Saturday, October 17, 2015

စက်တင်ဘာကို မမေ့နဲ့


စက်တင်ဘာကို မေ့ပစ်လိုက်ရင်တောင်
စက်တင်ဘာက သမိုင်းမှာ လိုက်ပါလိမ့်မယ်
ဒါကြောင့် စက်တင်ဘာကို မမေ့နဲ့

အမှောင်တိမ်တွေအောက်မှာ
တဝေါဝေါသွန်ချနေတဲ့
မတရားမှုမိုးစက်တွေအောက်မှာ
စက်တင်ဘာဟာ ရွှေဝါရောင်တောက်ခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို ဘယ်တော့မှ မမေ့နဲ့

"ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
  ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"
အဲဒီအသံတွေ
ွသွေးအိုင်ထဲမှာ ပေလူးသွားခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို မမေ့နဲ့