tracks in drak of love
but the sex with necks
name of what are black
map in the money vobi
say to ring calling swim
chapers by chapers O
where home off- end
please delect us back .
Mg Yay Chan
31 Oct 2016
Monday, October 31, 2016
တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာမီးပန်း
ညစာအတွက် ရေချိုး
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး
ရေတွေ ရေတွေ ရွာကျတော့
မိုးရာသီဆိုတာကို ရတယ်
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး
မိုးရာသီကို
မျက်ခွက် ဖြတ်ရိုက်ပစ်လိုက်တော့
နှင်းတွေ ကျတယ်
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး
ငိုးမ နှင်းတွေ ကုန်သွားတဲ့အခါ
နေပြင်းမုန်တိုင်းနဲ့ နွေလာလိမ့်မယ်
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး ။ ။
မောင်ရေချမ်း
31 Oct 2016
မိုးရာသီဆိုတာကို ရတယ်
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး
မိုးရာသီကို
မျက်ခွက် ဖြတ်ရိုက်ပစ်လိုက်တော့
နှင်းတွေ ကျတယ်
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး
ငိုးမ နှင်းတွေ ကုန်သွားတဲ့အခါ
နေပြင်းမုန်တိုင်းနဲ့ နွေလာလိမ့်မယ်
အသုံးမကျတဲ့ မသာမတွေ
ညစာအတွက် ရေချိုး
ညစာအတွက် ရေချိုး ။ ။
မောင်ရေချမ်း
31 Oct 2016
ဗုံးဒဏ်ရာမဲ့ဂွေး
စစ်ကြီးပြီးတဲ့အခါ
ကလေး ကြီးပြင်းလာတယ်
ပျော်ရွှင်စရာဇာတ်သိမ်းဟာ
ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ် ။ ။
မောင်ရေချမ်း
31 Oct 2016
ကလေး ကြီးပြင်းလာတယ်
ပျော်ရွှင်စရာဇာတ်သိမ်းဟာ
ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ် ။ ။
မောင်ရေချမ်း
31 Oct 2016
လူငယ်အရောင်းဆိုင်
လူငယ်အသားကို စားရင်
မှားမယ်
အငန်ဓာတ်ကြွယ်ဝတယ်
မှားမယ်
အငန်ဓာတ်ကြွယ်ဝတယ်
လာမဝယ်နဲ့
မရောင်းဘူး
ဆိုင်ဝမှာ စာတန်းဟာ ချိတ်ဆွဲလျက်
Fuck !
မောင်ရေချမ်း
31 Oct 2016
မရောင်းဘူး
ဆိုင်ဝမှာ စာတန်းဟာ ချိတ်ဆွဲလျက်
Fuck !
မောင်ရေချမ်း
31 Oct 2016
Sunday, October 30, 2016
ကြိုးစားနိုင်စွမ်းမဲ့ပေမယ့် ထပ်ပြောချင်တဲ့ ငါ့လိပ်စာ
ကြိုးစားနိုင်စွမ်းမဲ့ပေမယ့် ထပ်ပြောချင်တဲ့ ငါ့လိပ်စာ ---
ချောကလက်မုန့် ဟုတ်လား
ဘာလို့ လူတွေကြား တအား ဖြတ်မောင်းသွားတာလဲ
သူများအိပ်မက်တွေကို ဖျက်ပစ်နေသလို
ဘာကိစ္စ ကားကို ပါကင်ထိုး ရဲတာလဲ
ကိုယ့်မိန်းမကိုယ် မနမ်းချင်ပါဘူး
သူများမိန်းမကို မနမ်းရတဲ့အခါ
ကိုယ့်မိန်းမကိုယ် မနမ်းချင်သော်လည်းလေ
တွေ့ရတာ ဝမ်းသာပါဗျာဆိုတဲ့ အသံနဲ့
ဘဝ ဆိုတာ ဟုတ်တာပေါ့ ခရီးရှည်
လက်ညှိုးနဲ့လက်မကို ခဏခဏ မဝိုင်းပါနဲ့ဆို
ကောင်းသောညနေခင်းမှာ ဟိုင်းလိုက်စမ်းပါ
စုံစမ်းမှုအဆင့်ထိပ်တန်းက ပါးစပ်ခြောက်လို့
သုံးဆောင်ချင်တာကို ရေပန်းလေးတွေ ဖြန်းရပြန်ရော
ကောင်းပါတယ် စာရင်းဇယားတွေဟာ
တကယ် မသင့်လျှော်ပေမယ့် တွဲရမှာပဲ
အေးဂျင့်တစ်ယောက်လို စဉ်းစားတဲ့အခါ
ဝတ်ထားတဲ့ ဘော်လီထဲမှာ သတ်မယ့်ဆေးပုလင်းပါနိုင်တယ်
အချစ်ရယ်..
အန္တရာယ်ခေတ်ကြီးထဲ ပျော်ပျော်ပါးပါး ကဖို့
နောက်ထပ် ငတုံးတစ်ကောင်ကို မင်းရှာနိုင်မယ် ထင်ပါတယ် ။ ။
ချောကလက်မုန့် ဟုတ်လား
ဘာလို့ လူတွေကြား တအား ဖြတ်မောင်းသွားတာလဲ
သူများအိပ်မက်တွေကို ဖျက်ပစ်နေသလို
ဘာကိစ္စ ကားကို ပါကင်ထိုး ရဲတာလဲ
ကိုယ့်မိန်းမကိုယ် မနမ်းချင်ပါဘူး
သူများမိန်းမကို မနမ်းရတဲ့အခါ
ကိုယ့်မိန်းမကိုယ် မနမ်းချင်သော်လည်းလေ
တွေ့ရတာ ဝမ်းသာပါဗျာဆိုတဲ့ အသံနဲ့
ဘဝ ဆိုတာ ဟုတ်တာပေါ့ ခရီးရှည်
လက်ညှိုးနဲ့လက်မကို ခဏခဏ မဝိုင်းပါနဲ့ဆို
ကောင်းသောညနေခင်းမှာ ဟိုင်းလိုက်စမ်းပါ
စုံစမ်းမှုအဆင့်ထိပ်တန်းက ပါးစပ်ခြောက်လို့
သုံးဆောင်ချင်တာကို ရေပန်းလေးတွေ ဖြန်းရပြန်ရော
ကောင်းပါတယ် စာရင်းဇယားတွေဟာ
တကယ် မသင့်လျှော်ပေမယ့် တွဲရမှာပဲ
အေးဂျင့်တစ်ယောက်လို စဉ်းစားတဲ့အခါ
ဝတ်ထားတဲ့ ဘော်လီထဲမှာ သတ်မယ့်ဆေးပုလင်းပါနိုင်တယ်
အချစ်ရယ်..
အန္တရာယ်ခေတ်ကြီးထဲ ပျော်ပျော်ပါးပါး ကဖို့
နောက်ထပ် ငတုံးတစ်ကောင်ကို မင်းရှာနိုင်မယ် ထင်ပါတယ် ။ ။
မောင်ရေချမ်း
27 Oct 2016
27 Oct 2016
တောအုပ်ကျောင်းတော်
အမြင့်ကို မော့ကြည့်တော့
မန်ကျည်းရွက်တွေဟာ လှပထူထပ်လို့
သရက်ပင်လေးဟာလည်း
နံဘေးမှာ ရန်မလိုဘဲ ယှဉ်တွဲနူးညံ့ကာ
အကိုင်းအခက်တွေ တခမ်းတနားဖြာလို့
မြေပြင်ပေါ်ဝယ်...
ရေအိုင်ငယ်လေးတွေမှာ ချမ်းမြမှု လူးတယ်
ရွက်လှပင်များ ခြံရံစုပေါင်းရင်းပေါ့
တိတ်ဆိတ်ရနံ့များ အထူးမွှေးကူးစွာ
သပြေပင်နုနုလေးဟာ ပုဝပ်ငြိမ်သက်နေတယ် ။ ။
မောင်ရေချမ်း
28 Oct 2016
မန်ကျည်းရွက်တွေဟာ လှပထူထပ်လို့
သရက်ပင်လေးဟာလည်း
နံဘေးမှာ ရန်မလိုဘဲ ယှဉ်တွဲနူးညံ့ကာ
အကိုင်းအခက်တွေ တခမ်းတနားဖြာလို့
မြေပြင်ပေါ်ဝယ်...
ရေအိုင်ငယ်လေးတွေမှာ ချမ်းမြမှု လူးတယ်
ရွက်လှပင်များ ခြံရံစုပေါင်းရင်းပေါ့
တိတ်ဆိတ်ရနံ့များ အထူးမွှေးကူးစွာ
သပြေပင်နုနုလေးဟာ ပုဝပ်ငြိမ်သက်နေတယ် ။ ။
မောင်ရေချမ်း
28 Oct 2016
ကထိန်သင်္ကန်း
ရပါတယ် အိုကေ
ကျောင်းသားတွေဟာ နှစ်တွေ ကြာအောင်
တိတ်ဆိတ်တာကို အာရုံစိုက်ခဲ့ကြတယ်
အပြာရောင်ပုလဲကြီးက ပညာရေးပေါ့
နေရယ် လရယ်
အချိန်ဖြုန်းတတ်တဲ့သူတွေဟာ
ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကူညီခဲ့တာ
အကိုင်းပေါ်နားနေမယ် အဲဒီလောက်ပါပဲ
ငှက်ကလေးဖြစ်ပြီးတဲ့နောက်
လူတွေရဲ့တွေးခေါ်မှုကို ငေးဖို့လေ
အဲဒါ အတွက် တောင်းပန်နေတာပါ
ကျိုင်းတစ်ခုရယ် သရဖူရယ်
ဘာမှ မလိုချင်လည်း လက်ဟာ ထွက်ပြေးလို့မရ
ရေမွန်က အမေရဲ့ ယောင်္ကျားဆိုရင်
ကျွန်တော်က ဂျက် သို့မဟုတ် လက်ထပ်တုန်းကလေ
တစ်ယောက်ယောက် ထွက်သွားတဲ့အခါ
ချစ်တဲ့သူတွေဟာ ပိုခွင့်မလွှတ်နိုင်ခဲ့တာ အမှန်ပါပဲ
ကြည့်စမ်းပါဦး ညီမလေး အိမ်လေးက လှလိုက်တာကွာ
ဘာမှမကာထားတဲ့ ရေကူးကန်ဟာ
နံရံတွေ အကျော်မှာ ရှိမယ် ထင်လို့ပါ တစ်ခုခု
အားလုံးက အသစ်လို့ ပြောပေမယ့်လည်းလေ
သူတောင်းစား...မင်းဟာ ငါ့သားမှ ဟုတ်ရဲ့လား
သားဟာ သူတောင်းစားပါ
ပြီးတဲ့အပြင် သားဟာ သူတောင်းစားအဖေ့သားပေါ့
ငေးကြည့်နေရင်း တစ်ချိန်တွေများမှာပဲ
ကွန်ထရစ်ကွင်းပြင်မှာ မြက်တွေ ပေါက်လာပြီ
အဖေ ... ဝါဆိုပြီးရင် ပြန်လာလို့ ရပါပြီ ။ ။
ကျောင်းသားတွေဟာ နှစ်တွေ ကြာအောင်
တိတ်ဆိတ်တာကို အာရုံစိုက်ခဲ့ကြတယ်
အပြာရောင်ပုလဲကြီးက ပညာရေးပေါ့
နေရယ် လရယ်
အချိန်ဖြုန်းတတ်တဲ့သူတွေဟာ
ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကူညီခဲ့တာ
အကိုင်းပေါ်နားနေမယ် အဲဒီလောက်ပါပဲ
ငှက်ကလေးဖြစ်ပြီးတဲ့နောက်
လူတွေရဲ့တွေးခေါ်မှုကို ငေးဖို့လေ
အဲဒါ အတွက် တောင်းပန်နေတာပါ
ကျိုင်းတစ်ခုရယ် သရဖူရယ်
ဘာမှ မလိုချင်လည်း လက်ဟာ ထွက်ပြေးလို့မရ
ရေမွန်က အမေရဲ့ ယောင်္ကျားဆိုရင်
ကျွန်တော်က ဂျက် သို့မဟုတ် လက်ထပ်တုန်းကလေ
တစ်ယောက်ယောက် ထွက်သွားတဲ့အခါ
ချစ်တဲ့သူတွေဟာ ပိုခွင့်မလွှတ်နိုင်ခဲ့တာ အမှန်ပါပဲ
ကြည့်စမ်းပါဦး ညီမလေး အိမ်လေးက လှလိုက်တာကွာ
ဘာမှမကာထားတဲ့ ရေကူးကန်ဟာ
နံရံတွေ အကျော်မှာ ရှိမယ် ထင်လို့ပါ တစ်ခုခု
အားလုံးက အသစ်လို့ ပြောပေမယ့်လည်းလေ
သူတောင်းစား...မင်းဟာ ငါ့သားမှ ဟုတ်ရဲ့လား
သားဟာ သူတောင်းစားပါ
ပြီးတဲ့အပြင် သားဟာ သူတောင်းစားအဖေ့သားပေါ့
ငေးကြည့်နေရင်း တစ်ချိန်တွေများမှာပဲ
ကွန်ထရစ်ကွင်းပြင်မှာ မြက်တွေ ပေါက်လာပြီ
အဖေ ... ဝါဆိုပြီးရင် ပြန်လာလို့ ရပါပြီ ။ ။
မောင်ရေချမ်း
27 Oct 2016
27 Oct 2016
Wednesday, October 26, 2016
ထင်ရှားသောဘီးရာ
