ
ခြင်မတစ်ကောင်သန္ဓေအောင်ဖို့ သွေးကိုအရေးတကြီးလိုနေသလိုမျိုး
မုန့်ဟင်းခါးစားပြီး အပူတပြင်းရေငတ်နေသလို
နှလုံးသားသွေးထဲ ၊ ခန္ဓာကိုယ်ထဲ ရင်ဘတ်ထဲ အိပ်မက်ထဲ
အပြင်းအထန် စွဲစွဲလန်းလန်းတောင့်တနေတာ
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”

Saturday, February 18, 2012
ရန်ကုန်
ယင်နားစာတွေ ပေါတယ် ၀မ်းပျက်လျှောဖြစ်ဖို့ လွယ်တယ်
လမ်းဘေးဆိုင်တွေ ပေါတယ်
ဖိနပ် အဟောင်းတွေ စီးပြီး လမ်းကြီးကြီး လျှောက်သူတွေပေါတယ်
လမ်းတွေပေါသလောက် ချိုင့်တွေလည်းပေါတယ်
ပေါတယ်... ပေါတယ်
လူတွေ ပေါတယ်
လမ်းတွေ ပေါတယ်
ကားတွေ ပေါတယ်
စိတ်ကို သတိဆွဲထား
Thursday, February 16, 2012
အတိတ်
ပြီးခဲ့ပြီးပြီ
စာရွက်တွေဝါကျင့်လို့ နောက်ဆိုကြေသွားတော့မယ်
အခုတော့လည်း ဒီဇာတ်လမ်းမှာ သူဟာဇာတ်လိုက်
နောင်တစ်ချိန်စာမျက်နှာပေါ်မှာ မင်နီတွေနဲ့နာမည်ကြီးဦးမှာ ၊၊ ၊၊
မောင်ရေချမ်း
စာရွက်တွေဝါကျင့်လို့ နောက်ဆိုကြေသွားတော့မယ်
အခုတော့လည်း ဒီဇာတ်လမ်းမှာ သူဟာဇာတ်လိုက်
နောင်တစ်ချိန်စာမျက်နှာပေါ်မှာ မင်နီတွေနဲ့နာမည်ကြီးဦးမှာ ၊၊ ၊၊
မောင်ရေချမ်း
Tuesday, January 24, 2012
မအက္ခရာ
ကျွန်တော့်ရင်ဘတ်ကိုခွဲကြည့်မည်ဆိုပါကမမဟူသောအက္ခရာလေးကို တခမ်းတနား ထုထွင်းထားကြောင်း မြင်တွေ့ ရမည် ဖြစ်သည်....၊၊
မျှော်လင့်ချက်တွေ ညှီုစို့ပုပ်သိုးသွားသောနှလုံးသားသည် အိပ်မက်ထဲမှာသူ့ကိုမြင်တော့ပြန်ပြီး လန်းဆန်းလာ တတ်မြဲဖြစ်သည် ၊၊တကယ်တော့ အချစ်ဆိုသည်မှာ ဖောက်လွဲဖောက်ပြန်နိုင်လှသော ရာသီဥတုလိုသာဖြစ်သည် ၊၊ ခန့်မှန်း၍ ခက်လှပါသည် ၊၊ နမ်းရှိုက်ခွင့်မရှိခဲ့သော ပါးပြင်ကိုလွမ်းနေသူအား မိုက်မဲသူအဖြစ် သတ်မှတ်မည်ဆိုပါက ကျွန်တော်သည်လူမိုက် တစ်ယောက်ဖြစ်ပါသည်၊၊သိမ်းထားခွင့်မရ ခဲ့သောမျက်နှာလှလှလေးကိုနှလုံးသားထဲတွင်သိမ်းဆည်းထားမိသူအားရူးသွပ်သူအဖြစ်ပြောကြမည်ဆိုပါက ကျွန်တော်ရူးခဲ့မိပါသည် ၊၊ဆုပ်ကိုင်ခွင့်မရခဲ့သော လက်ချောင်းသွယ်သွယ်လေးများကို တမ်းတနေမိသူအား အဓိပ္ပါယ်မဲ့သည်ဟုယူဆကြမည်ဆိုပါက ကျွန်တော်အဓိပ္ပါယ်မဲ့စွာရင်ခုန်ခဲ့ပါသည် ၊၊
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော့်နှလုံးသားသည် အဝေးအရပ်သို့ လွမ်းတတ်နေခဲ့ပြီဖြစ်သည်၊ နှလုံးသားကို တူးဆွပြီးအတိတ်ကို ပြန်တမ်းတမည်ဆိုပါက ပျော်စရာအတိနှင့်နေ့စွဲများပင်ဖြစ်ခဲ့ပါသည် ၊၊

