Friday, September 30, 2016
ဘူဇွာလူတန်းစားကို အီးတုံး​ကျွေးခြင်း
အခုလို စိတ်​ကြည်​လင်​​ပေါ့ပါးတဲ့ အချိန်​ခါသမယမှာ
ငါဟာ ​သောက်​ကျင့်​ယုတ်​တယ်
သောက်​ကျင့်​ယုတ်​တဲ့ ငါဆိုတဲ့ အ​ကောင်​ဟာ
လူတန်းစား​တွေကို ခွဲခြား​နေမိတယ်
လူ့အဆင့်​အတန်းကို ​ရေကြည့်​​တော့ ရယ်​ရတယ်
ရယ်​ရ​တော့ အမြဲလိုလို ဆဲချရတယ်
ငါဟာ ​အောက်​တန်းစား​ပေါ့
အောက်​တန်းစားဖြစ်​ခြင်းမှာ
အ​ကောင်းစားစုတ်​ပြတ်​တဲ့ ဘဝ​တွေကို စာနာလို့
ငါဟာ ​အောက်​တန်းစားကဗျာ​တွေ ​ရေးသားတယ်
ငါ ​ရေးတဲ့ ကဗျာ​တွေဟာ
ဘူဇွာလူတန်းစားကို အီး​တုံး​ကျွေးမှုဖြစ်​တယ်
ငါတို့ရဲ့ ​အောက်​တန်းစားဘဝ​တွေမှာ
တစ်​​နေကုန်​ ဆိုက္ကားနင်းတဲ့ ငါ့​ဘော်​ဒါက
မြန်​မာကျပ်​​ငွေ​လေး​ထောင်​ ရသတဲ့
လူ့ဘဝက ​လေး​ထောင်​တန်​ ဖြစ်​တယ်
ငါတို့ရဲ့ ​အောက်​တန်းစားဘဝ​တွေမှာ
တစ်​ညလုံး ဟိုဟာ လုပ်​ခံရတဲ့ ဟို​ကောင်​မ​လေးက
မြန်​မာကျပ်​​ငွေ​ခြောက်​​ထောင်​တဲ့
သူ့ဟိုဒင်းက ​ခြောက်​​ထောင်​​ပေါ့​လေ
သူ့ညက အ​မှောင်​​ပေါ့​လေ
ဘယ်​​ခေတ်​မှာမဆို ရဲ​တွေဟာ ဖာ​ခေါင်း​တွေနဲ့ အတူတူ ဖြစ်​တယ်
အဲဒါ​တွေကို ဘူဇွာလူတန်းစားက မသိ
မသိတဲ့ ဘူဇွာလူတန်းစား​တွေကို ငါ​ပြောပြတယ်
ပြောပြလို့ မရတဲ့ ဘူဇွာလူတန်းစား​တွေကို​တော့
အဲဒီ​အောက်​တန်းစားအီးတုံး​တွေ ​ကောက်​​ကျွေးတယ်
ငါတို့်ရဲ့ ​အောက်​တန်းစားဘဝ​တွေမှာ
မရှိတာက အီးတုံးဆန်​​သော ချမ်းသာမှုဖြစ်​ပြီး
ဒုက္ခများတာက ဒုက္ခကို ဘယ်​နားသွားထားရမှန်း
မသိခြင်း မသိခြင်း မသိခြင်းပဲ ဖြစ်​တယ်
မရှိလို့ ပညာမသင်​ရတဲ့က​လေး​တွေဟာ မသိကြ
အဲဒီ မသိတဲ့က​လေး​တွေဟာ ​အောက်​တန်းစားအဖြစ်
ဘူဇွာလူတန်းစားရဲ့ ​ကျေးကျွန်​​တွေ အချိန်​တန်​ရင်​ ဖြစ်​ကြတယ်
အဲဒါ​ကြောင့်​ ငါဟာ ​အောက်တန်း​လေး​တွေအတွက်
ကဗျာဆိုတဲ့ဟာကို ​ရေးသားစီရင်​ချင်​လာ​တော့
ကျွန်​လုပ်​အားနဲ့ လည်​ပတ်​​နေတဲ့
သောက်​သုံးမကျတဲ့ ကမ္ဘာကြီးကို ရီး လို့ ဂုဏ်​ပြုတယ်
သောက်​ကိုယ်​ချင်းစာတရားမရှိ ဘူဇွာလူတန်းစား​တွေကို 
အောက်​တန်းစား​တွေရဲ့  အီးတုံး​တွေစားဖို့
ငါ ဟာ တိုက်​တွန်းတယ်
ငါ နှလုံးက ခုန်​​နေတယ်
ပျော်​လွန်းလို့ကွာ ။ ။
                                            1 Oct 2016
တို့ ဘတ်စ်ကား
တို့ဘတ်စ်ကားဟာ ငါ့ဘတ်စ်ကား မဟုတ်ဘူး
တို့ဘတ်စ်ကားဟာ တို့ဘတ်စ်ကားပဲ ဖြစ်တယ်
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးတော့
မှတ်တိုင်တွေ အများကြီး ခရီးရောက်မှာပေါ့
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးတော့
လစ်ရင် လစ်သလို အလစ်သုတ်မယ့်ကောင်တွေ ရှိမှာပေါ့
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးကြီးတော့
သီချင်းသံတွေလည်း ပါတယ်
ပျော်ဖို့ ဟာသလည်း ရတတ်တယ်
လိုက်မလား လိုက်မလား လိုက်ရင် လာ ၂၀၀
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးကြီးတော့
ရီးဖြစ်တဲ့ပိုက်ဆံတွေ အကုန်သက်သာတာပေါ့ကွာ
တို့ဘတ်စ်ကားကြီးပေါ်မှာလေ
အိပ်ငိုက်လို့မရတဲ့ မောင်းသူဟာ တာဝန်ကျေဖို့လိုတယ်
တို့ဘတ်စ်ကားကြီးပေါ်မှာလေ
တက်စီးကြသူတွေဟာ အန္တရာယ်ကင်းဖို့လိုတယ်
ခရီးသည် အချင်းချင်း ကိုယ်ချင်းစာတဲ့အခါ
တို့ဘတ်စ်ကားကြီး စီးရတာ ပျော်စရာပေါ့
လမ်းပိတ်နေလည်း တို့ ဘတ်စ်ကားကြီးဟာ လမ်းပေါ်မှာဖြစ်တယ်
အေးဆေးစီး ၂၀၀
သွားချင်တဲ့မှတ်တိုင်အထိ ၂၀၀
သာသာယာယာပဲ ဟော ...အခုကို ရောက်လာပါပြီ
တို့ ဘတ်စ်ကားကြီး။ ။
                             မောင်ရေချမ်း 
                           1 Oct 2016
ဆွဲနုတ်လိုက်တဲ့ ရင်ဘတ်အလံ
ပြန်လာခဲ့ပါ
ပြန်လာခဲ့ပါ
ပြန်လာခဲ့ပေးပါ လို့ အော်ဟစ်ရင်းပဲ ဝေးကွာခဲ့ကြ
ျစ်ခင်မြတ်နိုးသူတွေကို ခွဲခွာစေတဲ့နေရာဖြစ်လို့
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို
လူမဆန်လေဆိပ် လို့ အမည်ပေးဂုဏ်ပြုလိုက်မှ
လေယာဉ်တွေမှာ ခံစားမှုကင်းမဲ့နေ
ခံစားမှုကင်းမဲ့တဲ့လေယာဉ်ပေါ် လူတွေပါသွားကြတဲ့အခါ
ရင်ဘတ်တံဆိပ်ထဲမှာတော့
လေယာဉ်တွေ တစ်စီးပြီးတစ်စီး မီးလောင်လို့ ။
                                 မောင်ရေချမ်း
                                  1 Oct 2016
Thursday, September 29, 2016
မြန်မာ့သတင်းစာ
ရုပ်​ပုံတစ်​ပုံက
စာလုံးတစ်​​ထောင်​ထက်
ပို ခရီး​ရောက်​တယ်​ဆိုတာ
ရှင်​တို့ သိပြီ မဟုတ်​လား
ကျွန်​မတို့ဆီမှာ
ဓာတ်​ပုံ​တွေ ​သွေးစက်​​တွေနဲ့ ချီပြီး ရှိ​နေတယ်
ကမ္ဘာကို မျက်​ဝါးထင်​ထင်​ မြင်​ရ​အောင်
ခေတ်​ကိုပါ တစ်​ပါတည်း ​ခေါ်သွားတယ်​ ရှင့်
သမိုင်းမှာ ဘယ်​သတင်းစာမှ
အဲဒါမျိုး မလုပ်​နိုင်​​သေးဘူး သိလား ။ ။
မောင်​​ရေချမ်း
29 September 2016
မိုင်တိုင်များတွင် မီးလောင်ခြင်း
ဒီ​နေ့ မနက်​ ၉ : ၅၅ မိနစ်​မှာ
လေယာဉ်​ပျံတစ်​စီး ပျက်​ကျသွားတယ်
ငါ့ ရင်​ထဲ 
နေ့လည်​ ၁၂ နာရီ တိတိမှာ
နောက်​ထပ်​ ​လေယာဉ်​တစ်​စီး ထပ်​ပျက်​ကျတယ်
ငါ့ ချက်​​ဘောက်​ထဲ
ညနေအထိ
လေယာဉ်တွေ တစ်စီးပြီးတစ်စီး ပျက်ကျတယ်
နာရီအကုန်ပဲ ။ ။
မောင်ရေချမ်း
29 September 2016
CCTV အောက်မှာ
ကိုယ်ပိုင်ကားနှစ်စီး ရပ်ထားတာ တွေ့လို့
ကိုယ်ပိုင်စက်ဘီးသုံးစီးကို ဒေါက်ထောက်ရပ်လိုက်တယ်
လူမရှိတဲ့ အဖြစ်အပျက်တွေထဲ
ကန်ဇွန်းရွက်ကြော်မှာ ကြက်သွန်ဖြူပါဝင်လို့ ။ ။
                                          မောင်ရေချမ်း 
                                 29 September 2016
မိုးနှင်းမျဉ်းကွေး
လည်ပင်းကနေ
သွေးတွေ တတောက်တောက်ကျ
တဒီးဒီး မြည်နေတဲ့ စက်ထဲက
ဓားမှာ နာဇီတံဆိပ်နဲ့ သေရမယ်
ဆိုဗီယက်တပ်နီက ကိုကာကိုလာ ပုလင်းကို
ကံစမ်းမဲပါမယ် ထင်လို့ ဖွင့်လိုက်တဲ့အခါ
ဂျနီဖာလော့ရန့် ဟာ ထ ကတယ်
လူယုတ်မာတွေ သေကြ အဲဒါ ဂီတ ။ ။
မောင်ရေချမ်း
29 September 2016
လူနာတင်​ကား
လေတဟူးဟူးထဲ
တ​ဝေါ​ဝေါ မီး​တောက်​များ
အသက်​ငင်​​နေတဲ့ ​မော်​​တော်​ကား​တွေ
ခြေပြတ်​လက်​ပြတ်​ လူ​တွေ
ကြမ်းပြင်​​တွေဟာ အ​ပေါက်​ကြီးဖြစ်​သွားတယ်
တစ်​ချက်​ တစ်​ချက်​ အားခနဲ အားခနဲအသံများ
သွေးများ ​သွေး​တွေ ​သွေး​တွေချည်းပဲ
ကယ်​ကြပါ ကယ်​ကြပါ ကျွန်​...မ....ဒီ....မှာာ..
