ကိုရီးယားမင်းသားရိန်းက ချစ်ရေးလိုက်ဆိုသည်။ ကျွန်မခြေလေးဆောင့်ပြီး စိတ်ဆိုးဟန်ပြုကာ သူ့ရှေ့မှ ထွက်လာခဲ့သည်.။သူက အူးလျားဖားလျားပြေးလိုက်လာပြီး ကျွန်မရှေ့ရောက်တော့ ဒူးလေးထောက်ချပြီး
ချစ်စကားကို ခခယယပြောပြန်သည်.။ကျွန်မလည်း ခပ်မြူးမြူးလေးပြုံးပြီး အဖြေပြန်ပေးလိုက်သည်။သူလည်း
စားချင်သောမုန့်ကိုရသွားသည့်ကလေးလေးတစ်ယောက်၏အပျော်မျိုးဖြင့် ပျော်သွားသည်.။ပြီးနောက်
ကျွန်မတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲပြီး လျှောက်လည်ကြသည်..။ဇိမ်ခံသဘောင်္ကြီးများ ၊အဆင့်မြင့်ဟိုတယ်ကြီးများပေါ်မှာ ပျော်ချင်တိုင်းပျော်ကြသည်.။စတိုးဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ သူက ကျွန်မကို“ဘာလိုချင်သလဲ”ဟုမေးသည်.။ကျွန်မကအသည်းပုံလေးတွေပါသည့်ခရမ်းရောင်ထီးလှလှလေး တစ်လက်ကိုလက်ညှိုးထိုးပြမိသည်။သူဝယ်ပေးတော့ ကျွန်မအလွန်အမင်းပျော်သွားသည်......။
@ @ @ @ @ @ @ @ @
“ သမီး...၊ထတော့ ...ထတော့ ၊၊ လေးနာရီတောင် ထိုးနေပြီ၊၊သုံးနာရီခွဲလောက်ထပါဆိုတာကို..၊
အမြဲတမ်း နှိုး နှိုးနေရတယ်နော်..။ဟင်း..၊အိပ်နေလိုက်တာများ ...။ငါ့မှာတော့မိုးတွေရွာတာနဲ့
တစ်ညလုံး မအိပ်ရသေးဘူး ၊၊ဟိုနား မိုးယိုတာကိုခံလိုက် ၊ ဒီနား ယိုတာကိုခံလိုက်နဲ့ ၊၊ တစ်ည
လုံးမအိပ်ရသေးဘူး ညည်းမှာတော့ ဇိမ်နဲ့ကို အိပ်နေလိုက်တာနော်..။ ဟဲ့...ထတော့ဆို...။ ”
Tuesday, September 20, 2011
ငြိမ်းချမ်းရေး
တစ်ဦးမေတ္တာ
တစ်ဦးမှာဖြင့်
မေတ္တာရနံ့
ထုံမွှေးပျံ့လျက်
မြေနှံ့ဝေဆာ
ဖြစ်တည်ပါသော်
ကမ္ဘာမြေပြင်
လူ့ရပ်ခွင်သည်
စည်ပင်သာယာ
ငြိမ်းချမ်းစွာဖြင့်
သာယာနေမည်
ဖြစ်ပါသည်၊၊ ၊၊
မောင်ရေချမ်း
Youth magazine,ဒီဇင်ဘာလ ၊ 2010 ခုနစ်
တစ်ဦးမှာဖြင့်
မေတ္တာရနံ့
ထုံမွှေးပျံ့လျက်
မြေနှံ့ဝေဆာ
ဖြစ်တည်ပါသော်
ကမ္ဘာမြေပြင်
လူ့ရပ်ခွင်သည်
စည်ပင်သာယာ
ငြိမ်းချမ်းစွာဖြင့်
သာယာနေမည်
ဖြစ်ပါသည်၊၊ ၊၊