ချောက်ထဲကို ထိုးချသွားတယ်
တမင်သက်သက် ၊ တမင်သက်သက်
အလောင်းတင်တဲ့ကား ။ ။
မောင်ရေချမ်း
26 Oct 2016
တမင်သက်သက် ၊ တမင်သက်သက်
အလောင်းတင်တဲ့ကား ။ ။
မောင်ရေချမ်း
26 Oct 2016
သေမှုသေခင်းဆိုင်ရာ မိနစ်များ
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
အိပ်မက်ပေါ်ကို ခုန်ချခဲ့တယ်
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
မင်း သေရမယ့်နေရာမှာ
ကမ္ဘာဟာ ပြားတယ်
ငါတို့ငှက်တွေလို အတောင်ပံနဲ့
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
မင်းကို ကြည့်မရလို့
ကိုယ့်ဘ၀ကိုယ်ပဲ ချစ်ခဲ့ရတယ်
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
မုန်းသွားတာ ချစ်လို့ ဖြစ်ခဲ့ပါတယ် ။ ။
မောင်ရေချမ်း
26 Oct 2016
အိပ်မက်ပေါ်ကို ခုန်ချခဲ့တယ်
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
မင်း သေရမယ့်နေရာမှာ
ကမ္ဘာဟာ ပြားတယ်
ငါတို့ငှက်တွေလို အတောင်ပံနဲ့
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
မင်းကို ကြည့်မရလို့
ကိုယ့်ဘ၀ကိုယ်ပဲ ချစ်ခဲ့ရတယ်
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
မုန်းသွားတာ ချစ်လို့ ဖြစ်ခဲ့ပါတယ် ။ ။
မောင်ရေချမ်း
26 Oct 2016
Monday, October 24, 2016
ကော့စမိုပန်းရုံ
မသိဘူးတွေက တို့များ၏
အရောင်အဆင်း ၀င်းပစွာကို
မွေးဖွားတဲ့အခါ
မသိဘူးတွေက တို့များ၏
အရောင်အဆင်း ၀င်းပစွာကို
ကြီးပြင်းတဲ့အခါ
မသိဘူးတွေက တို့များ၏
အရောင်အဆင်း ၀င်းပစွာကို
သေဆုံးတဲ့အခါ ။ ။
မောင်ရေချမ်း
25 Oct 2016
ဘီလီယံပေါင်းများစွာသော ဂလက်စီ ကြယ်စင်တန်းတွေ
ဖိလစ်ပိုင် နိုင်ငံ ၀ိတိုရိယ တောင်တန်း တွေမှာ
ဒဿ နိကဗေဒဆိုင်ရာ ဈေးကစားခြင်း
သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို
သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို
သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို
၁၇ရာစုတွင် အဏုကြည့်မှန်ဘီလူး ပေါ်ပေါက်လာပြီးနောက်
တိရိစ္ဆာန်၊အပင်၊ ပစ္စည်းပစ္စယ တို့ကို
အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ၏
သင်္ချာက အုံနဲ့ကျင်းနဲ့ အထွဋ်အထိပ်မှာ
၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက
နာနိုစက္ကန့်မှ ရာစုနှစ်တွေအထိ အချိန်စကေး
‘စွမ်းအင်ထိန်းသိမ်းမှု ဥပဒေသ’ဆိုတာမှာ
စကားလုံးများအပြင်၊ ဒြပ်၊ အဟုန် ၊ အရွေ့
ဆေးဝါးအတတ်ပညာ၊ ဦးနှောက်နဲ့ အာရုံကြော
DNA တွေ့ရှိမှုက အနုပညာဘိုင်အိုလော်ဂျီ
ပြိုင်ဆိုင်မှုတွေက နောက်ထပ် မင်္ဂလာရှိသောများ
အသားစား အပင် မျိုးစိတ် ပေါင်း ၁၂၀ ထဲက ။ ။
ဒဿ နိကဗေဒဆိုင်ရာ ဈေးကစားခြင်း
သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို
သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို
သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို
၁၇ရာစုတွင် အဏုကြည့်မှန်ဘီလူး ပေါ်ပေါက်လာပြီးနောက်
တိရိစ္ဆာန်၊အပင်၊ ပစ္စည်းပစ္စယ တို့ကို
အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ၏
သင်္ချာက အုံနဲ့ကျင်းနဲ့ အထွဋ်အထိပ်မှာ
၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက
နာနိုစက္ကန့်မှ ရာစုနှစ်တွေအထိ အချိန်စကေး
‘စွမ်းအင်ထိန်းသိမ်းမှု ဥပဒေသ’ဆိုတာမှာ
စကားလုံးများအပြင်၊ ဒြပ်၊ အဟုန် ၊ အရွေ့
ဆေးဝါးအတတ်ပညာ၊ ဦးနှောက်နဲ့ အာရုံကြော
DNA တွေ့ရှိမှုက အနုပညာဘိုင်အိုလော်ဂျီ
ပြိုင်ဆိုင်မှုတွေက နောက်ထပ် မင်္ဂလာရှိသောများ
အသားစား အပင် မျိုးစိတ် ပေါင်း ၁၂၀ ထဲက ။ ။
မောင်ရေချမ်း
25 Oct 2016
25 Oct 2016
သီတင်းကျွတ်ပြီးရင် မင်္ဂလာဆောင်မယ့်သူတွေ
စိန်ခုနစ်ပွင့်ဖြင့် ဖန်တီးထားသော တို့ဒဒွေ
ဒါဝင်၏သီအိုရီ အရ ပြဿနာမှာ အခုရှိသော
ဈေးနှုန်းချိုသာပြီး၊ စွမ်းရည် သင့်တင့်တာကြောင့်
အံ့မခန်းကောင်းမွန်ပြီး သီချင်းများရဲ့ ပုံပန်းတွင်
အထူးသီးသန့် ထုတ်လုပ်ထားပြီး ရရှိနိုင်သည်က
စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည့်
၈၄ လက်မအရွယ်ဖြင့် ရုပ်မြင်ဖန်သားပြင်ဖြစ်ပြီး
အရွယ်အစားအနေဖြင့် အမြင့် ၂ လက်မ၊ အနက်
၂.၆ လက်မနှင့် အကျယ် ၀.၉ လက်မရှိပြီး
တပ်ဆင်ပေးထားကာ အခြားတစ်ဖက်တွင်မူ
အချိန်နှင့် တန်ဖိုးတို့ကို အတိအကျ မသိရသေး
ပါးလွှာပြီး နံရံကပ်အနေနဲ့လည်း မသိရသေး
အနက်ရှိုင်းဆုံးအသံများ အနိမ့်အမြင့်အားလုံးကို
ကြည်လင်ပီသစွာ ၊ ကြားရမယ်ဆိုတာ ဆိုပါ ဆို ။ ။
မောင်ရေချမ်း
25 Oct 2016
ကလေးတစ်ယောက်ရဲ့ ကျောင်းမသွားရဲတဲ့ ဖိနပ်
ကျောင်းမဖွင့်ခင်ကတည်းမှာ
ဝလုံးလေးတွေနဲ့ အေဘီစီဒီကို ချစ်ခဲ့တာတွေ
အမေ့လက်မှာ ပညာတတ်ဖြစ်အောင် လေ့ကျင့်ပေးမှုတွေ မွှေးနေခဲ့တယ်
ချစ်တယ် မူကြို ၊ ဇာတ်လမ်းမဲ့လမ်းလေးထဲ
ငိုကြွေးသူပညာရေးမှာ ပေတံလေးဟာ သွေးပေသွားတယ်
စာမရသူခုံပေါ်တက်သောမျက်ရည်စက်များ
ဆရာမဟာ သင်္ချာညံ့တယ်
ကျောင်းသားလေးသေသွားတဲ့အခါ
နိုင်ငံတစ်ခုလည်း အလောင်းဖြစ်သွားခဲ့တယ်
ခေါင်းလောင်းသံက အနာဂတ်ကို လာပါ အော်ခေါ်ရင်း
ကြိမ်ချက်ဒဏ်ရာက သိမ်းထားတဲ့ဖိတ်စာ
ဝါကျဖွဲ့ဖို့ ဖတ်စာအုပ်ကို ချစ်လို့
ဖတ်စာအုပ်ဖတ်လို့ အတန်းဖော်မလေးကို မမုန်းဖို့
အဖြူနဲ့အစိမ်းမှာ မုသားကင်းစင်စွာတံဆိပ်လာရင်
မြင့်မားရိုးသားတဲ့အသံ တိုးတိုးလေးညံတယ်
ပြာကျသွားသူဝိညာဉ်များကို အသက်သွင်းဖို့
ကျောင်းသွားရမယ့် ဖိနပ်ကလေးတစ်ရံဟာ
ဆရာမ ရိုက်မယ့် ကြိမ်လုံးဒဏ်ကို ကြောက်နေပါတယ်
စာမရလို့ ၊ အလွတ်ကျက်ခြင်းမှာ ညံ့ဖျင်းလို့ ။ ။
ဝလုံးလေးတွေနဲ့ အေဘီစီဒီကို ချစ်ခဲ့တာတွေ
အမေ့လက်မှာ ပညာတတ်ဖြစ်အောင် လေ့ကျင့်ပေးမှုတွေ မွှေးနေခဲ့တယ်
ချစ်တယ် မူကြို ၊ ဇာတ်လမ်းမဲ့လမ်းလေးထဲ
ငိုကြွေးသူပညာရေးမှာ ပေတံလေးဟာ သွေးပေသွားတယ်
စာမရသူခုံပေါ်တက်သောမျက်ရည်စက်များ
ဆရာမဟာ သင်္ချာညံ့တယ်
ကျောင်းသားလေးသေသွားတဲ့အခါ
နိုင်ငံတစ်ခုလည်း အလောင်းဖြစ်သွားခဲ့တယ်
ခေါင်းလောင်းသံက အနာဂတ်ကို လာပါ အော်ခေါ်ရင်း
ကြိမ်ချက်ဒဏ်ရာက သိမ်းထားတဲ့ဖိတ်စာ
ဝါကျဖွဲ့ဖို့ ဖတ်စာအုပ်ကို ချစ်လို့
ဖတ်စာအုပ်ဖတ်လို့ အတန်းဖော်မလေးကို မမုန်းဖို့
အဖြူနဲ့အစိမ်းမှာ မုသားကင်းစင်စွာတံဆိပ်လာရင်
မြင့်မားရိုးသားတဲ့အသံ တိုးတိုးလေးညံတယ်
ပြာကျသွားသူဝိညာဉ်များကို အသက်သွင်းဖို့
ကျောင်းသွားရမယ့် ဖိနပ်ကလေးတစ်ရံဟာ
ဆရာမ ရိုက်မယ့် ကြိမ်လုံးဒဏ်ကို ကြောက်နေပါတယ်
စာမရလို့ ၊ အလွတ်ကျက်ခြင်းမှာ ညံ့ဖျင်းလို့ ။ ။
မောင်ရေချမ်း
21 Oct 2016
21 Oct 2016
တီကောင်တံဆိပ်
ဝါးပင်လေးအောက်မှာ
မြေဆွေးဖြစ်ရမယ့်သစ်ရွက်လေးများအတွက်
ဂုဏ်ပြုတေးကို တူးဆွသီဆိုသူမျှသာ ။
မောင်ရေချမ်း
21 Oct 2016
21 Oct 2016
အဆုံးသတ်ရုပ်ထု
ကြေကွဲမှုက ပေါ့ပါး ပါတယ်
လမ်းခွဲပြီးတဲ့အခါ မောင် နဲ့ ကျွန်မဟာ
အသည်းပုံလေးတွေကို ကပ်ကြေးနဲ့
အတူတူ ထိုင်ညှပ်ကြတယ်
မျက်ရည်ကြားမှာ ပြုံးရွှင်စွာ ။ ။
မောင်ရေချမ်း
21 Oct 2016
လမ်းခွဲပြီးတဲ့အခါ မောင် နဲ့ ကျွန်မဟာ
အသည်းပုံလေးတွေကို ကပ်ကြေးနဲ့
အတူတူ ထိုင်ညှပ်ကြတယ်
မျက်ရည်ကြားမှာ ပြုံးရွှင်စွာ ။ ။
မောင်ရေချမ်း
21 Oct 2016
နှုတ်ခမ်းပေါ်က မိုးမုန်တိုင်း
အရမ်း လွမ်းတယ်လို့
မိုးစက်တွေက ရွာသွန်းပြောဆိုတော့
အရမ်း ချစ်တယ်ကွာ ဆိုပြီး
မုန်တိုင်းဟာ မိုးပွင့်ဖြူကို ပွေ့ဖက်ယူတယ်
သူတို့ ဘယ်တော့မှ မခွဲတော့ဘူး
မိုးမုန်တိုင်းဆိုတာ
ချစ်သူနှစ်ဦးရဲ့ ထီးအောက်က နှုတ်ခမ်းတွေ ။ ။
မောင်ရေချမ်း
21 Oct 2016
မိုးစက်တွေက ရွာသွန်းပြောဆိုတော့
အရမ်း ချစ်တယ်ကွာ ဆိုပြီး