Monday, October 24, 2011
ထာဝရဖြစ်သော
တိမ်လွှာပွင့်ထပ် အိပ်မက်ရွေ့လျား
ခံစားမြင့်သစ် အချစ်ဖြစ်လာ
ဝေဆာမွေးဖွား နေ့များညများ
သူ့ထံပါးသို့ ၊၊
ခံစားမြင့်သစ် အချစ်ဖြစ်လာ
ဝေဆာမွေးဖွား နေ့များညများ
သူ့ထံပါးသို့ ၊၊
Tuesday, September 20, 2011
ထီးလေးတစ်လက်
ကိုရီးယားမင်းသားရိန်းက ချစ်ရေးလိုက်ဆိုသည်။ ကျွန်မခြေလေးဆောင့်ပြီး စိတ်ဆိုးဟန်ပြုကာ သူ့ရှေ့မှ ထွက်လာခဲ့သည်.။သူက အူးလျားဖားလျားပြေးလိုက်လာပြီး ကျွန်မရှေ့ရောက်တော့ ဒူးလေးထောက်ချပြီး
ချစ်စကားကို ခခယယပြောပြန်သည်.။ကျွန်မလည်း ခပ်မြူးမြူးလေးပြုံးပြီး အဖြေပြန်ပေးလိုက်သည်။သူလည်း
စားချင်သောမုန့်ကိုရသွားသည့်ကလေးလေးတစ်ယောက်၏အပျော်မျိုးဖြင့် ပျော်သွားသည်.။ပြီးနောက်
ကျွန်မတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲပြီး လျှောက်လည်ကြသည်..။ဇိမ်ခံသဘောင်္ကြီးများ ၊အဆင့်မြင့်ဟိုတယ်ကြီးများပေါ်မှာ ပျော်ချင်တိုင်းပျော်ကြသည်.။စတိုးဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ သူက ကျွန်မကို“ဘာလိုချင်သလဲ”ဟုမေးသည်.။ကျွန်မကအသည်းပုံလေးတွေပါသည့်ခရမ်းရောင်ထီးလှလှလေး တစ်လက်ကိုလက်ညှိုးထိုးပြမိသည်။သူဝယ်ပေးတော့ ကျွန်မအလွန်အမင်းပျော်သွားသည်......။
@ @ @ @ @ @ @ @ @
“ သမီး...၊ထတော့ ...ထတော့ ၊၊ လေးနာရီတောင် ထိုးနေပြီ၊၊သုံးနာရီခွဲလောက်ထပါဆိုတာကို..၊
အမြဲတမ်း နှိုး နှိုးနေရတယ်နော်..။ဟင်း..၊အိပ်နေလိုက်တာများ ...။ငါ့မှာတော့မိုးတွေရွာတာနဲ့
တစ်ညလုံး မအိပ်ရသေးဘူး ၊၊ဟိုနား မိုးယိုတာကိုခံလိုက် ၊ ဒီနား ယိုတာကိုခံလိုက်နဲ့ ၊၊ တစ်ည
လုံးမအိပ်ရသေးဘူး ညည်းမှာတော့ ဇိမ်နဲ့ကို အိပ်နေလိုက်တာနော်..။ ဟဲ့...ထတော့ဆို...။ ”

ငြိမ်းချမ်းရေး
တစ်ဦးမေတ္တာ
တစ်ဦးမှာဖြင့်
မေတ္တာရနံ့
ထုံမွှေးပျံ့လျက်
မြေနှံ့ဝေဆာ
ဖြစ်တည်ပါသော်
ကမ္ဘာမြေပြင်
လူ့ရပ်ခွင်သည်
စည်ပင်သာယာ
ငြိမ်းချမ်းစွာဖြင့်
သာယာနေမည်
ဖြစ်ပါသည်၊၊ ၊၊
မောင်ရေချမ်း
Youth magazine,ဒီဇင်ဘာလ ၊ 2010 ခုနစ်
တစ်ဦးမှာဖြင့်
မေတ္တာရနံ့
ထုံမွှေးပျံ့လျက်
မြေနှံ့ဝေဆာ
ဖြစ်တည်ပါသော်
ကမ္ဘာမြေပြင်
လူ့ရပ်ခွင်သည်
စည်ပင်သာယာ
ငြိမ်းချမ်းစွာဖြင့်
သာယာနေမည်
ဖြစ်ပါသည်၊၊ ၊၊
မောင်ရေချမ်း
Youth magazine,ဒီဇင်ဘာလ ၊ 2010 ခုနစ်
သားကောင်
သူ့လက်ထဲမှာ …အဆိပ်လူးမြား
ကိုင်စွဲထား..မှန်းသိရက်နဲ့ကို
ပိုက်ကွန်ထဲ …ရဲရဲဝင်တိုးခဲ့တာပါ…။
အောင်နိုင်သူတစ်ယောက်ရဲ့မထီပြုံး
ငါ့အရှုံးကို ..ငါလက်ခံတယ်
မုဆိုးက …လှတော့
ငါကိုယ်တိုင်က သားကောင်ဖြစ်ချင်ခဲ့မိတာပါ….။
မောင်ရေချမ်း
သရပါ မဂ္ဂဇင်း ဒီဇင်ဘာလ ။ ၂၀၁၁

Subscribe to:
Posts (Atom)