သယ်​ထုတ်​သွားတဲ့ အ​လောင်း​တွေ
သယ်​ထုတ်​သွားတဲ့ အ​လောင်း​တွေ
အ​လောင်း​တွေ အ​လောင်း​တွေ ။ ။ 
မောင်​​ရေချမ်း 
29 September 2016
Wednesday, September 28, 2016
စက်တင်ဘာလ၏ တစ်ခုသောဗုဒ္ဓဟူးနေ့
သတ်မှတ်ထားသော အချိန်ကာလတို့ကြောင့်
ရုပ်ပုံများ ရ မရ ၊ သတင်း ထပ်ရ မရ
အရွှေ့အပြောင်းများ လုပ်နေချိန်များတွင်
မူလပထမ အစီအစဉ်ဇယားကို ကြည့်ရင်း
အဂတိလိုက်စားခြင်းသည် ထူးဆန်းသောမက
အသံများနှင့်လှုပ်ရှားမှုများကို ဥပေက္ခာပြုကာ
တင်ပြလိုသော်လည်း တစ်နေ့တာရရှိသမျှ
ပိုမို၍ခြားနား ကွဲပြားသည်ထက် ကွဲပြားလာရာ
အံဘနန်း ရှုစားရဖို့ အနီးဆုံးတို့ ဝေးကွာ
သို့သော် အရာရာတို့သည် သို့သော်
မည်သည့် နာမည်ပင်ခေါ်ခေါ် အဓိပ္ပာယ်တူညီစွာ။ ။
မောင်ရေချမ်း
28 September 2016
ကခုန်နေတဲ့ ကျောင်းဆရာ
ပုလင်းထဲဝင်သွားတဲ့ စက်ပစ္စည်းတွေအတိုင်းလာ
လမ်းပေါ်က မြက်ပင်မှာ ဟိုတုန်းခရီးဆောင်အိတ်
အားပါးပါး လို့ အားပါးပါးလေးတွေနဲ့ ကန်ကျောက်
ဗိုလ်ချုပ် ဗိုလ်ချုပ် ဗိုလ်ချုပ် ဗိုလ်ချုပ် ကနေပြီ
ပျော်ပြီဆိုရင် ဘာသီချင်းကြားကြား ရွှင်မြူး
ပန်းနဲ့ပေါက်တယ် သတင်းစာ ငေါက်ခနဲထ
ဓားတွေ ကွေးသွားပုံများ တရားနာပြီး မျောက်
ခေါင်းထဲ ဂေါ်ဇီလာကို ကဗျာနဲ့ သတ်လိုက်ပြီ
မသေမချင်းရတယ် ညအထိ နေရောင်ရှိတယ်
သားတို့ ကိတ်မုန့် လှီးရတော့မှာပါကွာ။ ။
မောင်ရေချမ်း
31March 2016
Tuesday, September 27, 2016
ဇာတ်လမ်းတစ်ပုဒ်အား နိဂုံးချုပ်ခြင်း
ကျနော့် အိပ်မက်တွေ လှပစွာ ခေါက်သိမ်းခဲ့တာ ကြာခဲ့ပြီ
ကျနော့် အိပ်မက်တွေ လှပစွာ ခေါက်သိမ်းခဲ့တာ ကြာခဲ့ပြီ
ကျနော့် အိပ်မက်တွေ လှပစွာ ခေါက်သိမ်းခဲ့တာ ကြာခဲ့ပြီ။ ။
                                               28 September 2012
တံခါးပေါက်အမှားများကို ဖွင့်မိခြင်း
ကလေးငယ်ဟာ လျှပ်စစ်မီးဖိုခလုတ်ကို ဖွင့်မိနေ
သူ့အနီးမှာ သူ့မိဘတွေ တစ်ယောက်မှ မရှိကြ
ကလေးငယ်ဟာ တ၀ှီးဝှီး ပန်ကာထဲ လက်ကိုထည့်နေ
သူ့အနီးမှာ သူ့မိဘတွေ တစ်ယောက်မှ မရှိကြ
ကလေးငယ်ဟာ တဝေါဝေါပြေးလာတဲ့ ကားအောက်သို့
သူ့အနီးမှာ သူ့မိဘတွေ တစ်ယောက်မှ မရှိကြ ။ ။
မောင်ရေချမ်း
28 September 2016
တစ်ခြားသောဘက်များ
သေနေတဲ့ ငှက်တွေရဲ့အတောင်နဲ့
နှစ်ကိုယ်တူ တဲအိုလေးထဲမှာ
ရေကြီးတယ် မီးလောင်တယ်
ဦးရာလူ ရှင်သန်ရမယ်ဆိုလို့
စာရင်းကိုင်တစ်ယောက်ဆီက
ခုန်ထွက်သွားတဲ့ သင်္ချာမှာ
ခေါ်သံများလား နိုး မကြားဘူး
အိုင်းစတိုင်းရိုစင်တံတားကို ဖြတ်ကျော်ကာ ။
မောင်ရေချမ်း
27 September 2016
Sunday, September 25, 2016
လေ၏ စိုထိုင်းခြင်း
လေထုတွင်​ ပြည့်​ဝ​သော
ရေ​ငွေ့များ ရှိ​နေ​သောအခါ
ထို​လေသည်​ ​ရေ​ငွေ့များကို
ထပ်​တိုး၍ စုပ်​ယူခြင်းမရှိ
ရေ​ငွေ့များ ထပ်​ဆင့်​​ပေးလျှင်
၎င်း​ရေ​ငွေ့များကို မထိန်းသိမ်းခြင်းပင်
ထပ်​​ပြောရရင်​ ထပ်​​ပြောရ​သေးရင်
ပြည့်​ဝ​သော ​ရေ​ငွေ့ရှိတဲ့ ​လေထဲတွင်
အေး​သော အရာများ ယူ​ဆောင်​တဲ့အခါ
၎င်းတို့အ​ပေါ်တွင်​ ​ရေ​ငွေ့အချို့ ဖွဲ့၍
အဲ​ဒီ​လေမှာ စိုထိုင်း​သော ခံစားမှု ရပြီ။ ။
မောင်​​ရေချမ်း
26 September 2016
စက္ကူ ပထ၀ီ
တောင်​တန်းဟာ ​မြေခဲကို ပစ်​ကြဲ
မြေတစ်​ခဲဟာ ​တောင်​တန်းတစ်​ခုအဖြစ်
ပင်​လယ်​ဟာ ​ရေပွင့်​လွှာတစ်​ခုကို ပစ်​ကြဲ
ရေတစ်​လွှာဟာ ပင်​လယ်​ပြာတစ်​စင်းအဖြစ်
လူ့ဘဝကို ရရှိခဲ့ပြီး​နောက်​ စက္ကူ ​ပေါ်
စကားတခုကို လူ့ဘဝများစွာအဖြစ်​ ပစ်​ကြဲ
အချစ်​များစွာကို ကိုယ်​စားပြုတဲ့ အချစ်​တစ်​ခုနဲ့
မိုးရွာပြီး​နောက်​ ​နေ​ရောင်​လာတာ
အိုး...​ သိပ်​လှ​တာပဲ ။ ။
မောင်​​ရေချမ်း
26 Septmeber 2016
ငါတို့ အတူတူ ရှိခဲ့စဉ်​က
ငါတို့ အတူတူ ရှိခဲ့စဉ်​က
မင်း ဆံနွယ်​နက်​မှုန်​ထဲ
ငါ့ အချစ်​နဲ့ ​လေ​ပျို ဖြူ ​တွေ မှုတ်​သွင်းခဲ့
ငါတို့ အတူတူ ရှိခဲ့စဉ်​က
မုန်းတယ်​ ​ပြောပြီး မင်းကို စတဲ့အခါ
မင်း စိတ်​​ကောက်​တိုင်း ပိုချစ်​ရတယ်
ငါတို့ အတူတူ ရှိခဲ့စဉ်​က
စက်​ဘီးတစ်​စီး ရှိရင်​ လူရာဝင်​လို့
ကောင်းကင်​ဟာလည်း
ငါတို့အနမ်းကို ငုံ့ကြည့်​ရှက်​တန့်​ ပြာလွင်​လို့
ငါတို့ အတူတူ ရှိခဲ့စဉ်​က
ငွေအ​ကြောင်း မ​ပြောဖြစ်​ခဲ့တာ
အခု လွမ်းဖို့ ဖြစ်​လာတယ်
ပင်​လယ်​ကို မုန်းတယ်​ ။ ။
မောင်​​ရေချမ်း
26 September 2016
တို့အလံရဲ့တံဆိပ်
သံဆူးကြိုး​တွေက လှလှပပ ရယ်​ပြပုံက
နေ​ရောင်​ခြည်​ကို ​ပွေ့ဖက်​ထားတဲ့ ဒဏ်​ရာ
နာရီတစ်​လုံးမှာ မင်းအကြောင်း​တွေ ပါတယ်
မယုံ​ရင်​ ကိုယ့်​နာမည်​ကိုယ်​ မီးရှို့ 
အမှား​တွေ အား​ကောင်းစွာ ​လောင်​ကျွမ်းမယ်
အပြာနု​ရောင်​မီး​တောက်​နဲ့ ။ ။
မောင်​​ရေချမ်း
26 September 2016
ဝူခုံးစိုက်တဲ့ ကမ္ဘာ့ပန်း
ဗုဒ္ဓလက်ဖ၀ါးပေါ်မှာ သေးပန်းသွားပြီးနောက်
ကျောက်ဆောင်တွေပေါ် ထပ်ဖြတ်လျှောက်
နတ်ပြည်က သစ်သီးတွေဟာ သိပ်ချိုလို့
မြင်းတွေ အကုန်ထွက်ပြေးကြတဲ့အခါ
စောင်းတီးနေတဲ့ သောက်ကောင်မတွေ ကြောက်လန့်ဖို့
အမြှီးကို လှုပ်ပြီး မိုးကို ဖြိုဖို့ လာတယ်လေ
သမုဒ္ဒရာထဲက ဆွဲနုတ်ခဲ့သော တောင်ဝှေးနဲ့ ။ ။
                                          မောင်ရေချမ်း
                                    26 September 2016
ငါတို့ ရှေ့က လများ
ည ဆယ့်နှစ်နာရီထိုးတဲ့အခါ
ထူးအိမ်သင်ကို ဦးချကြ
ဒီကောင်တွေ မသိတော့ပါ
ခင်မောင်တိုးမပါဘဲ မိုးမလင်းတဲ့ညတွေ
လမ်းဘေးအုတ်ခုံလေးနေရာမှာ
ကလပ် တက်ခုန်နေတဲ့ ပျော်ရွှင်မှု
ဂီတာသံနေရာမှာ
တဒီးဒီးခြစ်နေတဲ့ ဒီဂျေ
ခင်ဝမ်းကို မလှောင်နဲ့
အမှောင်ထဲမှာ မနေချင်တဲ့အခါ အိမ်အပြင်သို့
အခုမျိုးဆက်ရဲ့လူငယ်တစ်ယောက်အဖြစ်ငါ
ဟိုး တုန်းကတွေကို မဆီမဆိုင်ပြန်လွမ်းမိခြင်း
ရီးပဲလို့ဆဲတာမှ အနုပညာထင်တဲ့ကောင်တွေ
အားလုံးရယ်ကြစမ်းပါ
မသာခဲ့ရင် လှမှာ မဟုတ်တဲ့ ညတွေ ။ ။
                                မောင်ရေချမ်း
                           25 September 2015
မောင်​​ရေချမ်း​လေး
ဟယ်​လို
သူများ​ပြောပြီးသား စကား​တွေ
အခုထိ ​ပြော​နေရတာ မ​မော​သေးဘူးလား
စကား​တွေ မများနဲ့ ...သတိထား
ဖ​နောင့်​နဲ့ ​ပေါက်​လိုက်​လို့
လျှာကျွတ်​ထွက်​သွားမယ်​ ။ ။
စိုးစိုး(အင်္ဂပူ)
အရိပ်​မှုန်
၎င်းအဖြစ်​အပျက်​များသည်
ဆက်​လက်​၍ ထို့်​နောက်​ ပါသည်
သော သည့်​ မည်​ ပမာ တို့ ​တွေ မှာ
စွာ နှယ်​ အတိုင်း သူတို့ ။ 
မောင်​​ရေချမ်း
25 Sep 2016
Living on the gospel
On the dropping ice,
Is there no white or black ?
The expanding voices comes
from saying heart
The map of no creator starts with
birth , born , blood
Living flowers can flight the light of
earth , map , mind flash of sex
The garden will see the sea of
deep dark, love , what the fuck
Tearing with smiled wings
Painful sky is colourful jokes
Flying with blinded dreams
Clouds can be seen from
moving hearts to running road
Bay God bit !
When one knows to need the pure
blood, he can find the nautural art
Yeah, love is the blood of universe
And also, the universe is the map
of diverse just diverse.