မုန်တိုင်းဟာ မိုးပွင့်ဖြူကို ပွေ့ဖက်ယူတယ်
သူတို့ ဘယ်တော့မှ မခွဲတော့ဘူး
မိုးမုန်တိုင်းဆိုတာ
ချစ်သူနှစ်ဦးရဲ့ ထီးအောက်က နှုတ်ခမ်းတွေ ။ ။
မောင်ရေချမ်း
21 Oct 2016
နှင်းကြို အာရုံကြော
မင်းကို ငါ ချစ်တယ် ပြောရင်
ရက်ရက်ရောရော လှောင်ပါ
ခေတ်ကို ငါ ဆဲတယ် ပြောရင်
တသွဲ့သွဲ့ ကြည်နူးပါ
ခေတ်နဲ့ ပတ်သတ်ရင် အဆိုးမြင်သူ
အချစ်နဲ့ ပြီးပြီမှာ အကောင်းမြင်သူ
အဲဒါ ဝါကျလူတစ်ဦး
ဖြောင့်တန်းသော အိပ်မက်မှာ
ယဉ်ကျေးတဲ့ လရောင် အဖြစ် မင်းပါတယ်
တချို့ တွေရဲ့ကြင်နာမှုဆိုတာ
ကျည်ဆံတွေ ရင်ဘတ်ထဲ ပစ်ထည့်ခြင်းပါ
ဘယ်သူတိုင်းအတွက် ဝေးတဲ့အိမ်
လိုင်း မကောင်းလို့ မဟုတ်ဘူး
လူတွေ အလောင်းဖြစ်ကုန်လို့
ဝိညာဉ်အချင်းချင်း ပွေ့ဖက်ထားရတာ
ခံစားတယ် နာကျင်တယ်
စစ်မြေပြင်သတင်းတွေ ဖတ်တိုင်း
ချစ်ရသူတွေကို စိတ်ပူတယ်
စစ်သားလေးတစ်ယောက်
ဝတ်စုံချွတ်ရမှာ ကြောက်သလို
သတိရမှုကို ချွတ်ချပစ်ရမှာ ကြောက်သူဟာ
မြင်ကွင်းတိုင်းကို လွမ်းစွာ ငေးမိတယ်
တစ်ယောက်ယောက်ကို လွမ်းတဲ့အခါ
ဖုန်းဆက်ဖို့ ဖုန်းကို အဓိက မလိုဘူး
ပိုက်ဆံလိုတယ်ဆိုတာ လူ့ဘဝဖြစ်သော
အံ့သြရတယ်
အင်္ဂါဂြိုဟ်ရဲ့ အနီရောင်နဲ့ တောက်ပမှုဟာ
ကမ္ဘာပေါ်က ရင်ဘတ်မီးတွေ ဖြစ်ပါတယ် ။ ။
ရက်ရက်ရောရော လှောင်ပါ
ခေတ်ကို ငါ ဆဲတယ် ပြောရင်
တသွဲ့သွဲ့ ကြည်နူးပါ
ခေတ်နဲ့ ပတ်သတ်ရင် အဆိုးမြင်သူ
အချစ်နဲ့ ပြီးပြီမှာ အကောင်းမြင်သူ
အဲဒါ ဝါကျလူတစ်ဦး
ဖြောင့်တန်းသော အိပ်မက်မှာ
ယဉ်ကျေးတဲ့ လရောင် အဖြစ် မင်းပါတယ်
တချို့ တွေရဲ့ကြင်နာမှုဆိုတာ
ကျည်ဆံတွေ ရင်ဘတ်ထဲ ပစ်ထည့်ခြင်းပါ
ဘယ်သူတိုင်းအတွက် ဝေးတဲ့အိမ်
လိုင်း မကောင်းလို့ မဟုတ်ဘူး
လူတွေ အလောင်းဖြစ်ကုန်လို့
ဝိညာဉ်အချင်းချင်း ပွေ့ဖက်ထားရတာ
ခံစားတယ် နာကျင်တယ်
စစ်မြေပြင်သတင်းတွေ ဖတ်တိုင်း
ချစ်ရသူတွေကို စိတ်ပူတယ်
စစ်သားလေးတစ်ယောက်
ဝတ်စုံချွတ်ရမှာ ကြောက်သလို
သတိရမှုကို ချွတ်ချပစ်ရမှာ ကြောက်သူဟာ
မြင်ကွင်းတိုင်းကို လွမ်းစွာ ငေးမိတယ်
တစ်ယောက်ယောက်ကို လွမ်းတဲ့အခါ
ဖုန်းဆက်ဖို့ ဖုန်းကို အဓိက မလိုဘူး
ပိုက်ဆံလိုတယ်ဆိုတာ လူ့ဘဝဖြစ်သော
အံ့သြရတယ်
အင်္ဂါဂြိုဟ်ရဲ့ အနီရောင်နဲ့ တောက်ပမှုဟာ
ကမ္ဘာပေါ်က ရင်ဘတ်မီးတွေ ဖြစ်ပါတယ် ။ ။
မောင်ရေချမ်း
21 Oct 2016
21 Oct 2016
ခေါက်သံ
တစ်နေ့ သေရမယ် ဆိုတဲ့ အသံကို
သေတ္တာထဲ ပစ်ထည့်လိုက်ပြီး
သော့ကို မြစ်ထဲ ဖျောက်ပစ်လိုက်တယ်
သေတ္တာထဲ ပစ်ထည့်လိုက်ပြီး
သော့ကို မြစ်ထဲ ဖျောက်ပစ်လိုက်တယ်
သေတ္တာထဲက အသံကတော့
အပြင်ဘက်အထိ ဆူညံစွာ ကခုန်လို့တားဆီးမရ ။ ။
မောင်ရေချမ်း
21 Oct 2016
အပြင်ဘက်အထိ ဆူညံစွာ ကခုန်လို့တားဆီးမရ ။ ။
မောင်ရေချမ်း
21 Oct 2016
Wednesday, October 19, 2016
ဖိနပ်သံ
လမ်းခွဲခဲ့ကြတယ်
ထောပတ်သီးဖျော်ရည်ခွက်ထဲ
ဘ၀တိုင်းကို
ခွက်ကောင်းကောင်းနဲ့ ထည့်သောက်ဖို့
ဝေးတယ် သတိရတယ်
ဒီတိုင်းလေးပါပဲ
ရိုးစင်းတယ်
မီးခံသေတ္တာထဲမှာ
စကားတစ်ခွန်းထားခဲ့လိုက်တယ်
ချစ်တယ် ။ ။
မောင်ရေချမ်း
20 Oct 2016
နယ်စပ်ဒေသကို ဖြတ်ကျော်၍
ကျောက်စိမ်းတွေမှ
ကြောက်စရာကောင်းအောင် အများကြီး
မငိုချင်တော့ဘူး
သူတို့ဆီက မီးခြစ်မှာ
ကျွန်တော်တို့ဆီက ဓာတ်ငွေ့တွေ
မီးတစ်ချက် ခြစ်မိရင်ကို
သယံဇာတတွေ ပြာကျသွားသလို
ဆုံးရှုံး ။ ။
ကြောက်စရာကောင်းအောင် အများကြီး
မငိုချင်တော့ဘူး
သူတို့ဆီက မီးခြစ်မှာ
ကျွန်တော်တို့ဆီက ဓာတ်ငွေ့တွေ
မီးတစ်ချက် ခြစ်မိရင်ကို
သယံဇာတတွေ ပြာကျသွားသလို
ဆုံးရှုံး ။ ။
မောင်ရေချမ်း
19 Oct 2016
19 Oct 2016
မျက်ရည်ပန်း
မြစ်ရေတွေ နောက်ကျိခဲ့
ဖြတ်သန်း ဖိနပ်တွေဟာ
တစ်ဖက်ကမ်းဘေး လွတ်မြောက်ကခုန်နေ
ရေစီးကြောင်းထဲ က...
ကျောက်စရစ်ခဲလေးပါ
မုန်းခွင့် မရှိလို့
မချစ်ကြောင်း ပွန်းပဲ့လိုက်တယ် ။ ။
ဖြတ်သန်း ဖိနပ်တွေဟာ
တစ်ဖက်ကမ်းဘေး လွတ်မြောက်ကခုန်နေ
ရေစီးကြောင်းထဲ က...
ကျောက်စရစ်ခဲလေးပါ
မုန်းခွင့် မရှိလို့
မချစ်ကြောင်း ပွန်းပဲ့လိုက်တယ် ။ ။
မောင်ရေချမ်း
19 Oct 2016
19 Oct 2016
ချစ်စရာ့ မသာမလေး
ဖုန်းခေါ် ဒါပဲနော် ဆိုတော့
မသာမလေးရယ် သတိရတယ် ပြောမိရင်
မသာမလေးက တခိခိ ရယ်တယ်
မသာမလေးရဲ့ရယ်သံလေးက မွှေးပါတယ်
အကျင့်မကောင်းခြင်းအတတ်မှာ ကျွမ်းကျင်သူ
မသာမလေးဟာ စိတ်ကောက်ပါရဂူတစ်ဦး ဖြစ်တယ်
တစ်ရက်နဲ့တစ်ခါမှာ
အလွမ်းဟာ အကြိမ်ပေါင်းများစွာ ဖြစ်လို့
မသာမလေးကို တယုတယ အမြင်ကပ်ရတယ်
အဲဒီအမြင်ကပ်မှုကိုပဲ ကဗျာလို ရွတ်ဆိုလို့
မသာမလေးဟာ ကျက်သရေတုံး စကားလုံးများစွာ ။ ။
မသာမလေးရယ် သတိရတယ် ပြောမိရင်
မသာမလေးက တခိခိ ရယ်တယ်
မသာမလေးရဲ့ရယ်သံလေးက မွှေးပါတယ်
အကျင့်မကောင်းခြင်းအတတ်မှာ ကျွမ်းကျင်သူ
မသာမလေးဟာ စိတ်ကောက်ပါရဂူတစ်ဦး ဖြစ်တယ်
တစ်ရက်နဲ့တစ်ခါမှာ
အလွမ်းဟာ အကြိမ်ပေါင်းများစွာ ဖြစ်လို့
မသာမလေးကို တယုတယ အမြင်ကပ်ရတယ်
အဲဒီအမြင်ကပ်မှုကိုပဲ ကဗျာလို ရွတ်ဆိုလို့
မသာမလေးဟာ ကျက်သရေတုံး စကားလုံးများစွာ ။ ။
မောင်ရေချမ်း
20 Oct 2016
20 Oct 2016
Sunday, October 16, 2016
ငတ်သူသင်္ချာ
၁ ဆိုတာ
ခေါက်ဆွဲကြော်ဖြစ်တယ်
၂ ဆိုတာ
နွားနို့ ဖြစ်တယ်
၃ မှာ
ကြက်ပေါင်တစ်ချောင်း ရမယ် ။ ။
မောင်ရေချမ်း
17 Oct 2016
ခေါက်ဆွဲကြော်ဖြစ်တယ်
၂ ဆိုတာ
နွားနို့ ဖြစ်တယ်
၃ မှာ
ကြက်ပေါင်တစ်ချောင်း ရမယ် ။ ။
မောင်ရေချမ်း
17 Oct 2016
ကမ္ဘာမြေသို့ အမျှဝေခြင်း
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ် ။ ။
မောင်ရေချမ်း
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ်
ဖင်ယားသူ၏အနာဂတ် ။ ။
မောင်ရေချမ်း
အဝေးကွင်းတွင် အနိုင်ကန်ခဲ့ခြင်း
လူအုပ်ကြီးက စည်ကား
သုံးစားမရတဲ့မီးပန်းတွေ များတယ်
ကောင်းကင်ခြေဖဝါးကို သွားထိမတက်
သုံးစားမရတဲ့မီးပန်းတွေ များတယ်
ကောင်းကင်ခြေဖဝါးကို သွားထိမတက်
အသုံးမကျတဲ့ခေတ် ဘေးဖယ်
ပွင့်ခြင်းကောင်းတဲ့အရှင်...ပြန်လာတယ်
တာဝတိံသာကို ဂိုးပြတ်သွင်းပြီးနောက်
နတ်တွေကို စည်းရုံးရေးဆင်းခဲ့ပြီးနောက်
မဲလိုချင်လို့ တရားမဟောဘူး
မှားမှာ သနားလို့ တရားပြခဲ့တဲ့နောက်
အသုံးမကျတဲ့ခေတ် ဘေးဖယ်
ပွင့်ခြင်းကောင်းတဲ့အရှင်...ပြန်လာတယ်
အခုထိ...ချို့တဲ့ငတ်မွတ်တဲ့လူအုပ်ထဲ
လရောင်နဲ့ဆွဲဖြဲလို့ ဘေးဖယ်ကွာ
လမ်းမရှိသေးဘူး.. မောတယ်
သီတင်းကျွတ်ပြီ
ဘယ်သတ္တဝါတွေ အခုထိ မလွတ်သေးတာလဲ
တရားတောင် အားနာရတယ် ။ ။
မောင်ရေချမ်း
17 Oct 2016
ပွင့်ခြင်းကောင်းတဲ့အရှင်...ပြန်လာတယ်
တာဝတိံသာကို ဂိုးပြတ်သွင်းပြီးနောက်
နတ်တွေကို စည်းရုံးရေးဆင်းခဲ့ပြီးနောက်
မဲလိုချင်လို့ တရားမဟောဘူး
မှားမှာ သနားလို့ တရားပြခဲ့တဲ့နောက်
အသုံးမကျတဲ့ခေတ် ဘေးဖယ်
ပွင့်ခြင်းကောင်းတဲ့အရှင်...ပြန်လာတယ်
အခုထိ...ချို့တဲ့ငတ်မွတ်တဲ့လူအုပ်ထဲ
လရောင်နဲ့ဆွဲဖြဲလို့ ဘေးဖယ်ကွာ
လမ်းမရှိသေးဘူး.. မောတယ်
သီတင်းကျွတ်ပြီ
ဘယ်သတ္တဝါတွေ အခုထိ မလွတ်သေးတာလဲ
တရားတောင် အားနာရတယ် ။ ။
မောင်ရေချမ်း
17 Oct 2016
ဘုရားတရား
ပြန်လာပါတယ်ဆို
မီးထွန်းကြိုကြတယ်
ကျုပ်က မျက်မမြင်မဟုတ်ဘူး
ကမ္ဘာက သာ ကန်းနေတာ
သွားစမ်းပါကွာ ။ ။
အိုထူး
ငြိမ်းချမ်းရေးဝတ္ထုထဲက ဇာတ်နာတဲ့သားအဖ
ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
သူ ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ် ပြောတယ်
တိုက်ပွဲဖြစ်နေတဲ့ ငါတို့နယ်မြေမှာ စာသင်ကျောင်းတွေမရှိဘူး
ငါ့သားလေး စာတော်တာ ဘယ်သူမှ မသိဘူး
အင်တာနက်ပေါ်တင်ဖို့
ဒီနေရာမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ မရှိဘူး
သမ္မတကိုဆဲထားတယ်ဆိုတဲ့စာတွေ