မောင်ရေချမ်း
Youth magazine,ဒီဇင်ဘာလ ၊ 2010 ခုနစ်
သားကောင်
သူ့လက်ထဲမှာ …အဆိပ်လူးမြား
ကိုင်စွဲထား..မှန်းသိရက်နဲ့ကို
ပိုက်ကွန်ထဲ …ရဲရဲဝင်တိုးခဲ့တာပါ…။
အောင်နိုင်သူတစ်ယောက်ရဲ့မထီပြုံး
ငါ့အရှုံးကို ..ငါလက်ခံတယ်
မုဆိုးက …လှတော့
ငါကိုယ်တိုင်က သားကောင်ဖြစ်ချင်ခဲ့မိတာပါ….။
မောင်ရေချမ်း
သရပါ မဂ္ဂဇင်း ဒီဇင်ဘာလ ။ ၂၀၁၁
ကိုင်စွဲထား..မှန်းသိရက်နဲ့ကို
ပိုက်ကွန်ထဲ …ရဲရဲဝင်တိုးခဲ့တာပါ…။
အောင်နိုင်သူတစ်ယောက်ရဲ့မထီပြုံး
ငါ့အရှုံးကို ..ငါလက်ခံတယ်
မုဆိုးက …လှတော့
ငါကိုယ်တိုင်က သားကောင်ဖြစ်ချင်ခဲ့မိတာပါ….။
မောင်ရေချမ်း
သရပါ မဂ္ဂဇင်း ဒီဇင်ဘာလ ။ ၂၀၁၁
ဂန္တ၀င်ပြဿနာ
တိမ်တစ်အုပ်ကို ..ထမင်းတစ်ဆုပ်အဖြစ်
စိတ်ကူးထဲမှာ လုပ်ကြည့်တယ်..
မျှော်လင့်ချက်က .၀ိုးတ၀ါး ..
တိမ်ဖြူတွေလို ပြယ်လွင့်သွားတယ်….။
ကိုယ့်ဝမ်းဆာနေတာ…ကိုယ်သာသိတော့
အစာအိမ်ကို ကျဉ်းပစ်ချင်မိရဲ့…။
မောင်ရေချမ်း
စိတ်ကူးထဲမှာ လုပ်ကြည့်တယ်..
မျှော်လင့်ချက်က .၀ိုးတ၀ါး ..
တိမ်ဖြူတွေလို ပြယ်လွင့်သွားတယ်….။
ကိုယ့်ဝမ်းဆာနေတာ…ကိုယ်သာသိတော့
အစာအိမ်ကို ကျဉ်းပစ်ချင်မိရဲ့…။
မောင်ရေချမ်း
လောကဖဲဝိုင်း
---လောကဓံဒိုင်ကို ဘယ်လိုများနိုင် နိုင်မလဲ..
အပုံကြီးနိုင်လိုက် ..
ပြီးတော့ ထိုးကျွေးလိုက်
အစားခံရလိုက်နဲ့ပဲ
မုန့်လုံးကို စက္ကူကပ်
ချာလပတ်ရမ်း
တကယ်တမ်း ...စဉ်းစားကြည့်တော့
ရယ်စရာတော့ အကောင်းသား...
နောက်ဆုံးတော့လည်း...
ဗလာနဲ့ပဲ အိမ်ပြန်ရမှာ မဟုတ်ပါလား...။
မောင်ရေချမ်း
Youth magazine/March/2012
အပုံကြီးနိုင်လိုက် ..
ပြီးတော့ ထိုးကျွေးလိုက်
အစားခံရလိုက်နဲ့ပဲ
မုန့်လုံးကို စက္ကူကပ်
ချာလပတ်ရမ်း
တကယ်တမ်း ...စဉ်းစားကြည့်တော့
ရယ်စရာတော့ အကောင်းသား...
နောက်ဆုံးတော့လည်း...
ဗလာနဲ့ပဲ အိမ်ပြန်ရမှာ မဟုတ်ပါလား...။
မောင်ရေချမ်း
Youth magazine/March/2012
Subscribe to:
Posts (Atom)