                          Mg Yay Chan
Saturday, September 24, 2016
မစိတ်ပုပ် (၁၅ )
ဘယ်ဖုန်းကို ခေါ်ရမှာလဲ
အချစ်အကြောင်း မပါစေနဲ့
နာရီဝက်ထဲ
အင်းပါ အရာရာပျော်ရွှင်ပါတယ်
မုန့်ဟင်းခါး စားချင်လို့
ဗိုက်ပူလာပြီ
သံယောဇဉ်နဲ့ နှိပ်ပါ
သံယောဇဉ်နဲ့နှိပ်ပါ
သံယောဇဉ်နဲ့နှိပ်ပါ
လှိုဏ်ဂူထဲမှာ ရှိတယ်
မြေအောက်ခန်းထဲမှာ ရှိတယ်
ဘုရားစာလို ရွတ်မိ
အလွတ်ရတဲ့ ဘုရားစာလို
နာမည်တစ်ခုကို နာမည်ကို။ ။
                                မောင်ရေချမ်း
                          3 March 2016
မစိတ်ပုပ် ( ၁၂ )
စာရင်းကိုင်တစ်ယောက်ရဲ့ အိပ်မက်ထဲက
ကျွန်တော်ဟာ မီးခံသေတ္တာ ဖြစ်ပါသည်
စုဆောင်းငွေများစွာ မရှိခဲ့ပါ
အတိအကျပြောရရင် လုံးဝမရှိ
မီးခံသေတ္တာထဲက ၀ါကျများ ဆွဲဆုတ်ခံလိုက်သည်
စကားလုံးများအားလုံး သင်္ချာကိန်းဂဏန်းဆီသို့ ။ ။
                                                 မောင်ရေချမ်း
                                         30 March 2016
သေနတ်သမား
သူ့ကိုယ်သူ ပြန်ပစ်ဖို့တောင်
ကျည်ဆံတွေ စုနေတဲ့အချိန်
သူများအတွက် ကျည်မဖြုန်း
ရသမျှကျည်နဲ့ ပွင့်သမျှပန်းနဲ့ ။ ။
မောင်ရေချမ်း
24 September 2016
ဟင်းသီးဟင်းရွက် သစ္စာ
ကျဆုံးခဲ့သမျှ
ခပ်ပြုံးပြုံးပဲ ရင်ဆိုင်ခဲ့ရတယ်
ယုန်ကလေးအတွက်
ပိုက်ကွန်ထဲ ၀င်တာ
ဖြူစင်မှု ဖြစ်ခဲ့ပါတယ် ။ ။
                            မောင်ရေချမ်း
                       5 April 2016
ယုန်ကလေးရဲ့ဖုန်းသုံးစွဲမှုမှတ်တမ်း
ကျောက်ခဲတွေ သဲတွေ ကွန်ပျူတာထဲ ထည့်လို့
ရွှေတွေ ပုလဲတွေ ဂြိုဟ်တုပေါ်မှာ ပုန်းလျှိုးကွယ်။
ပတ္တလားတီးသံက
မျက်လုံးမမှိတ်ခင်
တစ်ယောက်ယောက်ဆီ ဖုန်းခေါ်ရင်း
နာကျင်မှုစီးကရက်ကို တစ်တိုင်လုံးဖွာနေပေမယ့်
ကြည်နူးတဲ့မီးပန်းသာ ရဲရဲနီနေတဲ့အခါ
ပျော်စရာတွေ ရွေးရွေးလွမ်းတတ်တာ ပညာရပ်ပါပဲ။
                                               မောင်ရေချမ်း
                                   24 September 2016
ကျကွဲသံ
တိုးတိုးလေးပဲ မိုးတွေ ရွာသွားတယ်
ရေအိုင်ငယ်လေးထဲမှာ ကမ္ဘာပျက်ဖို့ ။ ။
မောင်ရေချမ်း
8 September 2016
သေဆုံးသူ၏ ဦးခေါင်းအတွင်းပိုင်း
ဒုတိယဘုရားသခင်ဟာ
ငါ့ခေါင်းကိုဖြတ်တယ်
သူများတွေကို အာဏာသိမ်းတယ်
`လူ့ဘဝဆိုတာ တိုတိုလေးပါကွာ´ဆိုတော့
မျက်ရည်တွေက အရှည်ကြီးရယ်ချတယ်
`ဘယ်လောက်နာကျင်နေသလဲ´မေးခွန်းမှာ
ပြုံးပြရတာပါပဲ
အလှဆုံးဒဏ်ရာဟာ အကောင်းစားအပြုံးဖြစ်တယ်
ရွှေပုလ္လင်​ပေါ်ကကောင်ကိုဗောဓိပင်ကဆဲဆိုတယ်
ဘုရားမပွင့်တဲ့အချိန်မှာ မာရ်နတ်တွေပွင့်တယ်
တရားဟာတကယ့်ကိုပဲ တရားလွန်းတယ်
ဘုရားအစစ်တွေပါ သတ်သွားတယ်
မာရ်နတ်ဟာညောင်ရွက်တွေကိုကြင်နာသလိုပွတ်သပ်ရင်း
ဗောဓိပင်ခြေရင်းမှာ သေးပန်းခြင်းကိုပြုလုပ်တယ်
မသိခင်တုံးက
မသိသလိုပါပဲ
မမ...မသိခင်ကို ချစ်ခဲ့မိတယ်
မသိခင်တုန်းက
သိချင်ယောင်ဆောင်မိသလိုပဲ
မသိခင်ကို ချစ်တဲ့ကောင်လေးအဖြစ်ရှိခဲ့တယ်
ဒါအမှားလို့ မပြောဘဲ
ဒါတွေက အမှန်လမ်းကိုပြဖို့
ဘုရားတွေက ပွင့်ခဲ့ရှာတယ်
တကယ့်ကို မျက်ရည်နဲ့မျက်ခွက်ရယ်စရာပဲ
ဘုရားစကားနားထောင်တဲ့ကောင်မှန်သမျှ
အသည်းကွဲရတယ်
ကျကွဲသွားတဲ့ဖုန်းတိုင်းဟာ
အစင်းရာတွေကိုပျော်ရွှင်ဖို့အတွက်သုံးစွဲရတယ်
လူ့ဘဝမှန်သားပြင်ပေါ်မှာ...။
ဘဏ်တိုက်တွေထဲ...
ပိုက်​ဆံစုဖို့ မေ့ခဲ့တယ်
အိပ်မက်တွေထဲ
အိမ်လေးတစ်လုံး သတိတရဆောက်ခဲ့တယ်
ငါဟာ
ပိုက်ဆံပေါ်မှာတံဆိပ်ဖြစ်သွားတဲ့အိပ်မက်လေးပါ
ငါဟာ
ဘဏ်တိုက်ထဲဝင်သွားတဲ့အိမ်လေးတစ်လုံးပေါ့။
ရယ်ရတယ်
ဒါပေမယ့်...ငိုချပစ်ချင်တယ်
အရမ်းရယ်ရတယ်
ဒါပေမယ့်.. .တအားငိုချပစ်လိုက်တယ်။
                                  မောင်ရေချမ်း
                            26 August 2016
ကမ္ဘာကြီးအတွက် ဒိန်ချဉ်တစ်ခွက်
၁။ နွားနို့ ၁ ပိဿာကို ဆူအောင်ကျိုပါ
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့
ကြာကြာလေး ကျိုပါ
တအားလည်း မပျစ်ပါစေနဲ့
၂။ပြီးရင် မီးဖိုပေါ်ကချပါ
အအေးခံပါ
လုံးဝတော့ မအေးပါစေနဲ့နော်
(နွေးနေတဲ့အချိန်မှာ အလျဉ်ထည့်ရမှာပါ)
လက်ညိုးလေးကို ထည့်ကြည့်လို့
အပူခံနိုင်တယ် ဆိုရုံလေးနွေးပါစေ
၃။အလျဉ်(ဟင်းခတ်ဇွန်း၁ဇွန်းစာ)
ပြီးရင် မွှေပေးပါ
၎။အဲဒီနောက် အုပ်ဆောင်းနဲ့ အုပ်ပြီး
မရွေ့လျားစေဘဲ ၂၄ နာရီထားပါ
အခန်းအပူချိန်မှာပဲ ထားတဲ့အခါ
၂၄နာရီ ပြည့်ရင် ဒိန်ချဉ်ရပါပြီ
သတိပြုရမှာကတော့
လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ။
                    မောင်ရေချမ်း
              22 September 2016
ဘတ်စ်ကား ခြောက်မှတ်တိုင်
မချစ်ဘူးကွာ
ဆံနွယ်စတွေ ခါယမ်းလိုက်တဲ့အခါ
သံတိုင်အစုတ်အပဲ့ပေါ် ၀ဲလွင့်သွား
မချစ်ဘူးကွာ
ကမ္ဘာအေးဂမုန်းပွင့်မှာ ဆင်းသွားတဲ့အခါ
နေရာလွတ်တစ်နေရာ ကျန်ရစ်ခဲ့
ခွဲာခွာခြင်းကို တရားမှတ်နေမိ
မင်းမျက်နှာကို မမြင်ရလို့ လှတယ်
မချစ်ဘူးကွာ
လက်မောင်းပေါ်မှာ မှဲ့နက်လေး
သွေးကြောစမ်းချောင်းများနဲ့ လက်ခုံနုဝါ
မချစ်ဘူးကွာ
လက်သည်းခွံပန်းနုက ပင်လယ်ပြင် ရန်စလို့
ကားဟာ အချိန်ကို ဖြတ်ကျော်တာ မြန်ဆန်လွန်းစွာ။ ။
မောင်ရေချမ်း
24 Sep 2016
စကားမပြောတဲ့ စကားပြောသေတ္တာလေး
စနေနေ့တိုင်း သင်္ဘောသီးထောင်းနဲ့
ရခိုင်မုန့်တီဟာ အခုငါ
တစ်ယောက်တည်းတော့ တစ်ပွဲ
ဂြိုဟ်တုပေါ်က အော်ခေါ်နေရတဲ့အခါ
ပြုတ်မကျလာတော့မှန်းသိနေပြီးမှ
ဝေးကွာတယ်ဆိုတာ ချစ်စရာပါပဲ
ချစ်စရာမှန်သမျှလည်း ဝေးကွာလို့
အို...ကွယ်
ခွင့်လွှတ်နားလည်နိုင်ခဲ့ပါတယ်
ဂင်္ဂါဝါလု သဲစုမက
ပွင့်တော်မူပြီးကြကုန်သော ငါ့အချစ်များ ။ ။
မောင်ရေချမ်း
24 Sep 2016
Thursday, September 22, 2016
ထားမိထားရာ နာရီ
ပြန်ပြင်ဖို့ဆိုပြီး ပျောက်နေတဲ့နာရီကို ရှာကြတယ်
ရှာရခြင်းမှာ မပျော်ခြင်းဖြစ်ပြီ
နာရီပျောက်တာ ပြဿ      နာလား
နာရီပျောက်တာ သိပ်နစ်နာလား
ပစ်စလက်ခတ်ထားခြင်းရဲ့အပြစ်ဟာ
ဆုံးရှုံးမှုပဲဖြစ်လိမ့်မယ်
ပျောက်သွားတာကို ပြောဆိုရင်ဖွင့်တဲ့အခါ
သူများက ပြာယာခတ်အောင် မရှာပေးပါ
ရှာနေတာနဲ့ အချိန်တွေ ပါသွားလေပြီ
ပြင်းပြင်းထန်ထန် တွေးကြည့်တော့
ပြန်တွေ့ရင် ပျက်စီးနေမလားပဲ
လူ့ဘဝဟာ အချိန်ဖြစ်တယ်
အချိန်ကို နာရီက ဖော်ပြတယ်
နာရီကို ရှာနိုင်အောင်ရှာဖို့ လိုတယ်
နာရီကို မတွေ့ရင် ဘဝဟာ သေနေ့စေ့ပြီလား
ပြောကြစမ်းပါ
ပျောက်နေတဲ့နာရီအကြောင်းကို ပြောကြပါ
ပြင်မရအောင်ပျက်စီးသွားတဲ့အဖြစ်နဲ့ တွေ့ရင်တောင်
ပြုန်းတီးဆုံးရှုံးသွားတဲ့အချိန်တွေကို စုပြုံပြီး မြင်ရလိမ့်မယ်။ ။