အနာဂတ်ကို ဖော်ဆောင်ပြောင်းလဲစို့တွေ
လူအများထောက်ခံပါတီရဲ့လိုဂိုတံဆိပ်တွေ
ဒီနေရာမှာ မမြင်ရဘူး
ဝေစုခွဲတမ်းနဲ့ရတဲ့အစားအစာတွေ
အသစ်ရောက်လာတဲ့အရွယ်တူကစားဖော်တွေ
တိုးချဲ့ဆောက်လုပ်နေတဲ့ရွက်ဖျင်လေးတွေ
ငါ့သားလေးဟာ အရေအတွက်သင်္ချာကိုစဉ်းစားရင်း
ကစားဖို့ မေ့ချင်မေ့နေမလား
ငါ့သားလေးအတွက် အင်္ဂလိပ်စာသင်ပေးဖို့
War ကို ဘာသာမပြန်နိုင်တဲ့ဆရာ ငါ ရှာရမယ်
ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
အဲဒါ ဒီနေရာကိုမရောက်ခင်ရဲ့တစ်ချိန်က
ဟိုး...တုန်းက ငါ့သားလေးကျောင်းဖွင့်ချိန်ကပါ။
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
သူ ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ် ပြောတယ်
တိုက်ပွဲဖြစ်နေတဲ့ ငါတို့နယ်မြေမှာ စာသင်ကျောင်းတွေမရှိဘူး
ငါ့သားလေး စာတော်တာ ဘယ်သူမှ မသိဘူး
အင်တာနက်ပေါ်တင်ဖို့
ဒီနေရာမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ မရှိဘူး
သမ္မတကိုဆဲထားတယ်ဆိုတဲ့စာတွေ
အနာဂတ်ကို ဖော်ဆောင်ပြောင်းလဲစို့တွေ
လူအများထောက်ခံပါတီရဲ့လိုဂိုတံဆိပ်တွေ
ဒီနေရာမှာ မမြင်ရဘူး
ဝေစုခွဲတမ်းနဲ့ရတဲ့အစားအစာတွေ
အသစ်ရောက်လာတဲ့အရွယ်တူကစားဖော်တွေ
တိုးချဲ့ဆောက်လုပ်နေတဲ့ရွက်ဖျင်လေးတွေ
ငါ့သားလေးဟာ အရေအတွက်သင်္ချာကိုစဉ်းစားရင်း
ကစားဖို့ မေ့ချင်မေ့နေမလား
ငါ့သားလေးအတွက် အင်္ဂလိပ်စာသင်ပေးဖို့
War ကို ဘာသာမပြန်နိုင်တဲ့ဆရာ ငါ ရှာရမယ်
ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
အဲဒါ ဒီနေရာကိုမရောက်ခင်ရဲ့တစ်ချိန်က
ဟိုး...တုန်းက ငါ့သားလေးကျောင်းဖွင့်ချိန်ကပါ။
မောင်ရေချမ်း
17 Oct 2015
17 Oct 2015
အတိတ်မေ့
အမှတ်တရတေးသီချင်းစာသားများ
ငါ အလွတ်မရခဲ့
အမှားမှား အယွင်းယွင်းနဲ့ ငါ အော်ဆို
ငါ့ထက်အလွတ်မရသူတွေလည်း ငါ့လိုအော်ဆို
ငါ့ညံ့ဖျင်းမှုအသံဟာ လေထဲမှာမပေါ်လွင်ခဲ့
အမှတ်တရနေ့စွဲများ
ငါ မမှတ်မိခဲ့
ငါ မမှတ်ထားချင်တဲ့နေ့တွေရောက်လာ
ငါ့လို မမှတ်မိတဲ့လူတွေဟာ အော်ကြဟစ်ကြ
မှတ်မိကြောင်းပြောဆိုပြီး မေ့လျော့မှုကိုကာကွယ်ကြ
ငါ့မမှတ်မိခြင်းဟာ သူတို့အကာအကွယ်နဲ့ဖြစ်သွားခဲ့
တကယ်တော့ ငါဆိုတာ ဥာဏ်နည်းသူ ငတုံး
တကယ်တော့ ငါဆိုတာ မေ့လွယ်သူ ငအ
ဒါကမ္ဘာအတွက် ငါ့တင်စားမှုသက်သက်ပါ
အလွတ်မရတဲ့ကမ္ဘာ
အမှတ်မရှိတဲ့ကမ္ဘာ
ငတုံးငအတွေရဲ့ကမ္ဘာလေ ။ ။
မောင်ရေချမ်း
17 Oct 2015
ငါ မမှတ်မိခဲ့
ငါ မမှတ်ထားချင်တဲ့နေ့တွေရောက်လာ
ငါ့လို မမှတ်မိတဲ့လူတွေဟာ အော်ကြဟစ်ကြ
မှတ်မိကြောင်းပြောဆိုပြီး မေ့လျော့မှုကိုကာကွယ်ကြ
ငါ့မမှတ်မိခြင်းဟာ သူတို့အကာအကွယ်နဲ့ဖြစ်သွားခဲ့
တကယ်တော့ ငါဆိုတာ ဥာဏ်နည်းသူ ငတုံး
တကယ်တော့ ငါဆိုတာ မေ့လွယ်သူ ငအ
ဒါကမ္ဘာအတွက် ငါ့တင်စားမှုသက်သက်ပါ
အလွတ်မရတဲ့ကမ္ဘာ
အမှတ်မရှိတဲ့ကမ္ဘာ
ငတုံးငအတွေရဲ့ကမ္ဘာလေ ။ ။
မောင်ရေချမ်း
17 Oct 2015
ပြန်ဆုံတဲ့နေ့
ပြန်မဆုံခဲ့တဲ့နေ့တွေအကြောင်း သတိရလို့
ပြန်ဆုံတဲ့နေ့ဆီ လာခဲ့မိတယ်
လက်ဗလာနဲ့ခြေအိတ်စွပ်မိတဲ့ဖိနပ်
အဲဒီ့ဖိနပ်အတွက်လည်း လမ်းတစ်ခုရှိလိမ့်မယ်
အနာဂတ်ကို ဒီလိုပေါ့ပါးနေချိန်မှာ
ပြန်ဆုံတဲ့နေ့ရဲ့လေးလံသံယောဇဉ်နေရောင်အကြောင်းက
နှုတ်ဆက်ဖိနပ်နဲ့ ခရီးဝေးလေယာဉ်ပျံနဲ့
ပြန်မဆုံခဲ့တဲ့နေ့တွေမှာ မနေချင်လို့
ပြန်ဆုံတဲ့နေ့တွေ ပြက္ခဒိန်လုပ်ကြည့်မိတဲ့အခါ
ဖုန်းမဆက်နိုင်တဲ့ ဝေးကွာခြင်းအတွက်
အချစ်ဟာ တခြားတွေရောနှောနေတဲ့ဒြပ်ပေါင်း
အချစ်ကျဆုံးရင် အလွမ်းအလိုလိုအနိုင်ရတယ်
လူမမြင်အောင်ဒဏ်ရာတွေနဲ့ မုန်းကြဖို့ဆိုရင်
ပြန်ဆုံတဲ့နေ့တွေ ရှေးကတည်းက မလိုအပ်ခဲ့ရုံပေါ့
ဒီနေ့ဟာ ပြန်ဆုံတဲ့နေ့မဟုတ်သေးတဲ့အခါ
အညံ့စားကဗျာဆရာအဖြစ်
အပေါစားဝါကျတွေ ရေးခြစ်ခဲ့ပါတယ်
မင်း ပြောသလို အလကားအားနေချိန်မှာ
အပျင်းပြေ အလွမ်းဖြေ။ ။
မောင်ရေချမ်း
၁၇ အောက်တိုဘာ ၂၀၁၅
အဲဒီ့ဖိနပ်အတွက်လည်း လမ်းတစ်ခုရှိလိမ့်မယ်
အနာဂတ်ကို ဒီလိုပေါ့ပါးနေချိန်မှာ
ပြန်ဆုံတဲ့နေ့ရဲ့လေးလံသံယောဇဉ်နေရောင်အကြောင်းက
နှုတ်ဆက်ဖိနပ်နဲ့ ခရီးဝေးလေယာဉ်ပျံနဲ့
ပြန်မဆုံခဲ့တဲ့နေ့တွေမှာ မနေချင်လို့
ပြန်ဆုံတဲ့နေ့တွေ ပြက္ခဒိန်လုပ်ကြည့်မိတဲ့အခါ
ဖုန်းမဆက်နိုင်တဲ့ ဝေးကွာခြင်းအတွက်
အချစ်ဟာ တခြားတွေရောနှောနေတဲ့ဒြပ်ပေါင်း
အချစ်ကျဆုံးရင် အလွမ်းအလိုလိုအနိုင်ရတယ်
လူမမြင်အောင်ဒဏ်ရာတွေနဲ့ မုန်းကြဖို့ဆိုရင်
ပြန်ဆုံတဲ့နေ့တွေ ရှေးကတည်းက မလိုအပ်ခဲ့ရုံပေါ့
ဒီနေ့ဟာ ပြန်ဆုံတဲ့နေ့မဟုတ်သေးတဲ့အခါ
အညံ့စားကဗျာဆရာအဖြစ်
အပေါစားဝါကျတွေ ရေးခြစ်ခဲ့ပါတယ်
မင်း ပြောသလို အလကားအားနေချိန်မှာ
အပျင်းပြေ အလွမ်းဖြေ။ ။
မောင်ရေချမ်း
၁၇ အောက်တိုဘာ ၂၀၁၅
ကဗျာ၏ အရောင် အနံ့ အရသာ
ကြားလား ဘယ်သူတွေ ဖတ်ဖို့ဖြစ်ဖြစ်နဲ့
ဘယ်သူမှ မဖတ်ဖို့ ဖြစ်ဖြစ် ဝါကျတွေ ဖွဲ့စည်းဖို့
သွေးစက်တွေနဲ့နာမ်တွေရယ်
ပေတိပေစုတ်နာမဝိသေသနအညံ့စားတွေရယ်
တခမ်းတနားအဓိပ္ပာယ်မရှိတဲ့ကြိယာတွေရယ်ကို
ရည်ရွယ်ချက်မရှိဘဲ ကြုံသလို ရူးသလို သုံးစွဲခဲ့တာဆိုလား
ဘယ်နားက ရောက်လာမှန်းမသိတဲ့လမ်းသူရဲလိုလို
သူခိုးဂျပိုးလိုလို မယဉ်ကျေးတဲ့အောက်တန်းစားလိုလို
ခေါင်းစဉ်တွေ တွေ့ရင်ပဲ တည်ကြည်သိက္ခာမြင့်မား
သူတော်ကောင်းများဟာ နာမ်စားတစ်မျိုးမျိုးကို
ဆဲဆိုဖို့လက်နက်လုပ်လေ့ရှိတယ် ဆိုလား
မဆီမဆိုင် ဘုမသိဘမသိ သွားကိုင်ကြည့်မိတဲ့အခါ
ဟောက်ခနဲထပေါက်တတ်တဲ့ အဆိပ်ပြင်းမြွေဟောက်
စစချင်းမှာပဲ ဆုံးခန်းတိုင်ပြီလို့အကြားအမြင်ရှိတဲ့ပညာ
ရှိလူကြီးမင်းတွေအတွက်တချို့ရှည်လျားထူထပ်
တဲ့ဝါကျတွေဟာ ကျော်လွှားဖတ်ရှုခြင်း စာပေအရသာဆိုလား
ကဗျာအကောင်းစားရေးဖို့ ငယ်စဉ်က ဝလုံးတွေကြိုးစားနေခဲ့သူ
ဘယ်သူဆိုတာ စုံစမ်း၍ဆုချီးမြှင့်ရေးအစီအစဉ် ပြီးရင်
စပ်စုဖို့အတွက်အဓိပ္ပာယ်တစ်စုံတစ်ရာမရသော
ဘာကြီးမှန်းလဲမသိဘူးအချိန်ကုန်စာသားဖြစ်သော
နို့မို့ဆိုရင် ဒါကြောင့်ဆိုရင် လှန်မကြည့်ပါဘူးဆိုတာ
ကဗျာရေးတဲ့ကောင်ကို ငပိန်းအဖြစ်သတ်မှတ်ဖို့ မရဲရင့်လို့
အရင့်အရင်ကအတိုင်း ရွှေနှင့်ယိုးမှား ပန်းစကား။ ။
မောင်ရေချမ်း
17 Oct 2015
17 Oct 2015
ရာဟုလာကမ္ဘာ
ကျွန်တော့်ကိုတင် မဟုတ်ဘူး
ကျွန်တော့်မယ်တော်ကိုပါ ထားသွားတာလေ
ကြီးပြင်းဖို့ ငယ်ငယ်က စို့ခဲ့ရတာ
မျက်ရည်လား နို့ရည်လား မသဲကွဲဘူး
မိသားစု မျက်ရည်နဲ့ ပွင့်တဲ့ ဘုရား
လုပ်ချင်တာ လုပ်ပြီးမှ
မှားသွားပါတယ် လို့ လာ မတောင်းပန်နဲ့
သား...ခွင့်မလွှတ်ချင်ဘူး ...ဒယ်ဒီ ။ ။
မောင်ရေချမ်း
17 Oct 2016
17 Oct 2016
သီတင်းကျွတ်သောပန်း
ဖယောင်းတိုင်လေးတွေ ခူးလို့
ဘုရားကို မီးပွင့်လေးနဲ့ ဖူးတယ်
ရေပွင့်လေးတွေမှာ ကြည်နူးဖွယ်မေတ္တာနဲ့
ဦးခိုက်ခဲ့ပါတယ် ။ ။
မောင်ရေချမ်း
15 Oct 2016
လွမ်းသူ့မီးပန်း
ပစ်ဖောက်လိုက်သမျှ
အားလုံး ဘဝတွေပါပဲလေ
မျက်ရည်မကျချင်တဲ့အခါ
ဒီလိုပဲ ပျော်ချင်ယောင်ဆောင်ရတယ်
ဖြာထွက်ဝမ်းနည်း အမြင့်ဆုံး ။ ။
မောင်ရေချမ်း
15 Oct 2016
အားလုံး ဘဝတွေပါပဲလေ
မျက်ရည်မကျချင်တဲ့အခါ
ဒီလိုပဲ ပျော်ချင်ယောင်ဆောင်ရတယ်
ဖြာထွက်ဝမ်းနည်း အမြင့်ဆုံး ။ ။
မောင်ရေချမ်း
15 Oct 2016
မီးအိမ်ကြက်ဖလေး
လမ်းပေါ်မှာ
တော့ တော် တော့ တော်
တော့ တော် တော့ တော်
အော်ပြီး ပြေးနေတယ်
ကလေးလေးနဲ့အတူတူ
ဆီစိမ်စက္ကူလေးထဲ ။ ။
မောင်ရေချမ်း
15 Oct 2016
ဖယောင်းတိုင်ပြုတဲ့ ရေကုသိုလ်
ခေါင်းလောင်းသံက ကျယ်လိုက်တာ
ဆည်းလည်းခတ်သံလေးတွေ နူးညံ့စွာနဲ့
ဘုရားကို အာရုံပြုလိုက်တယ်
ပန်းပွင့်လေးဟာ တိတ်ဆိတ်ငြိမ်းချမ်းစွာ ။ ။
မောင်ရေချမ်း
15 Oct 2016
Saturday, October 15, 2016
အားလုံးဖိတ်စာ
မကြာမီ...
