Thursday, August 30, 2012

လမ်းကြုံရင် လမ်းကြုံလိုက်ပါရစေ….ကမ္ဘာသစ်

ချမ်းလို့ တုန်နေတာပဲ
အပူစီးကြောင်းတွေထဲမှာ ချမ်းနေတယ်
ကမ္ဘာကြီး မငြိမ်းချမ်းဘူး
လက်နက်တွေက သကြားလုံးတွေလို ခပ်ပေါပေါဖြစ်လို့
စစ်မြင်းတွေ ပျံနေကြ
အစာရေစာ ပေးပါ ( အစာရေစာပေးပါ………အစာရေစာပေးပါ )
နိုင်ငံတကာသတင်းမှာ သွေးတွေလျှံကျနေတယ်

Wednesday, August 22, 2012

ဆိပ်ကမ်း


သောင်ထွန်းလာတယ်
သောင်တွေသာထွန်းလာခဲ့တယ်
ကျန်တာတွေက ဘာမှမထူးခဲ့ပါဘူး
ဒါနဲ့ပဲ မိုးပြိုမှာကြောက်လို့ ခြေထောက်နဲ့ကန်ထားတယ်
ဘာမှထူးလှတယ်လို့တော့မဟုတ်ပါဘူး (မိုးက ပြိုပြီးသားပဲ )
လွမ်းရင်း လွမ်းရင်း တဖြည်းဖြည်းလေလွင့်လာ

Friday, August 10, 2012

ဆင်ခြေဖုံး


  သူတို့ရဲ့ဖြစ်တည်ခြင်းတွေက မပြင်ရသေးတဲ့လမ်းလေးလို
  ချိုင့်တွေ ၊ခွက်တွေနဲ့ ညှိုးရော်ကြမ်းတမ်းနေတာ
 
  ဒီရပ်ဝန်းမှာပေါ့
  ဆဲသံ၊ဆိုသံတွေနဲ့ စိုပြည်လင်းပွင့်
  တစ်ယောက်ဒုက္ခကိုတစ်ယောက် ငေးရီကြည့်ရင်းအိပ်မက်သေတွေဖွာရှိုက်နေကြ