မောင်ရေချမ်း
16 / 7 / 2015
ငါ့မွေးနေ့သည် မမွေးသေးသောမွေးနေ့များအတွက် တောင်းဆိုခြင်းတွင်
လူငယ်ဘဝရဲ့တစ်ခုသောမွေးနေ့မှာ
ငါဟာ ဒီလို ကုသိုလ်ယူခဲ့မိပါတယ်
ငါ့အတိတ် ယောင်ချာချာကို တူးဆွခဲ့ပါတယ်
ငါ့မွေးနေ့ ရွံစရာများကို ငါ ဖော်ထုတ်ခဲ့ပါတယ်
၁၉၈၈ကို လေးနှစ်လောက် ကျော်လွန်ခဲ့တဲ့နှစ်
ခွေးတွေဇာတ်ခင်း တော်သလင်းဆိုသောလ မှာပါတဲ့
ဆေးရုံကို မသွားနိုင်လို့ပါတဲ့
ရွာတစ်ရွာရဲ့ကျောင်းစာသင်ခန်းထဲ ငါ့ကိုမွေးဖွားခဲ့တာ
လျှပ်စစ်မီးမရှိသော အမှောင်ညမှာ
ငါဟာ အူဝဲ အသံထွက်ခဲ့သတဲ့
ငါ့အမေက ဒီလို ပြန်ပြောပြတဲ့အခါ
ဘယ်သူ့ဆီက ငါ တောင်းဆိုပေးရမလဲ
ငါ့နောက်ကမွေးနေ့တွေအတွက် ဆေးရုံတွေဆောက် ပေးကြပါ
ငါ့နောက်က မျက်လုံးလေးတွေအတွက် အလင်းတွေလောက်ဖို့ ပေးကြပါ
ကြိမ်လုံးတွေနဲ့ မိုးထားလို့ပါ
Wednesday, September 21, 2016
မစိတ်ပုပ် ( 86 )
အခြေခံဥပဒေအတိုင်းတော့ မချစ်နိုင်ဘူး
သဘာဝအတိုင်းပဲ ငါ ချစ်တယ်
ငါ့ဥပဒေဟာ ငါ့အချစ်ဖြစ်တယ်
နာမည်မေးရင် မစိတ်ပုပ် လို့ ဘယ်သူဖြေတယ်
သဒ္ဒါကျမ်းတွေကို မီးရှို့ လိုက်ရင်
ရတဲ့ပြာနဲ့ မင်းအကြောင်း ကဗျာရေးမယ်
မစိတ်ပုပ် ။
ဝေးကွာတုန်းက
ငါ့မှာ ရယ်နေရရော ။
မောင်ရေချမ်း
29 February 2016
ဗလာအပျော်
စက်ဘီးနင်းမိတိုင်း အရှိန်နဲ့
တောင်ကုန်းပေါ်မှ လိမ့်ကျသလို
ဝမ်းနည်းရသမျှ အရှိန်နဲ့
ပျော်ပျော်ရွှင် သောသည့်မည့် ကျောက်ခဲ
ပြေးနေတာခွေး။ ။
မောင်ရေချမ်း
29 February 2016
မြန်မြန်နဲ့ မြတ်အောင်ပျံသွားတဲ့ငှက်တွေ
လေထဲမှာ မနေဘူး
ခုနစ်တွေဟာ ရေစီးတယ်
မင်း နာကျင်မနေနဲ့လို့
တောင်တန်းတွေက လှမ်းအော်ပြောနေတယ်
ပုံပြင်
ပုံကို ပြင်ထားသောများတွေ ရုပ်ဆိုးပန်းပျက်
ပုံပြင်
ပုံကို ပြင်ထားသောတွေများ အလှဆုံးမွှေးမြ
လိုတာ ရှိရင် ရမယ်
ကြိုက်တာယူငင်ကြလို့
စကြဝဠာဟာ အမောတကောပြန့်ကားရင်း ပြောတယ်
နေလည်း သေ
ကမ္ဘာလည်း သေ
ဒါနဲ့တောင် မင်းက ဘာလို့ တွေငိုင်နေသေးသလဲ
ဒီလို ပင်လယ်ပြင်က အော်ဟစ်မေးမြန်းနေပုံနဲ့
လှိုင်းတွေ လှိုင်းတွေ ခုန် ။
မောင်ရေချမ်း
1 March 2016
တောအုပ်နုစက်ရဲ့ ည
သစ်ရွက်လေးတွေ အိပ်ကုန်ပြီ
မင်းကို ချစ်လို့
မြေနီလမ်းကလေးအတိုင်းပဲ လာတယ်
လေဝါရောင်နွဲ့နွဲ့ဟာ မင်းကို ချစ်လို့
အို..ကွယ်
သဘာဝတွင် ခေါင်းငုံ့ခဲ့ပုံများကို
ဘယ်နှယ့် မတရားဘူး ပြောရက်မလဲ
လရောင်ဖြာကျနေတဲ့ဝါးပင်ငယ်။
မောင်ရေချမ်း
1 March 2016
စကပ်ထဘီနဲ့ ဆံပင်အရှည်နဲ့ သီလရှင်မလေး
အချစ်က ပြောခဲ့တယ်
နာရီလက်တံလေးတွေကို စိန် ရွှေ ရတနာလို ကြည့်ဖို့
အချစ်က ပြောနေတယ်
နာရီလက်တံလေးတွေပေါ် အလင်းပွင့်ကြီးကြီး ထွန်းဖို့
အချစ်က ပြောနေဆဲ
နာရီလက်တံလေးတွေထဲ ကျိုးကြေအိပ်မငိုက်ဖို့
ကန်သာယာ
မေယု
သုဓမ္မာလမ်းမကြီးအထိ
မိုးရေထဲ ထီးကလေးမိုးလို့
အအေးဆိုင်များစွာ အချစ်ရဲ့ အသံသာယာခဲ့ ။
"ငါ့ကို ချစ်ရင် အလုပ်လုပ်ရင်း သူများကို ချစ်ပါ
နင့်အတွက် ငါဆိုတာကိုက သူများပဲလေ"
ဆွမ်းမကပ်မိဘဲ အချစ်ဆီက တရားနာခဲ့ရတယ်
အချစ်က ပြောနေသေးတယ်
ပန်းပွင့်များ တိမ်များကအစ အချစ်ရှိမှ မြင်ရ
ပင်လယ်တိုင်းမှာ မုန်တိုင်းတွေမပါဘူး
ကျွန်တော် ရူးခဲ့ဖူးတာ ဝန်ခံပါသည်။ ။
မောင်ရေချမ်း
2 March 2016
မိုးပျံပူဖောင်းတွေကွ
ကမ္ဘာကြီးကို ကယ်ရမယ်
နိုင်ငံတော်ကို အသစ်လဲရမယ်
အဲဒီလို အော်ရင်း ငါ တွေ စွန့်ပစ်ခဲ့တဲ့
ငါတို့ တွေ ဖြစ်လာ ခဲ့တဲ့
မြောင်းထဲ ပြုတ်ကျသွားတာပါ
မြောင်းထဲ ပြုတ်ကျခံခဲ့ကြတယ်ဟေ့
မြောင်းထဲ စုတ်ပြတ်ရေစက်တွေလို
ဘဝပျက်ပါစေ ရေတွေ ပြုံးရယ်
စီးပြတာ ပြောပြတာပေါ့
မြောင်းရေနဲ့ မြစ်တွေ မွေးခဲ့တယ်
ပင်လယ်ထဲ ။
မောင်ရေချမ်း
3 March 2016
တစ်ခုသောများ
ကာတွန်းမင်းဇော်ရဲ့ ဘိုဘိုပဲ ငါ ကြိုက်တော့တယ်
အီးတီကို တခြားကမ္ဘာသွားဖို့စက်တစ်ခု ထွင်ခိုင်းမယ်
အိုးမွှေးလုံးတွေ
သင်္ချာပြဋ္ဌာန်းစာအုပ်ထဲမှာ ကံ့ကော်ပွင့် ငါ ညှပ်ထားခဲ့
တြိဂံပုံဆွဲရမှာ ပျင်းလွန်းလို့
အင်္ဂလိပ်စာ ငါ မဖတ်တတ်တော့ ရောချပစ်တာ ဆရာမ
စာစီစာကုံးတွေ ရေးမယ်ကွနဲ့ လာခဲ့တယ်
ဘုရားစာကို ကဗျာလုပ်ဆိုပစ်ခဲ့တယ်
နိုင်ငံတော်သီချင်းဟာ
အိမ်ပြန်ဖို့အရေး နောက်ကျအောင် ဆိုပေးခဲ့ရတယ်
A ခန်းမှာ နေရတာ နောက်ဆုံးကကောင်တွေနဲ့ ပေါင်းဖို့
မဂိုးရင် ဂိုးတယ် အငြင်းထူတဲ့ကောင်တွေ ခေါင်းကိုခွဲပစ်
ရန်ဖြစ်ပြီးရင် အပြေးသန်မှ အုတ်ခဲကွဲရင် တုတ်ထပ်ဆွဲတယ်
ချကွ မအော်ခင် ချတယ်
ဘောလုံးကွင်းကို အပိုင်စီးထားတာ အတန်းကြီးကောင်တွေ
ပင့်ကူလူသားက ပြောတယ်
ကမ္ဘာကြီးကို ကယ်တင်ပြီးမှ နားညည်းလိုက်တာဆိုပဲ
ပါဝါရိန်းဂျားရုပ်ရှင်တွေဟာ
ကလေးတွေ ကြည့်ဖို့ နဲ့ ကလေးတွေပဲ ကြည့်ဖို့။
မောင်ရေချမ်း
4 March 2016
ဝမ်းနည်းသူရဲ့လက်မှတ်
မုန်းလိုက်တာ ဘိုင့်ဘိုင်
ဘိုင့်ဘိုင်ကို မုန်းတယ်
ဘိုင့်ဘိုင်ကို ဘိုင့်ဘိုင်ပဲ။
မောင်ရေချမ်း
4 March 2016
ရန်သူ
ဇ လည်း မရှိဘဲ ဇစ်ဖြုတ်ချင်ကြတယ်
ပန်းသေနေတဲ့ကောင်တွေ။ ။
မောင်ရေချမ်း
4 March 2016
ငြိမ်းချမ်းသူ ငြိမ်းချမ်းသားများ
စစ်မရောက်ခင် မြှားကုန်သွားပါပြီ
ရေနွေးအိုး တည်ဖို့
ထမင်းအိုး တည်ဖို့
မြှားတံတွေကို ထင်းလုပ်ခဲ့တာ ။
မောင်ရေချမ်း
5 March 2016
မြစ်မျောသူရဲ့ကဗျာ
ပျင်းတယ်
တော်သေးB
ဆက်ရေးရန် မရှိ
မရှိ မရှိ မရှိ
စာရွက်ပေါ်ဝယ် ရေသောက်သူ ။
မောင်ရေချမ်း
5 March 2016
မငိုသူရဲ့လ
အဲဒါ ၊ အဲဒါ
ဖင်တုတပ်ထားသလို သေသေသပ်သပ်ပဲ
အဲဒါ ။
မောင်ရေချမ်း
10 March 2016
သောက်တဲ့အသံ
လှစ်ခနဲ လှုပ်ခနဲ ရင်ခုန်လို့
တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ ဟူ၍က
တိုင်းရင်းသားလေးလို နင့်ကို ငါချစ်မယ်
နင့်ကိုပဲ ဘယ်ရောက်သွားမှန်း မသိထိ ချစ်မယ်
မြစ်မင်းဧကရာဇ်ကို သန့်သန့်လေးချစ်ဖို့
ဘယ်မင်းဧကရာဇ်ခေါင်းကို နင် ခုတ်ချင်သလဲ
ငါ့မှာတော့ နင့် လက်ဆောင်မပေးနိုင်လို့
အင်္ကျီအဟောင်းတွေကို သူများကို လှူသလို
မင်းဘယ်သူတွေက စတင်တယ်
ပထဝင်သင်ရိုးမှာ မပါသေးဘူးထင်လို့ ရှာဖတ်ရ
ကျောက်ဖြူမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်
ထန်းလျက်တောထဲ ဘူးသီးကြော်ဝဲတယ်
သတိရပုံက
ဂီတာမရှိဘဲ ဂီတာတီးမိတော့
မင်း ရယ်သံတလွင်လွင်နဲ့
ဆံနွယ်စတွေ လှုပ်ရှားခဲ့ပုံက
သွေးကြောမြစ်များလို ငါ့ရင်ဘတ်မြေပုံပေါ်တွင်။
အသက်ရှည်ရှည်ချစ်ချင်ပါသေးတယ်
ဧရာဝတီကို တရုတ်လို မခေါ်တတ်သေးတဲ့အထိ
မမြင်တာ ကြာပေမယ့် မြစ်ငေးလိုစိတ် လွမ်းမိပေါ့ ။
မြေပုံကို မမှတ်သားဘဲ စိမ်းမြသလိုလိုလောက်
မြေပုံထဲ နင့်ကို တန်ဖိုးထားမှုတွေ ဝေးတယ်
