Sunday, November 24, 2013

အမှားများတဲ့ ကမ္ဘာ


ပျော်သလို နေထိုင်ခဲ့ကြပါတယ်
ငါတို့ဟာ ပေါက်လွှတ်ပဲစား ယုံလွယ်သူဈေးသည်တွေပါ
အချိန်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
အနာဂတ်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
နောက်ဆုံး ကိုယ့်ဘ၀ကိုယ် ဈေးဗန်းထဲထည့်ရောင်းခဲ့ကြပေါ့
အချိန်တွေ သိုးလာတယ်
အနာဂတ်တွေ အက်လာတယ်
ဈေးပေါင်ကျိုးချိန်မှာတော့
တကယ်ကို သေချာခဲ့ပေါ့
ဒီကမ္ဘာမှာ ရင်းသလောက် ပြန်မမြတ်ခဲ့ဘူးဆိုတာ ။ ။

                                          မောင်ရေချမ်း