ချစ်သူတွေ လက်ထပ်ကြတော့မယ်
ပြည်တွင်းစစ် အခုရပ်ပေးပါ ။ ။
ချစ်သူတွေ လက်ထပ်ကြတော့မယ်
ပြည်တွင်းစစ် အခုရပ်ပေးပါ ။ ။
မောင်ရေချမ်း
15 Oct 2016
15 Oct 2016
လေယာဉ်စီးသူသီချင်း
မင်းလား ကဗျာလို့ မေးတယ်
ကဗျာက အေး..ငါပဲ လို့ ခပ်မာမာဖြေတယ်
ကဗျာဆိုရင် သေရမယ် ခြိမ်းခြောက်တယ်
ကဗျာဆိုရင် သတ်ပစ်မယ် ထပ်ပြောတယ်
ပြောတဲ့ကောင် ပြောပြီးနောက် သေသွားတယ်
ကဗျာက ရယ်ချပစ်တယ်
ငါ မသေဘူး
ငါ့ကို ရေးတဲ့ကောင်တွေပဲ သေရတယ်
ကဗျာက ပြန်ပြောတယ်
အဲလို ထာဝရမသေဆေးစားထားတဲ့လေသံနဲ့
ပြန်ပြောပါတယ် ကဗျာက ပြန်ပြောတယ်
ကဗျာဆိုတာ ရေတံခွန်ပေါ်ကနေ
ကဗျာဆိုတာ ဥယျာဉ်ထဲကနေ
ကဗျာဆိုတာ ပလ္လင်ပေါ်ကနေ
ကဗျာဆိုတာ ကဗျာရေးသူဦးခေါင်းပေါ်ကနေ
ကဗျာဆိုတာ ဘယ်လိုနေတယ် မပြောဘူး
ကဗျာဆိုတာ တိုက်ပေါ်က ခုန်မချနဲ့ မှာတယ်
ကဗျာရဲ့မှာကြားချက်နဲ့ပဲ
မာရ်နတ်ဟာ သွားတွေ အကုန်ကျွတ်ထွက်သွားတယ်
ပါးဖြတ်ရိုက်တာ ကဗျာနဲ့
ကဗျာဆရာယောင်ဆောင်လာတဲ့မာရ်နတ်ကို
သွားတွေ အကုန်ကျွတ်ထွက်သွားအောင်
ပါးဖြတ်ရိုက်လိုက်တာ ကဗျာနဲ့
ပါးဖြတ်ရိုက်လိုက်တာ ကဗျာနဲ့ ။ ။
မောင်ရေချမ်း
15 Oct 2016
ကဗျာက အေး..ငါပဲ လို့ ခပ်မာမာဖြေတယ်
ကဗျာဆိုရင် သေရမယ် ခြိမ်းခြောက်တယ်
ကဗျာဆိုရင် သတ်ပစ်မယ် ထပ်ပြောတယ်
ပြောတဲ့ကောင် ပြောပြီးနောက် သေသွားတယ်
ကဗျာက ရယ်ချပစ်တယ်
ငါ မသေဘူး
ငါ့ကို ရေးတဲ့ကောင်တွေပဲ သေရတယ်
ကဗျာက ပြန်ပြောတယ်
အဲလို ထာဝရမသေဆေးစားထားတဲ့လေသံနဲ့
ပြန်ပြောပါတယ် ကဗျာက ပြန်ပြောတယ်
ကဗျာဆိုတာ ရေတံခွန်ပေါ်ကနေ
ကဗျာဆိုတာ ဥယျာဉ်ထဲကနေ
ကဗျာဆိုတာ ပလ္လင်ပေါ်ကနေ
ကဗျာဆိုတာ ကဗျာရေးသူဦးခေါင်းပေါ်ကနေ
ကဗျာဆိုတာ ဘယ်လိုနေတယ် မပြောဘူး
ကဗျာဆိုတာ တိုက်ပေါ်က ခုန်မချနဲ့ မှာတယ်
ကဗျာရဲ့မှာကြားချက်နဲ့ပဲ
မာရ်နတ်ဟာ သွားတွေ အကုန်ကျွတ်ထွက်သွားတယ်
ပါးဖြတ်ရိုက်တာ ကဗျာနဲ့
ကဗျာဆရာယောင်ဆောင်လာတဲ့မာရ်နတ်ကို
သွားတွေ အကုန်ကျွတ်ထွက်သွားအောင်
ပါးဖြတ်ရိုက်လိုက်တာ ကဗျာနဲ့
ပါးဖြတ်ရိုက်လိုက်တာ ကဗျာနဲ့ ။ ။
မောင်ရေချမ်း
15 Oct 2016
လူမှုကွန်ယက်ထဲက စကားပြောသေတ္တာ
ငါ မဖွဲ့နွဲ့ဘဲရေးချလိုက်တဲ့ဝါကျတွေဟာ
မင်းဝေါလ်ပေါ်က
မင်းကမ္ဘာကို ကြည့်ပြီး ရင်ခုန်ခဲ့တာ
အပြင်မထွက်တဲ့သူ
တိုက်ပေါ်က ခုန်ချချင်တဲ့သူ
မလုပ်လိုက်ပါနဲ့
မင်း ကမ္ဘာက ငါ့ကမ္ဘာပဲ
မင်းဝေါလ်ပေါ်က ထွက်မသွားပါနဲ့
စာတွေ ပုံမှန်တင်နေပါ
ရှင်သန်မှုဟာ တန်ဖိုးရှိတာ မင်း သိပါတယ်
မင်းကို ငါ စောင့်ကြည့်ရတာ ပင်ပန်းပြီ ။ ။
မောင်ရေချမ်း
27 July 2016
မင်းဝေါလ်ပေါ်က
မင်းကမ္ဘာကို ကြည့်ပြီး ရင်ခုန်ခဲ့တာ
အပြင်မထွက်တဲ့သူ
တိုက်ပေါ်က ခုန်ချချင်တဲ့သူ
မလုပ်လိုက်ပါနဲ့
မင်း ကမ္ဘာက ငါ့ကမ္ဘာပဲ
မင်းဝေါလ်ပေါ်က ထွက်မသွားပါနဲ့
စာတွေ ပုံမှန်တင်နေပါ
ရှင်သန်မှုဟာ တန်ဖိုးရှိတာ မင်း သိပါတယ်
မင်းကို ငါ စောင့်ကြည့်ရတာ ပင်ပန်းပြီ ။ ။
မောင်ရေချမ်း
27 July 2016
လ၏ ဦးခေါင်း
နေရောင်ခြည်ကို မကြည့်မိစေနဲ့...အချစ်ရေ
ဟိုက်ဒရိုဂျင်တွေ လောင်ကျွမ်းနေတာတဲ့
ပြောပြရမှာ အဆင်မပြေဘူး
အဆင်မပြေလို့ကို ပြောပြဖြစ်ခဲ့တယ်
ကြယ်တွေကို မငေးချင်တော့တဲ့အခါ
အိမ်ရှေ့က ရေမြောင်းလေးထဲ
စိတ်ကို တစ်တောင့်ချင်းပစ်ချရတယ်
အဆင်မပြေဘူး
အဆင်ပြေအောင် ပြုံးရတာ အဆင်မပြေဘူး
ကြာလှလွန်းတဲ့ကာလတွေ အဆင်မပြေဘူး
ကောင်းကင်ပေါ်မှာလည်း ငါးတွေရှိတယ်
တွေးကြည့်ရတာ အဆင်မပြေဘူး
အမှန်တော့ ဘာတစ်ခုမှ အဆင်မပြေတာ
မင်းကို သတိရလို့
မင်းကို သတိရလို့
အေး...မင်းကို သတိရနေလို့
လွမ်းဆွတ်တမ်းတခြင်းဆိုတာ
ကိုယ့်အလောင်းကို ပြန်မီးရှို့နေရတဲ့အဖြစ်လေ
သတိရမှုမှာ ဒီတစ်ခုပဲ လာအဆင်ပြေနေတယ်
လမ်းခွဲပြီးမှတော့
သတ္တိကောင်းစွာ ၀မ်းနည်းရဲရတယ်။ ။
မောင်ရေချမ်း
15 Oct 2016
ဟိုက်ဒရိုဂျင်တွေ လောင်ကျွမ်းနေတာတဲ့
ပြောပြရမှာ အဆင်မပြေဘူး
အဆင်မပြေလို့ကို ပြောပြဖြစ်ခဲ့တယ်
ကြယ်တွေကို မငေးချင်တော့တဲ့အခါ
အိမ်ရှေ့က ရေမြောင်းလေးထဲ
စိတ်ကို တစ်တောင့်ချင်းပစ်ချရတယ်
အဆင်မပြေဘူး
အဆင်ပြေအောင် ပြုံးရတာ အဆင်မပြေဘူး
ကြာလှလွန်းတဲ့ကာလတွေ အဆင်မပြေဘူး
ကောင်းကင်ပေါ်မှာလည်း ငါးတွေရှိတယ်
တွေးကြည့်ရတာ အဆင်မပြေဘူး
အမှန်တော့ ဘာတစ်ခုမှ အဆင်မပြေတာ
မင်းကို သတိရလို့
မင်းကို သတိရလို့
အေး...မင်းကို သတိရနေလို့
လွမ်းဆွတ်တမ်းတခြင်းဆိုတာ
ကိုယ့်အလောင်းကို ပြန်မီးရှို့နေရတဲ့အဖြစ်လေ
သတိရမှုမှာ ဒီတစ်ခုပဲ လာအဆင်ပြေနေတယ်
လမ်းခွဲပြီးမှတော့
သတ္တိကောင်းစွာ ၀မ်းနည်းရဲရတယ်။ ။
မောင်ရေချမ်း
15 Oct 2016
အအေးဆိုင်ပုစ္ဆာ
တစ်ခါစဉ်များက
မင်းနဲ့ငါ စိတ်ကောက်တိုင်း ကစားကြတယ်
စိတ်ဆိုးပြေအောင်ချော့ခြင်းမှာ ငါတို့ ပျော်ခဲ့ကြတယ်
တကယ်နဲ့ အမှန်စစ်စင်
မင်းနဲ့ငါ မမုန်းဘဲ ဝေးကွာသွားတဲ့အခါ
ကစားနေသလို ထင်မိနေတုန်းပဲ
တစ်ခါစဉ်များကို သတိရလို့
တစ်ခါစဉ်များကလို ချော့ချင်သေးလို့ ။ ။
မောင်ရေချမ်း
15 Oct 2016
မင်းနဲ့ငါ စိတ်ကောက်တိုင်း ကစားကြတယ်
စိတ်ဆိုးပြေအောင်ချော့ခြင်းမှာ ငါတို့ ပျော်ခဲ့ကြတယ်
တကယ်နဲ့ အမှန်စစ်စင်
မင်းနဲ့ငါ မမုန်းဘဲ ဝေးကွာသွားတဲ့အခါ
ကစားနေသလို ထင်မိနေတုန်းပဲ
တစ်ခါစဉ်များကို သတိရလို့
တစ်ခါစဉ်များကလို ချော့ချင်သေးလို့ ။ ။
မောင်ရေချမ်း
15 Oct 2016
ချစ်သူအတွက် ယပ်တောင်နဲ့ ဝေတဲ့ ရေ
မင်းဟာ တစ်နေ့ပြီးတစ်နေ့မှာ
ဆံပင်တွေ ဖြူလာလိမ့်မယ်
မင်းဟာ တစ်နေ့ပြီးတစ်နေ့မှာ
အရည်ပြားတွေ တွန့်ခေါက်လာလိမ့်မယ်
မင်းဟာ တစ်နှစ်ပြီးတစ်နှစ်မှာ
သွားတွေ တစ်ချောင်းပြီးတစ်ချောင်းကြွေလာလိမ့်မယ်
အရာရာ ရှုံးဆုံးရမယ့်အလှတရားတွေပါပဲ
မင်း သေသွားရင် မင်းရော ငါပါ နှမြောမိရုံပဲ
မင်း ကိုယ်တိုင်တောင်
မပိုင်ဆိုင်တဲ့ အထူးထူးမှာ ငါတို့ ယစ်မူးခဲ့ဖူးပါတယ် ။
မောင်ရေချမ်း
15 Oct 2016
ဆံပင်တွေ ဖြူလာလိမ့်မယ်
မင်းဟာ တစ်နေ့ပြီးတစ်နေ့မှာ
အရည်ပြားတွေ တွန့်ခေါက်လာလိမ့်မယ်
မင်းဟာ တစ်နှစ်ပြီးတစ်နှစ်မှာ
သွားတွေ တစ်ချောင်းပြီးတစ်ချောင်းကြွေလာလိမ့်မယ်
အရာရာ ရှုံးဆုံးရမယ့်အလှတရားတွေပါပဲ
မင်း သေသွားရင် မင်းရော ငါပါ နှမြောမိရုံပဲ
မင်း ကိုယ်တိုင်တောင်
မပိုင်ဆိုင်တဲ့ အထူးထူးမှာ ငါတို့ ယစ်မူးခဲ့ဖူးပါတယ် ။
မောင်ရေချမ်း
15 Oct 2016
ဘင်ခရာတီးဝိုင်းဖြင့် ချီတက်ခြင်း
ပြောပြဦးမယ်နဲ့ဆုံးတော့
ပိုမိုအရသာရှိလို့
တမာပင်အောက်က မယ်ဒလင်
မင်းရှိမယ် ထင်တယ် မဟုတ်တွေ
တွေမှာပဲ မင်း ထင်နေတာ များတွေ
တကယ် ဂီတာနဲ့ အမြွှာညီအစ်ကို
အခု သီချင်းဆိုနေတာ အလောင်း
အလောင်းထဲမှာ အလံ ပါတယ်
ပါတဲ့ အလံဟာ ဘယ်တုန်းကမှ
ညဆိုတာ တွေ့လား မနေ့တုန်းက
ချစ်စရာ့ အချိုဆုံးစကားဆိုတာနဲ့ ကဗျာ
ဥပမာ များစွာကို တန်းစီထားခြင်းတွင်
အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်
အာဏာသည် ခုနစ်များစွာ သောသည့်ပမာတွင်
အစကတည်းက ပြောဆိုမှု လွတ်လပ်ရေးဆိုင်ရာ
ပင်လုံညီညွှတ်ရေးကို သမိုင်းတွေ မိုင်းကွဲကုန်လို့
အားလုံးတွင် တူညီသော ဖတ်စာအုပ်ကိုယ်စီနှင့်
လမ်းမကြီးပေါ်မှာ လက်များ လျှောက်သောအခါက
မင်းလည်း သိတယ် ငါလည်း သိတယ်
ဆိုတာက ပိုက်ဆံမရှိလည်း
ငြိမ်းချမ်းရေးကို အလကားရပါတယ်ကွာ။ ။
