လူတစ်ယောက် တကယ် မရှိတော့တဲ့အခါ
မှတ်ဥာဏ်တွေထဲမှာ ...
သူ့အတွက် သီးသန့်ထားထားသလို နေရာလေးတစ်ခု
ကိုယ် မဖန်တီးဘဲ သူ့ဘာသာ ပေါ်လာလိမ့်မယ်။
မျက်ရည်အကြောင်း ရှည်ရှည်ရေးချင်ပေမယ့်
ဘ၀တိုတိုမှာ လိုင်းက တိုတယ်
ကဗျာကလည်း တိုပါတယ်
ကျနော် သတိရနေတာ မြို့ကြီးပြကြီးတစ်ခုက
"ငါ့ဆေးခန်းထဲမှာ သူ ဆုံးသွားတယ်" ဆိုတဲ့
ဆရာ၀န်တစ်ယောက်စကားနဲ့
သူ သိမ်းထားတဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးတစ်ခုပါပဲ ။ ။
မောင်ရေချမ်း