သိချင်လှန်တော့ တရုတ်စာအုပ်လေ
နင့်ရေးခဲ့တဲ့ တရုတ်စာရေးနည်းစက္ကူတွေ။
အချိန်တွေ လမ်းအတိုင်း မလာဘဲ မြစ်လို
တန်တယ်က ရောက်တဲ့အသံ
တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ သိမ်းထားရန်နှင့်
ပေးတယ် တံဆိပ်
ပြည်ထောင်စုသမ္မတ နဂါးနီ
နဂါးနီဆေးပေါ့လိပ်က မြင်းခြံမှ ထုတ်လုပ်ပါသည်။
မောင်ရေချမ်း
11 March 2016
ရခိုင်ထမင်းသုပ်နောက်နေ့
ငါးကင်ပေါ်က နေ့ဖြစ်တယ်
စားပွဲပေါ်မှာတင်ထားပြီးနောက်
ငါ မင်းအတွက် စိုက်မယ့်သစ်ပင်တွေကို
ငါ ကိုယ်တိုင် ခုတ်ပြီး
မင်း(တို့)အတွက်သက်သက်လက်ဆောင်ပေးတယ်
သင်္ဘောသီးအတွက် နေ့မရှိတော့ဘူးဆိုရင်
လက်ပံပွင့်နဲ့ခွေးရူးတစ်ကောင်နဲ့နေ့ဖြစ်တယ်
ငါ ကမ္ဘာမရှိတော့ဘူးဆိုရင်
မင်း(တို့)ကမ္ဘာထဲ မဝင်ဘဲ မီးသီးတွေတပ်ပေးတယ်
အသက်ကြီးလာသလို အမှားကြီးပြင်းတယ်
ဒဏ်ရာမရှိဘဲ ဖြူစင်တဲ့အချစ်ကြီးပြင်းတယ်
အချစ်ကို ငါးကင်ပေါ် ကင်ထားလိုက်မှ
အချစ်ကို ထမင်းသုပ်လို မစားဘဲမှာမိလိုက်မှ
အချစ်ကို ခွေးကိုက်ခံရသလို ကာကွယ်ဆေးထိုးလိုက်မှ
ဓာတုဗေဒပညာမှာ လူမသိအောင်သတ်နည်းတွေ
မသတ်ရက်လို့ သေတတ်ကြောင်းပဲ ပြောပြရတယ်
စနေထောင့်ရောက်ရင် ငါ ဦးချနေမှာပါ
ဘာဖြစ်ဖြစ် ချစ်တယ်နဲ့စတယ်
ဘာမဖြစ်ဖြစ် မုန်းတယ်နဲ့ မဆုံးစေရဘူး
ငါ မဘာဖြစ်လည်း တခြားဘာဖြစ်မှာပါ
ဘုရားအဆူဆူဖူးပြီးရင်
မင်း(တို့)အတွက် ငါ လှူထားမယ့်ပန်းတွေရှိနေမယ်
ရည်စူးဖူးခဲ့တယ်
ငါ မီးလောင်နေချိန် ၊ သူများ အေးချမ်းပါစေ။ ။
မောင်ရေချမ်း
19 March 2016
မျဉ်း
ခြောက်လမ်းသွားလမ်းမကျယ်ပေါ်
နှလုံးရောဂါရှိလို့ လင်စောစောယူခဲ့ရ ။
မောင်ရေချမ်း
19 March 2016
သံယောဇဉ်စကား
ယင်ကောင်တွေ ပျံဝဲလွန်းလို့
သားရယ် ၊ သမီးရယ်နဲ့ဖြစ်လာရင်
လေယာဉ်ပျံတွေ ၊ စက်ဘီးတွေ လည်သွားမှာပါ
လမ်းခွဲကြရအောင် မောင် ။ ။
မောင်ရေချမ်း
19 March 2016
ကျောက်ခဲပန်း
ရေတွင်းထဲ ခုန်ချပစ်ချင်တာ
ရေတွင်းကြီးတွေက နက်လိုက်တာ
ကြောက်အားလန့်အားနဲ့ လှည့်ပြန်ခဲ့ရတယ်
အချစ်နဲ့ဝေးပြီးနောက် ။ ။
မောင်ရေချမ်း
19 March 2016
လျှာလာရှည်တဲ့မသာကောင်လေး
ရပ်နေတဲ့နာရီကို ကြောင်ကိုပစ်ကျွေးလိုက်တဲ့အထိ
တညောင်ညောင် လာအော်နေတုန်း
ဒီကိစ္စဒါပါပဲဆို အဲဒါ ဘာလဲ မင်း ရူးနေလားဆိုတော့
ဘယ်လို ရှင်းပြရမလဲ
ရပ်နေတဲ့နာရီကို ကြောင်ကိုပစ်ကျွေးလိုက်တဲ့အထိ
တညောင်ညောင် လာအော်နေတုန်း
ဒါပါပဲဆို အဲဒါ ဘာလဲ မင်း ရူးနေလားဆိုတော့
ဘယ်လို ရှင်းပြရမလဲ
ရပ်နေတဲ့နာရီကိုကွာ
ကြောင်ကိုကွာ
ပစ်ကျွေးလိုက်တဲ့အထိကွာ
တညောင်ညောင်ကွာ
လာအော်နေတုန်းပဲကွာ
အသံသွင်းထားပြီး
ပြီး တစ်သက်လုံး နားထောင်
တညောင်ညောင် ကြောင်ကွာ ။
မောင်ရေချမ်း
19 March 2016
လူငယ်ရယ်သံ
နိုင်ငံကျော်
နိုင်ငံတော်ဆိုတာကိုပါ ကြော်တယ်
တင်းလာရင်
လေယာဉ်ပျံကိုပါ တက်နင်းပစ်လိုက်မယ်။ 
မောင်ရေချမ်း
22 March 2016
လက်ကိုင်ဖုန်းလေး သေသွားတဲ့မနက်ခင်း
ငါ အသက်မရှိသလို စက်ဘီးနင်းမိတဲ့အခါ
ငါ အသက်မရှိသလို စာအုပ်ဖတ်နေမိတဲ့အခါ
ငါ အသက်မရှိသလို ရင်ထဲနှင်းတွေခဲတဲ့အခါ ...။
ငါ အသက်မရှိသလို
အို...ကဗျာရေးမိတာကအစ ပင်မရေစီးတယ်
ဒီအချစ်ကို ဘာနဲ့စမ်းသပ်ရမလဲ
ငါ အသက်မရှိသလို နှလုံးခုန်နေတဲ့အခါ...။
ငါ အသက်မရှိသလို ဖြစ်တဲ့အထိ
ဖုန်းထဲ မတ်ဆေ့တွေ စာရွက်ပေါ်ကူးရေးမိတဲ့အခါ
အားးး ငါ ဘယ်ဓာတ်ပုံကို ကြည့်ရမလဲ
ငါ အသက်မရှိသလို ဖြစ်တဲ့အထိ
သတင်းစာတွေမှာ ငါ့နာရေးကို ရှာမိတဲ့အခါ...။
နှစ်တွေ ခုတ်သွားပြီ
င့ါ...အသက်
ဓာတ်တိုင်ကို ဆောင့်ကန်ဖို့တောင် အားမရှိလို့
လက်ကိုင်ဖုန်းကိုပဲ ဓာတ်တိုင်နဲ့ပေးနမ်းတယ်
ခွမ်းခနဲ အေး..ခွမ်းခနဲ ကွဲစမ်းဟေ့ ကွဲစမ်းဟ
ငါ အသက်မရှိသလို ဖုန်းဆက်လို့မရတဲ့အခါ
အဲ...ဒီ....အခု.......အခါ....။
ငါ အသက်မရှိသလို လက်ကိုင်ဖုန်းလေးသွားပြီ
မှန်တွေဟာ အမှန်တရားအတွက်သေပွဲဝင်ကြပေါ့
ရယ်မောလိုက်တယ်...မသာမလေးရယ်
လက်ကိုင်ဖုန်းအစုတ်လေးသေသွားပြီးနောက်
ငါ ပြန်ရှင်သလို ပျော်ရွှင်ရတာ တရားတယ်။ ။
မောင်ရေချမ်း
22 March 2016
ကမ္ဘာတစ်ခု အိပ်ယာထခြင်း
စာသင်ခုံတွေ စီပြီ
စာကြည့်တိုက်တွေ ဖွင့်လှစ်ပြီ
မောင်ရေချမ်း
23 March 2016
တတိယကမ္ဘာစစ် ရပ်စဲပြီးနောက်
ရပ်စဲပြီးနောက် ရန်စဲခဲ့ပေါ့
သေသွားတဲ့ကမ္ဘာမှာ
မှတ်တမ်းတင်မယ့် သက်ရှိမရှိတော့ဘူး
ငြိမ်းချမ်းလေပြီ ။ ။
                 မောင်ရေချမ်း
            23 March 2016
မေ့တတ်သူအတွက်ပြန်စာ
ဖန်ပုလင်းထဲက စာတွေ မိလ္လာတွင်းထဲသို့
ရေထဲမျောရင် ငါးတွေကအစ စိတ်နာမှာ စိုးလို့ ။ ။
မောင်ရေချမ်း
24 March 2016
ပန်းအော်သံနဲ့အင်္ကျီတစ်ထည်
ကောင်လေးက ငိုပြီး ပြေးထွက်လာတာလေ
ဟိုဘက်လမ်းရဲ့ ကျောက်စရစ်ခဲတွေအောက်မှာ
ငါးရာတန်တစ်ရွက်ကို ဖွက်ထားပြီးမှ ပျော်သွားပုံပဲ
ဓားကို ဓားအိမ်ထဲက ဘာကိစ္စနဲ့မှ ထုတ်စရာမရှိဘူးဟ
တစ်ယောက်တည်းနေရရင်ကို
ဓားက တစ်ယောက်ရင်ဝကို စိုက်သွားရော
လမ်းဘေးမှာ သူတို့ အနမ်းပေးခဲ့စဉ်က
မြောင်းပုပ်ထဲက ကန်စွန်းရွက်ကလေးများပင် ရွှင်ပြ
ကြယ်တာရာပုံသစ်ရွက်ကို တကူးတကစိုက်ခဲ့တာ
ခူးဖို့ကို သွားရည်တဗွမ်းဗွမ်းကျစရာဖြစ်လိမ့်မယ်
သွားကြားထဲကနေ ဓားဟာ ရွှီခနဲ
သိတဲ့လူက နောက်ပြန်ဆုတ်ခဲ့တယ်
တံတွေးတွေလာစင်ရင်ကို လူသတ်သမားရဲ့သွေးလို
သိပ်ဒဏ်ရာမကြီးကျယ်ပါဘူး
ပန်းချီဆွဲပြလို့မဖြစ်နိုင်ရုံလောက်လေးနဲ့ရက်စက်
နောက်ပြန်ဆုတ်ခဲ့ရတယ်
အစ်ကိုသာ ဖျာရောင်းဖူးရင်ပေါ့ ဒီလိုအပြောခံရမယ်
"သုံးချပ်ယူမယ် နှစ်ချပ်ဖိုးပဲထား မင်းလျှော့ပေးနော်"
အစ်ကိုသာ ရေအိုးရောင်းဖူးရင်ပေါ့ ဒီလိုရင့်တာခံဦး
"ရေအိုးက ရေလည်းမပါဘဲ ဈေးကြီးလိုက်တာ
မတန်ဘူး နည်းနည်းလျှော့ပေး"
နှစ်ခုနှစ်ဦး ရယ်မောပျော်ရွှင် အေးပါကွာ
ဝယ်မနေဘဲ အလကားရလိုက်သလိုသဘောထားစမ်း
မင်းတုန်းမင်းကြီးရဲ့ အကြင်နာတရားက
ကုတင်ပေါ်က ကောက်ယူလိုက်တဲ့သွေးကွက်ထဘီ။
မယုံကြည်ဘူး
တစ်ကျပ်တန်တွေမှ မရှိတော့တာ မေ့နေပြီလား
စက်ဘီးလေးနင်းပြီး ရုပ်ရှင်သွားကြည့်ရအောင်..မေ။
မောင်ရေချမ်း
26 May 2016
စကြဝဠာ၏သမိုင်း
ရိုးသားသူတွေချည်းပဲ အစ-အဆုံးနိုင်တယ်
အင်္ကျီပေါ်ကမလင်းတဲ့ကြယ်တွေ မှိုင်စမ်း။ ။
မောင်ရေချမ်း
26 March 2016
မစိတ်ပုပ် ( 0 )
တွေ့ကြုံသမျှ နေရောင်ခြည်
ကခုန်ချင်တဲ့သီချင်းကို ပိတ်တယ်
ခရီးထွက်မယ် သွေးတိတ်ပြေတဲ့နေ့
ပျော်ရွှင်အဆင်ပြေပါစေ
မိတ်ဆက်ပေးလိုက်တဲ့နာမည်
မျက်ခုံးမွှေးပေါ်မှာ ဖိနပ်ရာကျန်ခဲ့ပြီ
အပျော်တွေ ပန်းထွက်လာ
ပန်းတွေ အင်္ကျီပေါ်မှာရှိတယ်
ဓားတန်းလန်းဒဏ်ရာက
ဘေးမှာ နောက်မှာ ရှေ့ မှာနဲ့
နဖူးပေါ်တင်ထားခဲ့တာ