မောင်ရေချမ်း
15 Oct 2016
ပိုမိုအရသာရှိလို့
တမာပင်အောက်က မယ်ဒလင်
မင်းရှိမယ် ထင်တယ် မဟုတ်တွေ
တွေမှာပဲ မင်း ထင်နေတာ များတွေ
တကယ် ဂီတာနဲ့ အမြွှာညီအစ်ကို
အခု သီချင်းဆိုနေတာ အလောင်း
အလောင်းထဲမှာ အလံ ပါတယ်
ပါတဲ့ အလံဟာ ဘယ်တုန်းကမှ
ညဆိုတာ တွေ့လား မနေ့တုန်းက
ချစ်စရာ့ အချိုဆုံးစကားဆိုတာနဲ့ ကဗျာ
ဥပမာ များစွာကို တန်းစီထားခြင်းတွင်
အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်
အာဏာသည် ခုနစ်များစွာ သောသည့်ပမာတွင်
အစကတည်းက ပြောဆိုမှု လွတ်လပ်ရေးဆိုင်ရာ
ပင်လုံညီညွှတ်ရေးကို သမိုင်းတွေ မိုင်းကွဲကုန်လို့
အားလုံးတွင် တူညီသော ဖတ်စာအုပ်ကိုယ်စီနှင့်
လမ်းမကြီးပေါ်မှာ လက်များ လျှောက်သောအခါက
မင်းလည်း သိတယ် ငါလည်း သိတယ်
ဆိုတာက ပိုက်ဆံမရှိလည်း
ငြိမ်းချမ်းရေးကို အလကားရပါတယ်ကွာ။ ။
မောင်ရေချမ်း
15 Oct 2016
မင်္ဂလာပွဲ
လတ်ဆတ်တဲ့အချစ်ကနေ
ခိုင်မာတဲ့သံယောဇဉ်တွေ ဖြစ်သွားကြတယ်
ဖိတ်စာပေါ်က အသည်းပုံလေးမှာ
တစ်ဘဝလုံးစာ အမှာစကား ပါတယ်။ ။
မောင်ရေချမ်း
15 Oct 2016
ခိုင်မာတဲ့သံယောဇဉ်တွေ ဖြစ်သွားကြတယ်
ဖိတ်စာပေါ်က အသည်းပုံလေးမှာ
တစ်ဘဝလုံးစာ အမှာစကား ပါတယ်။ ။
မောင်ရေချမ်း
15 Oct 2016
Wednesday, October 12, 2016
လွှင့်ပစ်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်
ငှက်ကလေးဟာ
မျက်နှာကို အတောင်နဲ့ ရိုက်ပြီး အဝေးပျံသွား
အနီရောင်ဆေးသားတွေ ယူလို့
ကျောက်စရစ်ခဲလေးတွေပေါ် အသည်းပုံလေးလုပ်နေမိတယ်
မညာတမ်း သတိမှုတစ်ခုမှာ
အလွမ်းထဲ သကြားပွင့်တွေ ပါတော့ ချိုလှတယ်။ ။
မောင်ရေချမ်း
13 Oct 2016
မျက်နှာကို အတောင်နဲ့ ရိုက်ပြီး အဝေးပျံသွား
အနီရောင်ဆေးသားတွေ ယူလို့
ကျောက်စရစ်ခဲလေးတွေပေါ် အသည်းပုံလေးလုပ်နေမိတယ်
မညာတမ်း သတိမှုတစ်ခုမှာ
အလွမ်းထဲ သကြားပွင့်တွေ ပါတော့ ချိုလှတယ်။ ။
မောင်ရေချမ်း
13 Oct 2016
မီးစာ
နာကျင်မှုချိုချိုလေးကို ချစ်လို့
ဂီတာထဲမှာ ငါဖွက်ထားတယ်
မင်း မကြားဘူး ။ ။
မောင်ရေချမ်း
12 Oct 2016
ဂီတာထဲမှာ ငါဖွက်ထားတယ်
မင်း မကြားဘူး ။ ။
မောင်ရေချမ်း
12 Oct 2016
စာအုပ်ရုပ်ထု
ဘယ်သေနတ်ထဲက ကျည်ဖြစ်ဖြစ်
စာအုပ်ကို ဖောက်ထွက်အောင် မပစ်နိုင်
စာအုပ်ဟာ စစ်ပွဲကို ကာတဲ့ဒိုင်း ဖြစ်တယ်
ရုပ်ထုအဖြစ် တစ်ခုခုကို ထုဆစ်ပူဇော်ဖို့
စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်
အဲဒီမှာ စာအုပ်ထဲက လမ်းရမယ်
အဲဒီမှာ စာအုပ်ထဲက သစ်ပင်ရမယ်
အဲဒီမှာ စာအုပ်ထဲက ကမ္ဘာတစ်ခုလုံးစာ
ပြောရမယ်ဆိုရင် သေးသေးဖွဲဖွဲမဟုတ်တော့
စာအုပ်ထဲမှာ နေရောင်ခြည်ပါတယ်
ပြောရမယ်ဆိုရင် အရမ်းကြီးကျယ်တော့
စာအုပ်ထဲမှာ ခုနစ်များစွာရရှိနိုင်တယ်
စာဖတ်ပြီးသေတဲ့လူဟာ အသက်ရှည်တယ်
ဒီလိုပါ ဒီလိုပါ
မိုးတွေ ရွာတဲ့အခါ
စာအုပ်ဟာ ထီးဖြစ်တယ်
တစ်ဘ၀လုံးကို မိုးဖို့ လုံခြုံမှုနဲ့ ။ ။
မောင်ရေချမ်း
12 Oct 2016
စာအုပ်ကို ဖောက်ထွက်အောင် မပစ်နိုင်
စာအုပ်ဟာ စစ်ပွဲကို ကာတဲ့ဒိုင်း ဖြစ်တယ်
ရုပ်ထုအဖြစ် တစ်ခုခုကို ထုဆစ်ပူဇော်ဖို့
စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်
အဲဒီမှာ စာအုပ်ထဲက လမ်းရမယ်
အဲဒီမှာ စာအုပ်ထဲက သစ်ပင်ရမယ်
အဲဒီမှာ စာအုပ်ထဲက ကမ္ဘာတစ်ခုလုံးစာ
ပြောရမယ်ဆိုရင် သေးသေးဖွဲဖွဲမဟုတ်တော့
စာအုပ်ထဲမှာ နေရောင်ခြည်ပါတယ်
ပြောရမယ်ဆိုရင် အရမ်းကြီးကျယ်တော့
စာအုပ်ထဲမှာ ခုနစ်များစွာရရှိနိုင်တယ်
စာဖတ်ပြီးသေတဲ့လူဟာ အသက်ရှည်တယ်
ဒီလိုပါ ဒီလိုပါ
မိုးတွေ ရွာတဲ့အခါ
စာအုပ်ဟာ ထီးဖြစ်တယ်
တစ်ဘ၀လုံးကို မိုးဖို့ လုံခြုံမှုနဲ့ ။ ။
မောင်ရေချမ်း
12 Oct 2016
ဖင်မပညာရေး
ဦးနှောက်ထဲက တီဗွီစီးရီးတွဲတွေကို ကြည့်ရင်း
အဓိပ္ပာယ်ပေါ်ထွက်လာစေတဲ့စနစ်အရ
အတော်ကလေးကို အုတ်မြစ်ကျ ပီပြင်လာမှုမှာ
လူတိုင်း အချစ်ကို ရှာဖွေတွေ့ရှိကြပါတယ်
အိမ်တစ်လုံး ပိုင်ဖို့တော့ မလွယ်ဘူးလေ
လူထုဆက်သွယ်ရေးသုတေသနတွေကလည်း
ပေါင်မုန့်ကြားထဲ အပိုသကြားတွေ ဖြူးသလိုနဲ့
ဖင်ကြားထဲမှာ အီအီးတွေကို ယိုလို ညှပ်ထားတဲ့အခါ
ညီလာခံရဲ့အကျိုးဆက်ဟာ သေနတ်နဲ့
ကျောင်းသားတွေအနေဖြင့် အဆင့်မြင့်အာရုံပညာရေး
ဘာပဲဖြစ်ဖြစ် ဆရာတွေကတော့ စာအုပ်ကို မွေးရတာ
စာအုပ်ကို မမွေးတဲ့ဆရာဟူသည်က
ကလေးမမွေးနိုင်တဲ့ အမြုံမလို မသာကောင်
ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလန်ရဲ့ပညာရေး
အခွင့်ထူးခံနဲ့လူလတ်တန်းစားတွေ အတွက်သာ
အဲဒီမှာကြည့်....အဲဒီမှာ ကြည့်စမ်း
တချို့မီးပန်းတွေများ ဖြာထွက်နေတာပဲ ။ ။
မောင်ရေချမ်း
12 Oct 2016
အဓိပ္ပာယ်ပေါ်ထွက်လာစေတဲ့စနစ်အရ
အတော်ကလေးကို အုတ်မြစ်ကျ ပီပြင်လာမှုမှာ
လူတိုင်း အချစ်ကို ရှာဖွေတွေ့ရှိကြပါတယ်
အိမ်တစ်လုံး ပိုင်ဖို့တော့ မလွယ်ဘူးလေ
လူထုဆက်သွယ်ရေးသုတေသနတွေကလည်း
ပေါင်မုန့်ကြားထဲ အပိုသကြားတွေ ဖြူးသလိုနဲ့
ဖင်ကြားထဲမှာ အီအီးတွေကို ယိုလို ညှပ်ထားတဲ့အခါ
ညီလာခံရဲ့အကျိုးဆက်ဟာ သေနတ်နဲ့
ကျောင်းသားတွေအနေဖြင့် အဆင့်မြင့်အာရုံပညာရေး
ဘာပဲဖြစ်ဖြစ် ဆရာတွေကတော့ စာအုပ်ကို မွေးရတာ
စာအုပ်ကို မမွေးတဲ့ဆရာဟူသည်က
ကလေးမမွေးနိုင်တဲ့ အမြုံမလို မသာကောင်
ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလန်ရဲ့ပညာရေး
အခွင့်ထူးခံနဲ့လူလတ်တန်းစားတွေ အတွက်သာ
အဲဒီမှာကြည့်....အဲဒီမှာ ကြည့်စမ်း
တချို့မီးပန်းတွေများ ဖြာထွက်နေတာပဲ ။ ။
မောင်ရေချမ်း
12 Oct 2016
သွေးဝိညာဉ်များကို ရေတွက်ကြည့်ခြင်း
မာရ်နတ်ဟာ ညာဘက်မှာ ကျမ်းစာ
မာရ်နတ်ဟာ ဘယ်ဘက်မှာ သေနတ်
အဲဒီလက်နှစ်ဖက်နဲ့ ကမ္ဘာကို ကိုင်လှုပ်နေတယ်
ခရစ်ယာန်ဆိုပြီး ကွန်မြူနစ်ဆိုပြီး
ဟိန္ဒူဆိုပြီး ဆိုရှယ်လစ်ဆိုပြီး
အစ္စလာမ်ဆိုပြီး တံဆိပ်များဆိုပြီး
ဗီယက်နမ်မှာ ကိုရီးယားမှာ
အိန္ဒိယ-ပါကစ္စတန်မှာ ကမ္ဘာပေါ်မှာ
အချိန်တိုင်းရဲ့သမိုင်းထဲမှာ အရှေ့အနောက်
ဘာတွေမှန်း မသိဘဲ လူသတ်ကြပါတယ်
ဘာတွေမှန်း မသိဘဲ စစ်ဟာ ခုန်ကြွတယ်
ဘာတွေမှန်း မသိဘဲ ရိုးရိုးသားသားပေါ့
ကျုပ်တို့ဟာ ရူးနေမှာ ရိုးရိုးသားသားပေါ့
ပြဿနာတွေက ဖင်ယားမှုတစ်ခုတွေပဲ
ဘယ်ဘုရားကမှ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ မဟုတ်ရင်
လူသားတွေကပဲ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ ဟုတ်ခဲ့ရင်
ဘုရား...ဘုရား ၊ ဂင်္ဂါဝါလု သဲစုမက
စစ်ပွဲတွင် အပြစ်မဲ့သေဆုံးသွားကြသူများ ။ ။
မောင်ရေချမ်း
12 Oct 2016
မာရ်နတ်ဟာ ဘယ်ဘက်မှာ သေနတ်
အဲဒီလက်နှစ်ဖက်နဲ့ ကမ္ဘာကို ကိုင်လှုပ်နေတယ်
ခရစ်ယာန်ဆိုပြီး ကွန်မြူနစ်ဆိုပြီး
ဟိန္ဒူဆိုပြီး ဆိုရှယ်လစ်ဆိုပြီး
အစ္စလာမ်ဆိုပြီး တံဆိပ်များဆိုပြီး
ဗီယက်နမ်မှာ ကိုရီးယားမှာ
အိန္ဒိယ-ပါကစ္စတန်မှာ ကမ္ဘာပေါ်မှာ
အချိန်တိုင်းရဲ့သမိုင်းထဲမှာ အရှေ့အနောက်
ဘာတွေမှန်း မသိဘဲ လူသတ်ကြပါတယ်
ဘာတွေမှန်း မသိဘဲ စစ်ဟာ ခုန်ကြွတယ်
ဘာတွေမှန်း မသိဘဲ ရိုးရိုးသားသားပေါ့
ကျုပ်တို့ဟာ ရူးနေမှာ ရိုးရိုးသားသားပေါ့
ပြဿနာတွေက ဖင်ယားမှုတစ်ခုတွေပဲ
ဘယ်ဘုရားကမှ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ မဟုတ်ရင်
