Saturday, February 18, 2012

ရန်ကုန်

အဓိက မှာချင်တာ တွေ့ရာ မစားနဲ့
ယင်နားစာတွေ ပေါတယ် ၀မ်းပျက်လျှောဖြစ်ဖို့ လွယ်တယ်
လမ်းဘေးဆိုင်တွေ ပေါတယ်
ဖိနပ် အဟောင်းတွေ စီးပြီး လမ်းကြီးကြီး လျှောက်သူတွေပေါတယ်
လမ်းတွေပေါသလောက် ချိုင့်တွေလည်းပေါတယ်

ပေါတယ်... ပေါတယ်
လူတွေ ပေါတယ်
လမ်းတွေ ပေါတယ်
ကားတွေ ပေါတယ်
စိတ်ကို သတိဆွဲထား

Thursday, February 16, 2012

အတိတ်

   ပြီးခဲ့ပြီးပြီ
   စာရွက်တွေဝါကျင့်လို့ နောက်ဆိုကြေသွားတော့မယ်
   အခုတော့လည်း ဒီဇာတ်လမ်းမှာ သူဟာဇာတ်လိုက်
   နောင်တစ်ချိန်စာမျက်နှာပေါ်မှာ မင်နီတွေနဲ့နာမည်ကြီးဦးမှာ    ၊၊       ၊၊

                                                                    မောင်ရေချမ်း