စာအုပ်တွေထဲ ပြန်ခေါင်းစိုက်
အသက်အရွယ်က သိုင်းကျမ်း
ပြက္ခဒိန်တွေ အီဆိမ့်နေရောပဲ
စီးကရက်တစ်လိပ်ပြီး တစ်လိပ်
ဖန်ပုလင်းလေးထဲမှာ စာတွေရှင်နေပြီ
အစ်မ။
မောင်ရေချမ်း
30 March 2016
မြန်မာ့သမိုင်း
စစချင်းမှာ တစ္ဆေ ဘီလူးတွေ ကြီးစိုး
ပန်းနဲ့မွှေးတဲ့တေး တဖြည်းဖြည်း အုပ်ချုပ်တယ်။
မောင်ရေချမ်း
30 March 2016
မြောင်း
ကန်းနေရင် ဒီကဗျာယူသွား
တစ်သက်တာ နာဖို့ တရားပါတယ် ။ ။
မောင်ရေချမ်း
4 April 2016
စိတ်ပုပ် ( ၁၉ )
တစ် နှစ် သုံး လေး
အေး မင်းကို ငါ လွမ်းပြီ။
ကွန်ပျူတာပေါ်က လက်ကို ပုတ်ချလိုက်တော့
ငါးတွေ ရယ်တယ်
ပေါင်မုန့်ပစ်တွေ စားရမယ့် ရေကန်ကို
သွားတယ်
ဆုတောင်း
ဘဝအဆက်ဆက်
ရောက်တတ်ရာရာ ကုန်ဈေးနှုန်းတက်တယ်
မင့်ကို လိုက်ရှာတိုင်း
ပထဝီ သမိုင်း အားလုံး အချစ်ဖြစ်တယ်။ ။
မောင်ရေချမ်း
2 April 2016
မစိတ်ပုပ် ( ၂၁)
စက္ကန့်တံလေး ရေမြောင်းထဲ
နှိုက်နှိုက်ချွတ်ချွတ် သတိရတယ်
အရသာရှိမှုမှန်သမျှ
နောက်ကျပြီမှ လေယာဉ်ပျံ
အကောင်းစားသမ္မတခေတ်မှာ
ဟောဒါ နိုင်ငံရေးနဲ့မဆိုင်တဲ့ ည
ကြွေသွားတာ မင့်ကို ချစ်ခဲ့တဲ့ ငါ့တွေ။ ။
မောင်ရေချမ်း
2 April 2016
တွေ့ဆုံစီးကြောင်းများပြိုကွဲခြင်း
ကလစ်တစ်ချက်မှာ နိုင်ငံပေါင်းများစွာ ဝေးတယ်
ကားဘီးတွေ တစ်လိမ့်စီ တစ်လိမ့်စီ
စားပွဲတစ်ခု လက်ဖက်ရည်တစ်ခု
ဘယ်နေ့ ပြန်ဆုံကြဦးမလဲ
မီးတွေ စိမ်းနေပြီး
သူငယ်ချင်းတွေ မတွေ့ဖြစ်တော့ဘူး
ဂြိုဟ်တုထဲ ။ ။
မောင်ရေချမ်း
2 April 2016
ဆက်သွယ်စီးပွားရေး
ပိုက်ဆံမရှိတော့
ဖင်ပေါ်ပုံ ရိုက်ပြီး Facebook ပေါ်တင်
ငွေဝင်မစဲ တသဲသဲ ။ ။
မောင်ရေချမ်း
4 April 2016
လေထုသစ္စာ
ငှက်အုပ်ထဲ ကိုယ် ပျံဝဲမယ်
တစ်ကောင်တည်း
သို့သော် ငှက်အုပ်ကို ကိုယ်မခွဲတယ်။ ။
မောင်ရေချမ်း
4 April 2016
စာသင်ခန်းရဲ့ တည်ဆောက်တေး
သမိုင်းအချိန်မှာ
သိုင်းကျင့်ကြရအောင်...ကလေးတို့
သိုင်းကျင့်ပြီးရင်
ပထဝီကို မသေအောင် သကြမယ်
မြန်မာစာဟာ
တို့ဘဝ တို့ကမ္ဘာ
အင်္ဂလိပ်စာအုပ်တွေက တို့ကမ္ဘာကိုတည်ဆောက်ဖို့
ဒီလို ကျောင်းကိုလာ ။ ။
မောင်ရေချမ်း
5 April 2016
ညရေးညတာ အရေးပေါ်ခြင်း
မျက်လုံးချင်းဆုံ သမျှ
သောက မပါတဲ့ ပျော်ရွှင်ခြင်းများ
လူရယ်လို့ ဖြစ်ခဲ့ပြီးမှတော့
ဒုက္ခအားလုံးကို ရယ်ခဲ့ရုံပဲ
ဖုန်းကို ဘတ်ထရီအားသွင်းရတယ်
စွမ်းအင်။ ။
မောင်ရေချမ်း
5 April 2016
ကဗျာဆရာတစ်ယောက်
ပြက္ခဒိန်ပေါ်မှာ လမ်းက ရှင်းနေလိမ့်မယ်
ဝါးပင်တွေကို ဂီတသံနဲ့ ဖျော်ဖြေလျက်
ကျေးဇူးတင်ကြောင်း မမေ့ချင်ဘူး
သူ့မျက်နှာ မမြင်ခင်ကတည်းက ချစ်ခင်ခဲ့ပြီးသား
လေးစားတယ်
ငါး ငါးချင်း လည်းမယှဉ်နိုင်ဘူး
ခြောက်လောက်တော့ ရယ်ပြနေလိမ့်မယ်
ခုန် ခုန် နေတာပဲ
ဝါကျတွေ လန်းလို့ စကားလုံးတွေတောင် သူ့ဆီကြွေ
ခေတ်တစ်ခေတ်လုံးကို မမေ့မလျှော့တာ
သူ့အချစ်သူ သစ္စာရှိကြောင်း ဖော်ပြနေပုံရတယ်
စာရွက်ပေါ်မှာ ပုံတူဆွဲကာ
မင်း မြင်လား မမေးဘဲ ငါ ဒါမြင်တယ် သူပြောနေသလို
နိုင်ငံတော်တစ်ခုမှာ နိုင်ငံသားအတုမဟုတ်တာ
သူ့လို ကဗျာဆန်သူတစ်ယောက် ဖြစ်တယ်
ကမ္ဘာတစ်ခုမှာ ကမ္ဘာသူကမ္ဘာတွေ လန်းဆန်းတာ
သူ့လို ကဗျာ့နှလုံးသား ဖြစ်တယ်
ကိုယ့်ရင်ဘတ်ကို ဓားနဲ့ပါးပါးလေးမွှန်းတယ်
ထွက်လာတဲ့သွေးနဲ့ပဲ ပျော်ရွှင်ကြောင်းကဗျာရေးလို့
အားလုံးလည်း တကယ်ပျော်ရွှင်ရပါတယ်
သူ့ကဗျာတွေ အခုတလော မတွေ့တာ
ကဗျာတွေဆီ ဆက်လျှောက်နေပုံပဲ
ကဗျာတစ်ပုဒ်ကျလာရင် ငရဲကြီးရှစ်ထပ်လည်း လှပြီ။ ။
မောင်ရေချမ်း
8 April 2016
တိမ်များအရွေ့
ချိန်းကျသွားတဲ့စက်ဘီးဆို
အေး...ဆောင့်ကန်ပစ်လိုက်ဖို့
လမ်း
လူမရှိ
ဘာဖြစ်သလဲ
သစ္စာတရားဆိုတာ
သိကြာမင်းသေးပေါက်ချလို့
နှစ်တိုင်း ရွာတဲ့ မိုးတွေ။ ။
မောင်ရေချမ်း
19 Apirl 2016
နှင်းဦးဝေရဲတိုက်
လူမဆန်လေဆိပ်မှ နှင်းဆီပွင့်ငယ်
ဆူးတွေဖယ်ကာ ဆက်ထွက်ခွာတယ်
ဘယ်အထိရှိသော ပန်ကာသံများညံ
နားရွက်တွေကို ပြည်ဖုံးကားချခဲ့တယ်
မီးတောင်တွေ ပြန်လာပေးတဲ့သူတချို့
ကော်ဇောပေါ်မှာ မေတ္တာတရားခြေရာ
အုတ်ချပ်နီနီများ အကျဉ်းထောင်စံ
လူနေထိုင်ရာ အရပ်တစ်နေရာမှာ
တင့်ရှိန်ချွန်မွန်စွာ ရှိနေလိမ့်မယ်
တစ်ယောက်နဲ့တစ်ယောက်မက
ဘာဖြစ်ဖြစ် မသေခင် သတ်သွားသူရယ်။ ။
မောင်ရေချမ်း
24 April 2016
ပို့လိုက်တဲ့လက်စွပ်
ဘုရားသခင်ဟာ စိတ်ကောင်းဝင်နေချိန်မှာ
ငါတို့ကို တွေ့ခွင့်ပေးပြီး အချစ်ကို အားပေးခဲ့တယ်
ဘုရားသခင်ဟာ စိတ်ပုပ်သွားတဲ့အခါ
ငါတို့ကို ဝေးကွာအောင်လုပ်ပြီး မုန်းဖို့ သွေးထိုးနေပြီ
ရတယ်လေ
ဒီလို ဘုရားသခင်မျိုးကို ဆန့်ကျင်ပြီး
မင်းနဲ့ ငါ လူသားအသစ်ကို မွေးဖွားပစ်မယ်
စကြဝဠာကို ငါတို့နှစ်ယောက်ပဲ ပိုင်တယ်
အခုကို လက်ထပ်ချင်ပြီ...အချစ် ။ ။
မောင်ရေချမ်း
27 April 2016
နေဝင်မိုးချုပ်ကဗျာ
ဒီနေရောင်ခြည်အောက်
မင်းမရှိတဲ့နောက်တော့
နေထွက်လာရင်ကို ကျက်သရေတုံးပြီ
နေဝင်သွားရင်လည်း ကျက်သရေတုံးပြီ ။
အရေးမကြီးပါဘူး အရေးမကြီးပါဘူး လို့
ပြောရင်းပဲ တကယ်အရေးတကြီး ဖြစ်နေပြန်တယ်
အရမ်းသတိရတာပဲ ဆိုတာဟာ
သစ်ရွက်တွေ မင်း ကိုယ်စား စိမ်းကားပေးနေတာပဲ။
ဒီနေရောင်ခြည်အောက်
မင်း ကျပျောက်သွားမှတော့
တစ်ကမ္ဘာလုံး လင်းအောင် လှအောင် ငါ လွမ်းပြီ
ကျက်သရေတုံးမ ။ ။
မောင်ရေချမ်း
1 May 2016
ရင်ကွဲစာအုပ်
6 May 2016
ငါ့မှာ သားလေး ရတဲ့အခါ ဖတ်ပြဖို့ ကဗျာ
မင်း အသက်နဲ့အမျှ ကြီးထွားသလိုပဲ
မင်း နေထိုင်တဲ့ စကြ၀ဠာကြီးလည်း ကြီးထွားနေလို့
မင်း အချိန်နဲ့အမျှ ရှင်သန်နေသလိုပဲ
မင်း နေထိုင်တဲ့ စကြ၀ဠာကြီးလည်း ရှင်သန်နေလို့
ကလေးရယ်
ရှင်သန်နေတဲ့ အချိန်တိုင်းမှာ
သေဆုံးနေတဲ့လူလို မင်း သာ ငြိမ်သက်နေပါစေ
မင်းကို ဘယ်လှိုင်းကမှ မရိုက်ခတ်။ ။
မောင်ရေချမ်း
26 August 2016
လမ်းလျှောက်ထွက်နေတဲ့ လူငယ်ရုပ်ထု
နားရွက်တို့ရဲ့ငရဲဘုံ
အိမ်မှာဆို
နားပင်းနေ
မုသားအပူ မထွက်ဖို့
အပြင်မှာဆို
ပါးစပ်ပိတ်နေ
နေရောင်အနမ်းနဲ့
သတ္တု ငှက်ဟာ
လူယုတ်မာရေပြင်ကို ဖြတ်ကျော်ကာ
ကမ္ဘာကြီးထဲမှာ
ကိုယ်လုပ်ချင်တာ လုပ်နေ
ကျွန်ုပ်သည် သင်ဖြစ်ပေတယ် ။ ။
မောင်ရေချမ်း
21 Sep 2016
အလောင်းများကို ကွယ်ဖျောက်ခြင်း
မိုးသီးတွေ စကြွေပြီ
ရေက ငါတို့ခါးအထိ မြင့်တက်လာတယ်
တံခါးပေါက်ကနေ သူမ ကို ငါတို့ အော်ခေါ်ခဲ့ကြတယ်
ဆိတ်တစ်ကောင် သတ်လို့သေသွားတဲ့
ဧရာမဝက်ဝံကြီးကို တွေ့ခဲ့တယ်
ကမ္ဘာကြီးဟာ အကူအညီမဲ့မျက်ရည်တွေ ရွာချ ။
                                        မောင်ရေချမ်း
It started to hail
The water was up to our waists
We hail her from the doorway
A grizzly bear was found