လူသားတွေကပဲ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ ဟုတ်ခဲ့ရင်
ဘုရား...ဘုရား ၊ ဂင်္ဂါဝါလု သဲစုမက
စစ်ပွဲတွင် အပြစ်မဲ့သေဆုံးသွားကြသူများ ။ ။
မောင်ရေချမ်း
12 Oct 2016
နှင်းသွေး
ဥယျာဉ်ကို သီချင်းဆိုပြမိတယ်
ချစ်စရာပန်းလေးတစ်ပွင့် ပွင့်နေတဲ့အကြောင်း
မင်းနာမည်ကို ရေရွတ်ရင်းနဲ့ပေါ့ ။ ။
မောင်ရေချမ်း
11 Oct 2016
ချစ်စရာပန်းလေးတစ်ပွင့် ပွင့်နေတဲ့အကြောင်း
မင်းနာမည်ကို ရေရွတ်ရင်းနဲ့ပေါ့ ။ ။
မောင်ရေချမ်း
11 Oct 2016
အပူချိန်တွင် ပြန့်ကားခြင်း
Tuesday, October 11, 2016
ရင်ဘတ်တေး
သူရသတ္တိရှိတဲ့ စစ်သားပါ
စစ်မြေပြင်မှာ သေနတ်ကို ချပြီး
ကဗျာရွတ်လိုက်တယ်
ငြိမ်းချမ်းရေးအတွက် ။ ။
စစ်မြေပြင်မှာ သေနတ်ကို ချပြီး
ကဗျာရွတ်လိုက်တယ်
ငြိမ်းချမ်းရေးအတွက် ။ ။
မောင်ရေချမ်း
10 Oct 2016
10 Oct 2016
မိုးမိသွားတဲ့ မိန့်ခွန်း
မိုးရွာထဲ ခြေထောက်မရှိတဲ့ ဖိနပ်နဲ့
ကဗျာက နူးနူးညံ့ညံ့ပဲ ထွီခနဲ
တိုင်းပြည်ဆိုတာ မရှိဘူး ခေါင်းဆောင်
တိုင်းပြည်မှာနေထိုင်တဲ့အကောင်တွေပဲ ရှိတယ်
ခေါင်းဆောင်ဆိုတာ တစ်ကောင်တည်း မဟုတ်ဘူး အရူး
ဟုတ်တယ် အရူးတစ်ကောင်စီမှ ခေါင်းဆောင်တစ်ခုစီ
ဖိနပ်တွေကို ပညာသင်ပေးလိုက်လေ
ခြေထောက်မရှိဘဲ လမ်းလျှောက်တတ်ဖို့
ဟုတ်ပြီလား ကဗျာဆိုတာ ထွီခနဲ ထွီပဲ ။ ။
ကဗျာက နူးနူးညံ့ညံ့ပဲ ထွီခနဲ
တိုင်းပြည်ဆိုတာ မရှိဘူး ခေါင်းဆောင်
တိုင်းပြည်မှာနေထိုင်တဲ့အကောင်တွေပဲ ရှိတယ်
ခေါင်းဆောင်ဆိုတာ တစ်ကောင်တည်း မဟုတ်ဘူး အရူး
ဟုတ်တယ် အရူးတစ်ကောင်စီမှ ခေါင်းဆောင်တစ်ခုစီ
ဖိနပ်တွေကို ပညာသင်ပေးလိုက်လေ
ခြေထောက်မရှိဘဲ လမ်းလျှောက်တတ်ဖို့
ဟုတ်ပြီလား ကဗျာဆိုတာ ထွီခနဲ ထွီပဲ ။ ။
မောင်ရေချမ်း
11 Oct 2016
11 Oct 2016
ပုရွက်ဆိတ်လေးရဲ့သီချင်းသံ
ငါတို့လည်း အစာစားတယ်
ငါတို့လည်း ဟိုဒင်းပြုတယ်
ငါတို့လည်း သေကြတယ်
ဒါပေမဲ့...
မင်းတို့ လူတွေနဲ့ မတူပုံက
ငါတို့ဟာ စည်းလုံးညီညာကြ
ငါတို့ဟာ စုဖွဲ့ရှင်သန်ကြ
တစ်ယောက်နဲ့တစ်ကောင်
ဘယ်တော့မှ ရန်မဖြစ်ကြဘူး
ငါတို့အားလုံးဟာ ချစ်ချစ်ခင်ခင်ပဲ
မသေခင်ထိ ။ ။
ငါတို့လည်း ဟိုဒင်းပြုတယ်
ငါတို့လည်း သေကြတယ်
ဒါပေမဲ့...
မင်းတို့ လူတွေနဲ့ မတူပုံက
ငါတို့ဟာ စည်းလုံးညီညာကြ
ငါတို့ဟာ စုဖွဲ့ရှင်သန်ကြ
တစ်ယောက်နဲ့တစ်ကောင်
ဘယ်တော့မှ ရန်မဖြစ်ကြဘူး
ငါတို့အားလုံးဟာ ချစ်ချစ်ခင်ခင်ပဲ
မသေခင်ထိ ။ ။
မောင်ရေချမ်း
10 Oct 2016
10 Oct 2016
Sunday, October 9, 2016
မြေပုံပေါ်က တိုင်းရင်းသားသစ်ပင်
ပုန်းညှက်ပန်း ပဒဲကော
ခါဗုဥ လက်ခုပ်ပင်
ခေါင်းလောင်းပန်း စန္ဒကူးနံ့သာပင်
တိုင်ကပ်ပန်း ပဲကျပ်ပြင်
ပဉ္စကာနီသီး
ဝေါဟာရတွေ မှတ်ရတာ
ခေါင်းရှုပ်လာရင် ၀ါကျတစ်ကြောင်း
တစ်ကြောင်းပဲ မှတ်ထားတယ်
မှတ်ထားတဲ့ တစ်ကြောင်းကိုပဲ
တစ်ကြောင်းတည်း အော်ပေးလိုက်တယ်
" စစ်ကို သောက်မြင်ကပ်တယ်ကွာ" ။ ။
မောင်ရေချမ်း
ခါဗုဥ လက်ခုပ်ပင်
ခေါင်းလောင်းပန်း စန္ဒကူးနံ့သာပင်
တိုင်ကပ်ပန်း ပဲကျပ်ပြင်
ပဉ္စကာနီသီး
ဝေါဟာရတွေ မှတ်ရတာ
ခေါင်းရှုပ်လာရင် ၀ါကျတစ်ကြောင်း
တစ်ကြောင်းပဲ မှတ်ထားတယ်
မှတ်ထားတဲ့ တစ်ကြောင်းကိုပဲ
တစ်ကြောင်းတည်း အော်ပေးလိုက်တယ်
" စစ်ကို သောက်မြင်ကပ်တယ်ကွာ" ။ ။
မောင်ရေချမ်း
10 Oct 2016
ခေါ်သံ
မြို့ထဲကို ၀င်ရောက်သူဟာ
အိမ်ပေါင်းများစွာကို လှည့်လည်ကြည့်ရှုရင်း
လူပေါင်းများစွာနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့
ဒါပေမဲ့...
လူပေါင်းများစွာရဲ့အလောင်းတွေနဲ့
အိမ်ပေါင်းများစွာဟာ မြို့ထဲမှာ ငြိမ်သက်လို့
အဲဒီမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ပြီးနောက်
မြို့ထဲကို ၀င်ရောက်သူဟာ
နောက်ထပ်မြို့တစ်မြို့ကို ထပ်သွားလို့
အိမ်တစ်လုံးရှေ့ကို ရောက်တဲ့အခါ
ခပ်ဖွဖွ တံခါးခေါက်တယ်
တံခါးခေါက်သူကိုယ်တိုင်ဟာ အရိပ်အဖြစ်နဲ့ ။ ။
အိုထူး
8 Oct 2016
နယ်ခြား
နှစ်ယောက်စလုံး သေရမယ့် ကမ္ဘာထဲ
တစ်ယောက်ကို တစ်ယောက် ရှင်လျက် လွမ်းရ
စင်စစ်...နှစ်ယောက်ဖြစ်တဲ့ကမ္ဘာမှာ
အမှန်တော့...တစ်ယောက်တည်းပဲ ရှိတဲ့အခါ
ဝေးတယ် ။ ။
တစ်ယောက်ကို တစ်ယောက် ရှင်လျက် လွမ်းရ
စင်စစ်...နှစ်ယောက်ဖြစ်တဲ့ကမ္ဘာမှာ
အမှန်တော့...တစ်ယောက်တည်းပဲ ရှိတဲ့အခါ
ဝေးတယ် ။ ။
မောင်ရေချမ်း
8 Oct 2016
8 Oct 2016
အခန်း ( ၀ ) တွင် ရှိသော ရေတံခွန်ဦး ဂီတ
Friday, October 7, 2016
ပုံတွင် ပြထားသည့်အတိုင်း
မသိဘူး
ပန်းပွင့်ကလေးတွေ
ဥယျာဉ်မရှိတဲ့နောက်ပိုင်း
စကြ၀ဠာထဲက အသက်အားလုံး
အသက်ဓာတ်ရှိချင်ယောင်ဆောင်သေဆုံး
မသိဘူး မသိဘူး မသိဘူး မသိဘူး မသိဘူးတွေ။ ။
မောင်ရေချမ်း
8 Oct 2016
မဟူရာသောကြာနေ့
သီချင်းပြောင်းပေးဖို့ နားကျပ်လေးက တောင်းဆိုလို့
ခုနစ်တွေဟာ တဖြည်းဖြည်း မဟူရာရောင်
ကြာခဲ့ပြီတွေနဲ့ မနေ့တစ်နေ့ကလို တောင်းဆိုလို့
စက်ဘီးတစီး ရွေ့နေသလို တဖြည်းဖြည်း
အစအန အပိုင်းပိုင်း အလွှာလွှာ ကျန်ရစ်သွား
အဲဒီသောကြာနေ့ရဲ့ အအေးဆိုင်ထဲမှာ
လူနှစ်ယောက် ရှိခဲ့ဖူးသော အရင်က နေရာ
ဗံဒါပင်ရိပ်ကအောက် ခုံတန်းလျား
လူတစ်ယောက်တည်း အခုရှိနေသောများ
တကယ့်အတိုင်းနဲ့ အမှန်က ရိုးစင်းစွာ
အဖြစ်အပျက်တွေထဲ မင်းမရှိတော့တဲ့အခါ
ရယ်သံတွေမှာ မီးမလင်းတော့ဘူး ။ ။
ခုနစ်တွေဟာ တဖြည်းဖြည်း မဟူရာရောင်
ကြာခဲ့ပြီတွေနဲ့ မနေ့တစ်နေ့ကလို တောင်းဆိုလို့
စက်ဘီးတစီး ရွေ့နေသလို တဖြည်းဖြည်း
အစအန အပိုင်းပိုင်း အလွှာလွှာ ကျန်ရစ်သွား
အဲဒီသောကြာနေ့ရဲ့ အအေးဆိုင်ထဲမှာ
လူနှစ်ယောက် ရှိခဲ့ဖူးသော အရင်က နေရာ
ဗံဒါပင်ရိပ်ကအောက် ခုံတန်းလျား
လူတစ်ယောက်တည်း အခုရှိနေသောများ
တကယ့်အတိုင်းနဲ့ အမှန်က ရိုးစင်းစွာ
အဖြစ်အပျက်တွေထဲ မင်းမရှိတော့တဲ့အခါ
ရယ်သံတွေမှာ မီးမလင်းတော့ဘူး ။ ။
မောင်ရေချမ်း
7 Oct 2016
7 Oct 2016
အေးအေးဆေးဆေး အသံ
ပျော်စရာကမ္ဘာထဲ ပျော်သလိုပေါ့ သူငယ်ချင်း
စကြဝဠာကြီးပြန့်ကားနေတာ ထူးဆန်းသလား
ငါတို့ဒုက္ခတွေပြန့်ကားနေတာ ထူးဆန်းသလား
သစ်ရွက်ကလေးများကြွေပုံ
ငါတို့ ငေးငိုင်ခဲ့ပုံ
နာကျင်ခဲ့ဖူးတယ် မဟုတ်လား
အရသာအရှိဆုံးဆိုတာ
ရုန်းကန်ပြီးမှ ရတတ်တယ်ဆို
မင်းရော ငါရော ပြိုင်ဆဲဖို့လိုတယ်။ ။
မောင်ရေချမ်း
8 Oct 2016
ငါတို့ ငေးငိုင်ခဲ့ပုံ
နာကျင်ခဲ့ဖူးတယ် မဟုတ်လား
အရသာအရှိဆုံးဆိုတာ
ရုန်းကန်ပြီးမှ ရတတ်တယ်ဆို
မင်းရော ငါရော ပြိုင်ဆဲဖို့လိုတယ်။ ။
မောင်ရေချမ်း
8 Oct 2016
Thursday, October 6, 2016
စာရင်းကိုင်တစ်ယောက်ရဲ့နေရောင်ခြည်
ဘယ်တုန်းကမှ မရှိခဲ့သလို
ဟိုတုန်းက ရှိခဲ့တဲ့အကြောင်းတွေ
ပြန် ပြန်တွေးပါတယ်
အခု မေ့ချင်လို့
နောင်အထိ မှတ်မိနေမှာမို့ ။ ။
မောင်ရေချမ်း
7 Oct 2016
ဟိုတုန်းက ရှိခဲ့တဲ့အကြောင်းတွေ
ပြန် ပြန်တွေးပါတယ်
အခု မေ့ချင်လို့
နောင်အထိ မှတ်မိနေမှာမို့ ။ ။
မောင်ရေချမ်း
7 Oct 2016
# & & #
ငါ့ မျက်လုံးတွေ မှိတ်ချလိုက်တယ်
ရေစက်တွေလို တဖွားဖွားမေးခွန်းက
အချစ်ကို ကိန်းဂဏန်းနဲ့ ဘယ်လိုဖော်ပြမလဲ ။ ။
မောင်ရေချမ်း
7 Oct 2016
တောင်ကုန်းပေါ်က အပြာရောင်အလံ
မင်းတို့ဟာ
ငါ့ရဲ့  အမွန်မြတ်ဆုံးမျှော်လင့်ချက်ပဲ
ဒါပေမဲ့ ...
