Saturday, September 8, 2012

အိမ်ပြန်မရောက်သေးတဲ့ ကဗျာဆရာ

ဝှစ်ခနဲ ၊ ၀ှီးခနဲ မြန်ဆန်လာတယ်
မနေ့ကအလုပ်တွေကို ဒီနေ့မှ နှစ်ရက်စာပေါင်းလုပ်နေရရှာတဲ့မြို့
အဲဒီ့မြို့ကြီးကို သူတိတ်တိတ်လေး လွမ်းနေတယ်
မရယ်ကြပါနဲ့ ကျေးဇူးပြုပြီး မရယ်ကြပါနဲ့
ရေကြည်ရာ မြက်နုရာ.........ရေ.........ရေ..........ရေငတ်လာတယ် (သူရေငတ်လာတယ်)
ကဗျာဆရာဟာ သူများနိုင်ငံမှာ ကိုယ့်နိုင်ငံအကြောင်းကဗျာတွေရေးရင်း
မနက်မနက်ဆို ဖိုသီဖက်သီထတယ်/အလုပ် လုပ်တယ်/အွန်လိုင်းတက်တယ်
တစ်နေ့တစ်နေ့ မြန်မာပြည်မြေပုံကို ကြည့်တယ်
မိသားစုတွေ နေကောင်း ကျန်းမာစေကြောင်းဆုတောင်းတယ်
ကပျာကယာဘ၀တွေအကြောင်း သူကဗျာရေးတယ်
သူ့ရင်ဘတ်သူချိုးပြီး သူ့လက်ဖျံရိုးပေါ်မှာ သူပွင့်ခဲ့တယ်
ကွာလာလမ်ပူတဲ့ ၊စင်ကာပူတဲ့ ၊ ဒူဘိုင်းတဲ့