dead, killed by a goat
The world helplessly
 burst into tears
နာရီမီး
မဖြစ်သေးဘူး
လက်တွေ တဆတ်ဆတ်တုန်
အဆင်မပြေဘူး ဆိုတာ
ကိုယ့်မျက်လုံးထဲကိုယ် စီးကရက်မီးနဲ့ သက်သက်ထိုးချလိုက်တာ
လူ့ဘ၀ပဲ ဒီလောက်တော့ ရယ်ရသင့်ပါတယ်။ ။
မောင်ရေချမ်း
9 September 2016
သရဲစားတဲ့ သိုင်းရုပ်ရှင်
Chat Box ထဲကနေ ဓားနဲ့ ငါ့ကို လှမ်းထိုးတဲ့အခါ
ကိုယ့်ကီးဘုတ်နဲ့ကိုယ် စာရိုက်ပြီးပြီ
ပြန်မရဘူး ရပါတယ်
ယူထားတဲ့ဒဏ်ရာက လှတော့
တဖွေးဖွေး ချစ်ရတယ် ။ ။
မောင်ရေချမ်း
9 September 2016
အရသာပျောက်သွားတဲ့သကြားလုံး
ဘာဖြစ်သွားမှန်းမသိတဲ့အခါ
ဓာတ်ပုံတွေကို ငေးကြည့်စမ်းပါ
ဓာတ်ပုံတွေကို ငေးကြည့်ဖို့ ရင်ဘတ်ကိုစမ်းတဲ့အခါ
ဘာဖြစ်သွားမှန်းကို မသိတော့ပါ။ ။
မောင်ရေချမ်း
9 September 2016
သီချင်းသေသွားတဲ့ ရုပ်ရှင်
ထီးကို လွှတ်ချလိုက်လည်း ပျော်ရမယ် ထင်တယ်
ဟိုတစ်နေ့က အတိုင်းပဲ
အဲဒီလမ်းလေးဟာ ဟောင်းသွားပြီ
ဒီနေ့ အတိုင်းပဲ
အခု အဲဒီလမ်းလေးဟာ ဟောင်းနေပြီ
လွမ်းဖို့ မိုးအတုတွေ ရွာချနေတာကလွဲလို့
ခြေထောက်တွေ မှိတ်ချလိုက်ပြီ ။ ။
မောင်ရေချမ်း
9 September 2016
စောညီ အလွမ်းပြေ
ရေနံချေးတွေနဲ့ ၀ဖြီးနေတဲ့ အဆောင်ထဲမှာ
ငါနဲ့ ငါ့သူငယ်ချင်းတွေ အားလုံး လှတယ်
မုန့်စားဆင်းချိန်အထိ စာလုပ်နေတဲ့ကောင်တွေ
အဲဒီလိုကောင်တွေကို ဝေးဝေးကရှောင်ဖို့
ငါတို့ အချင်းချင်း သတင်းပေးကြ
တကယ်က
မင်းတို့ ပျင်းပြီဆို ပြန်လို့ရပြီ လို့ ပြောတဲ့
ကျောင်းဆင်းခေါင်းလောင်းသံမှာ အပျော်ဆုံး
ငါ့ထီးနဲ့ ကောင်မလေးတစ်ယောက်ရဲ့ထီးကို
အနမ်းပေးခဲ့ဖူးပါတယ်
မိုးစက်တွေရဲ့ ကိုးတန်းကျောင်းသားဘ၀မှာ ။ ။
မောင်ရေချမ်း
20 September 2016
မိကောင်းဖခင်သား
မိဘမဲ့ဂေဟာက ကောင်လေးကိုမှ
မိမဆုံးမ ဖမဆုံးမ ကလေး လို့ ဂုဏ်ပြု တဲ့အခါ
ကောင်လေးဟာ
သူ့အဖေကို စိတ်ထဲ ဦးချလို့ သာဓုတစ်ကြိမ်ခေါ်ခိုင်းလိုက်တယ်
ကောင်လေးဟာ
သူ့အမေကို စိတ်ထဲ ဦးချလို့ သာဓုတစ်ကြိမ်ခေါ်ခိုင်းလိုက်တယ်
ပြီးတော့... နောက်ဆုံး သာဓုကို သူ့ဘာသာ ခေါ်လို့
ဂုဏ်ပြုသူကို ဆဲချပစ်လိုက်တယ် ။ ။
မောင်ရေချမ်း
20 September 2016
Monday, September 19, 2016
ပါးစပ်ထဲသို့ ချိုမြိန်စွာဝင်သော ကလေးသေးစက်များ
ကလေးများ ပြီးတဲ့နောက်
ကလေးများ ထပ်မွေးဖွားလာမှာပါ
လူကြီးများ သေပြီးတဲ့နောက်
လူကြီးများ ထပ်သေကြပေါ့
ကိုယ်သေဖို့အတွက် သတ်ခဲ့ကြမလား
အသက်တွေကြီးခဲ့ကြ
အမှိုက်ပုံထဲမှာ
သူတောင်းစားတွေလို တူးဆွခဲ့ကြ
လူကြီးမင်းများခင်ဗျာ
ခင်ဗျားတို့ ဘာရခဲ့ပါသလဲ
စားသောက်ဖွယ်မစင်များကို စားခဲ့ပါသလား
နောက်လာမယ့်ကလေးများစွာအတွက်
လမ်းတစ်ခုဟာ သူတို့ကိုယ်တိုင်သာပဲ။ ။
                                     မောင်ရေချမ်း
                           19 September 2016
ဂြိုဟ်တုပေါ်တွင် မိတ်ဆုံစားပွဲ ကျင်းပခြင်း
ကမ္ဘာကြီးဟာ ရွာလေးအဖြစ် ကျဉ်းမြောင်းခဲ့ပြီတဲ့
ကမ္ဘာကြီးဟာ ရွာလေးထဲ ဆက်သွယ်လွယ်ခဲ့ပြီတဲ့
အဆက်အသွယ်မလုပ်ဖြစ်တော့တဲ့လူတွေအတွက်တော့
ဒီရွာလေးဟာ စကြဝဠာလို ပြန့်ကားကျယ်တယ်
ဝေးကွာခဲ့ပါတယ်
ကြယ်တွေ အချင်းချင်း လင်းနေတာ မသိတော့သလို
Active now ။ ။
                                            မောင်ရေချမ်း
                                      19 September 2016
စကားပြောဖို့ အသက်ရှင်စရာ မလိုတဲ့အခါ
မင်း မရှိတော့ရင်တောင်
မင်း ရှိရင် အဆင်ပြေပါပြီ
ဓာတ်ပုံ ။
ကြောက်တယ်
ခေါ်လို့ မရတဲ့ ဖုန်းနံပါတ်ကို
လက်က နှိပ်မိမှာ ကြောက်တယ်
ဓာတ်ပုံ ။
အသက်မရှိမှန်း သိရက်နဲ့
အသက်ပေးပြီး ချစ်နေဆဲဆိုတာ
ဓာတ်ပုံ ။
ဝေးကွာတယ်ဆိုတာ သံယောဇဉ်ပါပဲ
အေးပါ...သံယောဇဉ်ဆိုတာ ဝေးကွာခဲ့ပြီလေ
ဓာတ်ပုံ ။
မုန်းလိုက်တာ လို့ပြောရင်းပဲ
ဓာတ်ပုံကို မမြင်တော့အောင်ကို ငေးကြည့်မိတယ်
ဖုန်မတက်ဖို့ တယုတယပြန်သိမ်းထားမိတဲ့အထိ
မင်း မှာ အသက်ရှိတာ ယုံကြည်လို့ နမ်းလိုက်ပြီ
ဓာတ်ပုံ ။ ။
မောင်ရေချမ်း
18 May 2016
ဦးခေါင်းဖြတ်ခံရသောဖုန်းနံပါတ်
သေ ချင် ပါ တယ် ဆို
ရင် ခုန် နေ ရ သေး တဲ့ အ ဖြစ် တွေ
ချစ်တယ်ဆိုတာ
မိုးရေစိုသွားတဲ့ ဖုန်းလေးပါကွာ
အဆက်အသွယ်မဲ့ ။ ။
                     မောင်ရေချမ်း
                9 June 2016
ထမင်းစားပြီးနောက် ယောဂီ
ပုတီးစေ့တစ်လုံးကို ချတယ်
သောက်ပို လို့ ရွတ်တယ်
ပုတီးစေ့ နောက်တစ်လုံး
"သောက်ပို"
.......
ပုတီးစေ့ ကိုးလုံး ပြည့်တဲ့အခါ
သောက်ပိုဟာ ကိုးန၀င်း ကျေသွားတယ်
ပျော်ရတယ်
တစ်ကမ္ဘာလုံး
သောက်ပိုအဖြစ်မှာ ဂုဏ်တင့်ပါစေလေ။
                                              မောင်ရေချမ်း
                                         22 August 2016
လွတ်မြောက်သူ
ကောင်းကင်ကို ကြည့်တယ်
ဘာမှ မတွေ့။
ပင်လယ်ကို ကြည့်တယ်
ဘာမှ မတွေ့ ။
အခင်းဖြစ်သွားတဲ့ နေရာကို ကြည့်တယ်
ဘာမှ မတွေ့ ။
လူသတ်သမားဟာ
ဓားကို စစ်တပ်ထဲမှာ ဖွက်ပြီး
ရိပ်သာထဲမှာ ပုန်းနေတယ်။ ။
မောင်ရေချမ်း
23 / 8 /2016
မိုးပွင့်ရေလွှာ
ငါ့ပါးစပ်ကို
တခြားသူတွေဆီမှာ တပ်ပေးထားတယ်
ပျော်သည်ဖြစ်စေ ၊ ငိုသည်ဖြစ်စေ
အော်ကြပါစေ ။ ။
                             မောင်ရေချမ်း
                     24 August 2016
ပုဂံပြည်ရဲ့ငလျင်
ထီးတော် မရှိတော့မှ ဘုရားဟာ ဘုရား ပိုပီသတယ်
အနိစ္စ ကို ရက်ရက်စက်စက် ကိုယ်ထင်ပြတယ်
အားလုံးသေရမယ် မျက်ရည်မကျစေနဲ့တဲ့
နေရောင်ခြည်အောက်က ပုဂံဟာ
"ပျော်ပျော်ပြန်တည်ဆောက်ကြ " လို့ တရားပြတယ်။ ။
                                            မောင်ရေချမ်း
                                      25 August 2016
ရေသည်ယောက်ျားနဲ့ဥဒယမင်း တွေ့ဆုံခန်း
ရဲကားတွေ တွေ့ရင်
လူဆိုးတစ်ယောက်လို လိုက်သွားချင်တယ်
လူဆိုးတွေကို တွေ့ရင်လည်း
ငါ့ကိုယ်ငါ ရဲကား ဖြစ်ချင်ပြန်တယ် ။ ။
                                 မောင်ရေချမ်း
                           2 September 2016
votre livre
n'as - tu pas ?
Je n'ai pas ce dont j'ai besoin
J'aime ceux qui m'aiment
                                    Mg Yay Chan
                               8 September 2016
ကျွန်တော်ငေးမိတဲ့ သူတို့လူငယ်လေးတွေ
ဂိမ်းဆိုင်ထဲက နတ်သားတွေ
စစ်ပွဲကို ကွန်ပျူတာပေါ်က အပြီးသတ်လိုက်တယ်
လူ့ပြည်လောက ငြိမ်းချမ်းဖို့ ။ ။
မောင်ရေချမ်း
5 September 2016
ပါတီပွဲက သီချင်း
google map နဲ့ ရှာစရာ မလိုဘူး
ငါတို့ကဗျာထဲမှာ ငါတို့ရှိနေတယ်
Starting Windows......
ဖွင့်စမ်း ဟေ့ ဒီဂျေ
နတ်သားတွေ လူ့ပြည် ကြွချီလာတယ်
နတ်ပြည်ခြောက်ထပ်ကို တစ်ထပ်စီ ဖနောင့်နဲ့ပေါက်ခဲ့ပြီ
ကဗျာဆရာသက်တမ်းမကြွေမီ။ ။
မောင်ရေချမ်း
8 September 2016
ဖုန်းခေါ်သံ
ဓနိအိမ်လေးကို ငါ့ကဗျာရွတ်ပြီး မန်းမှုတ်လိုက်တယ်
နန်းတော်ကြီး ဖြစ်သွားတာ ဆန်းသလား
ငါ့ကဗျာကို သေနတ်ထဲ ထပ်ပစ်ထည့်လိုက်တယ်
နောက်ထပ် ငါ့ကဗျာတွေ ထပ်ထွက်လာတာ ဆန်းသလား
ငါ့ကဗျာ မရှိတာသာ ဆန်းကြယ်လို့
ငါ့ကဗျာတွေ ရိုးရှင်းခဲ့တယ်
နန်းတော်ကြီးပေါ်မှာ ကဗျာဆရာ ငါပဲ သမ္မတ ဖြစ်တယ်
ကဗျာရွတ်နေတာ မဟုတ်ဘူး
ကျမ်းသစ္စာဆိုနေတာ မင်းတို့ ကမ္ဘာအတွက် ။ ။
မောင်ရေချမ်း
8 September 2016
စကြ၀ဠာရဲ့သီချင်း
အားလုံးမှာ ကဗျာရှိတယ်
မရေးဖြစ်တာက လွဲလို့
အားလုံးဟာ ကဗျာရေးတယ်
ဖော်ပြနိုင်စွမ်း မရှိတာက မှန်ကန်လို့ ။ ။
                                   မောင်ရေချမ်း
                              11 Sep 2016
အလွန်၏ အလွန်တွင် အလွန်ပြတ်သားသောတွေများ
ဂျော့ဝါရှင်တန်ခေါင်းပြတ်တွေ
ဘုရင်မကြီးရဲ့နို့မှ သွေးတွေ ပန်းထွက်လို့လာတယ်
အဲဒါ တာမွေအ၀ိုင်းထိပ်မှာ ကွန်ဒုံးသုံးခု ငါးရာ
ဘယ်ဘ၀ရဲ့ကွမ်းယာကို ကြိုက်သလဲ
သုံးပေါင်လေးသော ဦးနှောက်လေးနဲ့တွေးခေါ် တိုင်း
စကြ၀ဠာထဲမှာ ခင်ဗျားကြီးတော်ဂျီး နေထိုင်တယ်
အချစ်လေး... ဓာတ်ပုံထဲကနေ မင်းကို ငါ ထမင်းကျွေးမယ်
ရတယ်လေ ကွန်ပျူတာခလုတ်နှိပ်ပြီး ဖန်ဆင်းမှုတွေထဲ
ထိုကလပ်မှာ ဒီဂျေနဲ့ကနေတာက ကျောင်းသားတွေ
ဂောာ်စကီကွိုင်းသွားလိမ့်မယ် ကောင်မလေးရဲ့
သေရမယ့်နေ့ဆိုတာ နေရောင်အောက်မှာပဲ ရှိလို့
ကော်စကီကွိုင်းသွားလိမ့်မယ် အကောင်စုတ်ရဲ့
တစ်လှည့်စီပဲ ငါတို့က မင်းတို့နဲ့တစ်လှည့်စီပဲ
အားလုံးရဲ့သမိုင်းမှာ အားလုံးမပါဘူး လစ်တော့
မိုးအောက်မြေပြင် သိုင်းပညာရှင်။ ။
မောင်ရေချမ်း
9 September 2016
မိနစ်များစွာ ပြီးသောအခါ
ရယ်ချင်ဖို့အတွက်
ဘယ်မှာ သင်တန်းတက်ရမလဲ
ကောင်းတယ် သေ
ကောင်းတယ် သေ
ကောင်းတယ် သေ
အသံတဲ့
ဘာမှကို မကြားဘူး
အော်ဟစ်ပစ်လိုက်တယ်
ဝေးရမှာ သိရက်နဲ့များ
ချစ်ခဲ့မိကြသေးတယ်
တန်လိုက်တာကွာ ။ ။
မောင်ရေချမ်း
5 - 19 , Sep 2016
စက်ဘီးကို ဒေါက်ထောက်၍ ရပ်တန့်သွားခြင်း
အဲဒီလမ်းလေးကို ငေးတယ်
အဲဒီလမ်းလေးမှာ ဖယ်ရီကားတစ်စီး ရပ်တယ်
တစ်ခါက..ပါ
ဒါပေမဲ့...အခုထိပဲ။ ။
                              မောင်ရေချမ်း
                      15 Sep 2016
ကျွီ ခနဲ ဘရိတ်အုပ်သံ
ဘဲလ်မတီးဘူးကွာ
မေတ္တာတရားနဲ့ ပြောပြရမယ်ဆိုရင်တော့
ဒီတိုင်းပဲ
ပြိုင်ကားလောက်များ သနားတယ်
ခေါင်းချင်းဆိုင်ပစ်လိုက်ရင်ကို
နောက်ကို နှစ်ဘီးစာလောက် ရွေ့သွားတာချည်းပဲ
ချစ်လှစွာသော ငကြောက်လေးတွေ
ငါစီးလာတာက
အမောကြောဆုံး လက်နက် တပ်ဆင်ထားတဲ့
ငါ့စိတ်ဓာတ်နဲ့ ငါ့ စက်ဘီး ။ ။
မောင်ရေချမ်း
16 September 2016
ဝေးကွာသွားတဲ့ ထောပတ်သီးဖျော်ရည်
Get in touch -
ဆက်သွယ်သည်
Keep in touch -
အဆက်သွယ်မပြတ်အောင်လုပ်သည်
Lose touch - အဆက်သွယ်ပြတ်သွားသည်။ ။
မောင်ရေချမ်း
17 September 2016
ငါတို့တွေ ကကြီး ခခွေးရေးခဲ့စဉ်က
တယ်ညံ့တဲ့ အောင်ချိမ့်လို့
မောင်ချောနွယ်က ပြောတော့
ဖော်ဝေးက ဖနောင့်နဲ့ ရွယ်တဲ့အခါ
ဟေ့ကောင်တွေ တော် အသံက
မြေချစ်သူဆီက ထွက်လာကာ
အဲဒီမှာ ဒဂုန်တာရာဟာ ပြုံးရင်း
သခင်ကိုယ်တော်မှိုင်းနာမည်ကို
ကဗျာတစ်ပုဒ်လို ရွတ်လိုက်တယ် ။ ။
မောင်ရေချမ်း
18 Sep 2016
နှင်းဦးဝေ
ဒဂုန်တာရာရဲ့ပန်းနုရောင်ကို
အချစ်က လေနုအေးနဲ့ မွှေးတယ် ။ ။
                                    ချောချိမ့်
                              17 Sep 2016
ပျင်းရိနေတဲ့ တစ္ဆေ
မိုးတွေရွာစမ်းပါစေ အပျင်းပြေ နံရံပေါ်က
ပင့်ကူဟာ ဖင်ထောင်ပြီး လူ့ဘ၀တွေကို
တဟားဟားလှောင်
ထီးရွက်တွေပေါ်က ရေစက်တွေ
တစက်ပြီးတစက် မြေပြင်ပေါ်
စိမ့်ဝင်စီးကျလို့
ဂေါတမဗုဒ္ဓက ပရိနိဗ္ဗာန်မပြုမီ
ဟောကြားဆုံးမတယ်
"ချစ်သား အာနန္ဒာ ငါ အာညောင်းပြီ"။။
မောင်ရေချမ်း
18 Sep 2016
ဂျလုံး ဗလုံး
အွန်း
မျက်ခုံးမွှေးကို နက်အောင်ဆွဲပြီး
သောက်ကလေးမက
လူ့ဘ၀ကိုတောင် ဆယ်ဖီဆွဲပြနေတယ် ။ ။
                                    အိုထူး 
                       17 Sep 2016
သမိုင်းချက်ဘောက်
အင်တာနက် သုံးရင်နဲ့ကို စာတွေ ရသွားတယ်
သိပ်တန်ခိုးရှိတဲ့ ဖုန်းပေါ့
အဲဒါ အချိန်မှာပဲ နာဇီဂျာမနီတွေ ၀င်လာတယ်
စာမကျက်တဲ့ကောင်မလေးတွေကို ဖမ်းဖို့
ဂျပန်က ၀ါတာရှိဝ ဆိုပြီး ပါးတွေချည်းစွတ်ရိုက်တာ
မင်းတို့ကို ပြန်တိုက်မယ်လို့ ဗိုလ်ချုပ်ကနေ အညာကနေ အူဝဲ ဆိုပြီး ထအော်တော့ ဥရောပတိုက်ကြီးက
နယူတန်ရဲ့ဖော်မြူလာတွေနဲ့ကြီးပွားနေပြီ
ကမ္ဘာကြီး ချာချာလည်နေတယ်လို့ ပလာတာဝယ်မစားနိုင်တဲ့ ကုလားလေးက ပြောတော့ ဖုန်းပွတ်ရင်း အေးပါကွာ ပြန်ပြောလိုက်ရင်း
အဲဒါ ငါတို့ တီထွင်တဲ့ ကျိုက်ထီးရိုးသေနတ်ကွ တွေ ထွက်လာပြန်တယ်
မင်းက ရုရှလား ဆိုတော့ မဟုတ်ပါဘူး မြန်မာ့စစ်သားရုရှကို ဖွန်ကြောင်ဖို့သွားရတာပဲ တွေးကြည့်ပြန်တော့လည်း ပုံဖော်မတတ်တဲ့
ငါက ဒေသစာရီကြွချီတာ ဘတ်စ်ကားနဲ့လေ
ဒီဂျေမဖွင့်ရင်တော့ သီချင်းကို နေ့လည် တရေးတမော အိပ်ပါစေ မသာမလေး သေဖို့ကြီးပဲ သောက်လုပ်ကို လုပ်နေရတယ်
ဟုတ်တယ် မင်းချက်ချင်းတော်လာပြီ
မိနစ် ၂၀ ကျော်ကြာပါတယ်ဆို
ဟေတူ ဟေတု သံပယုတ်တကာနံ
နဲ့ စတယ်ထင်တာပဲ ထင်ရတာပဲလေ။ ။
မောင်ရေချမ်း
18 Sep 2016
Saturday, September 17, 2016
Only me အရေးအသားများ
 ( ၁)
အဲဒီ သီချင်းကို နားထောင်တိုင်း
လွမ်းနေရင် ဂီတာ လာတီးပေးမှာပေါ့
သီချင်းဆိုမကောင်းတဲ့ပါးစပ်ကနေ
ကဗျာတွေ ထွက်လာရင်
မင်း ပျော်ရွှင်သွားမှာပါ
မင်း ပျော်ရွှင်သွားမယ် မျှော်လင့်မိရုံပါ
မငိုနဲ့လေ
ကမ္ဘာ့ရတနာသေတ္တာကို ဖွင့်ဖို့ မင်းလက်ကို စောင့်နေတယ်။ ။
(၂ )
တကယ်ဖြစ်တယ်
မဟုတ်ဘူးဆိုရင် တကယ်ဖြစ်ခဲ့တယ်
မင်း မျက်ရည်က လာစိုတဲ့အခါ
မင်း ခုန်ချချင်တဲ့အမြင့်ကို ငါ ဖျောက်ခဲ့
မင်း ခုန်ချချင်တဲ့အောက်မှာ ငါမွေ့ယာခင်းထားခဲ့
သတ်သေမယ့်ကြိုးခွေတွေလည်း
ကြွက်တစ်ကောင်လို ငါ ၀ါးစားပစ်ခဲ့တာပဲ
ပျော်ပါစေ ။ ။
(၃ )
ငါ့ကို ချစ်ပါ လို့ မပြောခဲ့ဘူး
အသည်းပုံလေးကို နှိပ်လိုက်တယ်
မင်းကို ချစ်လို့ ။ ။