အခါးသီးဆုံးစိတ်ပျက်ဖွယ်တွေ ဖန်တီးနေကြတယ်
ဘုရားသခင်ဆိုတဲ့ကောင်က အဲလိုပြောတဲ့အခါ
မင်းကလည်း
ငါတို့ရဲ့ မျှော်လင့်ချက်နဲ့စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီးနောက်
မင်း နာမည်နဲ့ စစ်ပွဲတွေကို
ငါတို့က အခုငြိမ်းချမ်းပြီးဆုံးအောင် လုပ်နေရတယ်
ဟေ့ကောင်...ဘုရားသခင် ၊ မင်း အေးဆေးနေ
လူသားတွေက အဲဒီလို ပြန်အော်ပြောလိုက်တယ်လေ။ ။
မောင်ရေချမ်း
7 Oct 2016
ငါတို့ရဲ့ မျှော်လင့်ချက်နဲ့စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီးနောက်
မင်း နာမည်နဲ့ စစ်ပွဲတွေကို
ငါတို့က အခုငြိမ်းချမ်းပြီးဆုံးအောင် လုပ်နေရတယ်
ဟေ့ကောင်...ဘုရားသခင် ၊ မင်း အေးဆေးနေ
လူသားတွေက အဲဒီလို ပြန်အော်ပြောလိုက်တယ်လေ။ ။
မောင်ရေချမ်း
7 Oct 2016
တစ်ခုသောတွေများ
ဗာရာဏသီပြည်တွင် ဗြဟ္ဗဒတ်မင်းကြီးစိုးစံစဉ်
ကုန်ဈေးနှုန်းများက တက်ပါသည်
ကုန်ဈေးနှုန်းများက တက်ပါသည်
ဟိုး..ရှေးရှေးတုန်းက ရွာတစ်ရွာတွင်
ရွာသူရွာသားအားလုံး
နိုင်ငံခြားထွက်၍ အလုပ်လုပ်ကြပါသည်။ ။
မောင်ရေချမ်း
6 Oct 2016
ရွာသူရွာသားအားလုံး
နိုင်ငံခြားထွက်၍ အလုပ်လုပ်ကြပါသည်။ ။
မောင်ရေချမ်း
6 Oct 2016
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းခြင်း
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ချစ်သူနာမည်ရေးထားတဲ့ မိုးပျံပူဖောင်းတွေ
ကောင်းကင်ပေါ် အခမ်းအနားနဲ့ လွှတ်လိုက်တယ်
ချစ်သူနာမည်ရေးထားတဲ့ မိုးပျံပူဖောင်းတွေ
ကောင်းကင်ပေါ် အခမ်းအနားနဲ့ လွှတ်လိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
သက်တော်စောင့်မပါဘဲ ကလပ်သွားတယ်
ကြည့်မရတဲ့ ဗိုလ်ချုပ်တွေကို အပေါက်စောင့်လုပ်ခိုင်းတယ်
ကလို့ ခုန်လို့ ၀တော့ မုန့်ဖိုးအနေနဲ့
ရော့  ... ပြည်သူ့အီးတုံးကို ကိတ်မုန့်လို စားကြ လို့ ပေးလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
မြန်မြန်လုပ် ငါးနာရီပဲ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမှာ
ကျုပ်မှာ အချိန်မရှိဘူး
နှစ်မိနစ်အတွင် မင်္ဂလာဆောင်ကြမယ်
ဒီလို ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ရုပ်မြင်သံကြားသတင်းနေရာတွေ
ဟေ့ကောင်တွေ လေးဖြူသီချင်းတွေချည်းပဲ လွှင့်လို့ ပြောလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ကဗျာမရေးဘဲ ကဗျာဆရာလုပ်စားနေတဲ့ကောင်တွေ
မင်းတို့ကို အကုန် ဖမ်းတယ်ကွာ
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
အာဏာဆိုတာ ပျင်းစရာကြီးပါကွာဆိုတဲ့ မိန့်ခွန်းနဲ့
ကိုယ့်အာဏာ ကိုယ်ပြန်ယူကြ ခပ်တည်တည်ပြောရင်း
လေလေးချွန်လို့ အိမ်ပြန်လာလိုက်တယ်
ပြည်သူကတော့ အာဏာကို ထုခွဲလိုက်ရှာပြီး ကျန်ရစ်ခဲ့ပေါ့ ။ ။
မောင်ရေချမ်း
7 Oct 2016
သက်တော်စောင့်မပါဘဲ ကလပ်သွားတယ်
ကြည့်မရတဲ့ ဗိုလ်ချုပ်တွေကို အပေါက်စောင့်လုပ်ခိုင်းတယ်
ကလို့ ခုန်လို့ ၀တော့ မုန့်ဖိုးအနေနဲ့
ရော့  ... ပြည်သူ့အီးတုံးကို ကိတ်မုန့်လို စားကြ လို့ ပေးလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
မြန်မြန်လုပ် ငါးနာရီပဲ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမှာ
ကျုပ်မှာ အချိန်မရှိဘူး
နှစ်မိနစ်အတွင် မင်္ဂလာဆောင်ကြမယ်
ဒီလို ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ရုပ်မြင်သံကြားသတင်းနေရာတွေ
ဟေ့ကောင်တွေ လေးဖြူသီချင်းတွေချည်းပဲ လွှင့်လို့ ပြောလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ကဗျာမရေးဘဲ ကဗျာဆရာလုပ်စားနေတဲ့ကောင်တွေ
မင်းတို့ကို အကုန် ဖမ်းတယ်ကွာ
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
အာဏာဆိုတာ ပျင်းစရာကြီးပါကွာဆိုတဲ့ မိန့်ခွန်းနဲ့
ကိုယ့်အာဏာ ကိုယ်ပြန်ယူကြ ခပ်တည်တည်ပြောရင်း
လေလေးချွန်လို့ အိမ်ပြန်လာလိုက်တယ်
ပြည်သူကတော့ အာဏာကို ထုခွဲလိုက်ရှာပြီး ကျန်ရစ်ခဲ့ပေါ့ ။ ။
မောင်ရေချမ်း
7 Oct 2016
( )
ကွန်ပျူ တာခီးဘုတ်နဲ့  ရိုက်ဖို့ မလွယ်သော
ဘာသာစကားပေါင်းများစွာကို စုစည်းလိုက်တဲ့အခါ
ကဗျာဆိုတာ တစ်ပုဒ်တည်း
အဲဒီကော်ဖီခွက်ထဲမှာ
အသည်းပုံလေးနှစ်ခုပါတယ် ။ ။
မောင်ရေချမ်း
5 Oct 2016
ဘာသာစကားပေါင်းများစွာကို စုစည်းလိုက်တဲ့အခါ
ကဗျာဆိုတာ တစ်ပုဒ်တည်း
အဲဒီကော်ဖီခွက်ထဲမှာ
အသည်းပုံလေးနှစ်ခုပါတယ် ။ ။
မောင်ရေချမ်း
5 Oct 2016
ကော့ပိုင်
အသုံးမကျတဲ့မိုးတွေဟာ
အလှတရားယောင်ဆောင်ပြီး တဖွဲဖွဲ
တော်တော်ပါပဲ ကျက်သရေတုံးပုံနဲ့ 
ပင့်ကူမျှင် နံရံထက်ဆီသို့
အလွမ်းဟာ ဖုန်မှုန့် တွေလို ကပ်တွယ်
မင်းကို ငါ မုန်းလိုက်တာ...အချစ် ။
မောင်ရေချမ်း
5 Oct 2016
အလှတရားယောင်ဆောင်ပြီး တဖွဲဖွဲ
တော်တော်ပါပဲ ကျက်သရေတုံးပုံနဲ့ 
ပင့်ကူမျှင် နံရံထက်ဆီသို့
အလွမ်းဟာ ဖုန်မှုန့် တွေလို ကပ်တွယ်
မင်းကို ငါ မုန်းလိုက်တာ...အချစ် ။
မောင်ရေချမ်း
5 Oct 2016
အပျင်းပြေနာရီများ
ပိုက်ဆံတွေ ဘဏ်ကနေ ခိုးရမယ်
အိမ်ဆောက်ဖို့
ဟိုတယ်ဆောက်ဖို့
ရန်ကုန်မှာ အိမ်သုံးလုံးနဲ့
ပြင်ဦးလွင်မှာ အိမ်နှစ်လုံးရှိတယ်
လေကြောင်းဆက်သွယ်ရေးနဲ့
ရေနက်ဆိပ်ကမ်းတွေ အကုန် ငါပိုင်တယ်
တာထွက်ကွက်ကို ဖြတ်ရင် ၂၀၀၀ ကျပ် ထုတ်ယူရမယ်
တစ်နိုင်ငံလုံးမှာ ဆေးရုံတစ်ရုံပဲ ရှိတယ်
မိုနိုပိုလီဆော့လို့ ကောင်းလွန်းပါတယ် ။ ။
အိမ်ဆောက်ဖို့
ဟိုတယ်ဆောက်ဖို့
ရန်ကုန်မှာ အိမ်သုံးလုံးနဲ့
ပြင်ဦးလွင်မှာ အိမ်နှစ်လုံးရှိတယ်
လေကြောင်းဆက်သွယ်ရေးနဲ့
ရေနက်ဆိပ်ကမ်းတွေ အကုန် ငါပိုင်တယ်
တာထွက်ကွက်ကို ဖြတ်ရင် ၂၀၀၀ ကျပ် ထုတ်ယူရမယ်
တစ်နိုင်ငံလုံးမှာ ဆေးရုံတစ်ရုံပဲ ရှိတယ်
မိုနိုပိုလီဆော့လို့ ကောင်းလွန်းပါတယ် ။ ။
မောင်ရေချမ်း
5 Oct 2016
5 Oct 2016
ကော့ပိုင်
အချိန်နဲ့ အမျှပါပဲ
အသက်အရွယ်အရ
အလွမ်းဟာ အရိပ်လို လိုက်ပါကြီးပြင်းတယ်။
မောင်ရေချမ်း
5 Oct 2016
အသက်အရွယ်အရ
အလွမ်းဟာ အရိပ်လို လိုက်ပါကြီးပြင်းတယ်။
မောင်ရေချမ်း
5 Oct 2016
လိုင်းမကောင်းသော အင်ကြင်းပင်အောက်တွင်
အင်တာနက်ခေတ်ထဲမှာ
ဘုရားတွေ တစ်ဆူပြီးတစ်ဆူ ပွင့်တယ်လေ
ရီပို့ထုခံရတော့
အကောင့်တွေ ပျက်သွားကြတယ်
ရှာကြည့်ပါလား...ဂျွတ်စကီး ။ ။
ဘုရားတွေ တစ်ဆူပြီးတစ်ဆူ ပွင့်တယ်လေ
ရီပို့ထုခံရတော့
အကောင့်တွေ ပျက်သွားကြတယ်
ရှာကြည့်ပါလား...ဂျွတ်စကီး ။ ။
မောင်ရေချမ်း
5 Oct 2016
5 Oct 2016
နှလုံးသားဈေး
သူသည် လူအုပ်ကြားထဲမှ
ဖြေးလေးစွာနှင့် လာခဲ့သည်
ကြက်သွန်ဖြူ ၊ အာလူး ၊ လက်ဖက်ခြောက်
ကုန်ခြောက်တန်းကို ကျော်လာခဲ့သည်
ကုန်စိမ်းတန်းကို ထပ်ဖြတ်ကာ
သစ်သီးစုံတန်း တစ်ဖက်ရှိ
ပန်းပွင့်တန်းသို့ ရောက်လာခဲ့သည်
အားလုံး နေပူထဲမှာချည်းပင်
အမိုးမရှိ ၊ အကာမရှိ
နေပူထဲ ချရောင်းနေကြသည် ။ ။
မောင်ရေချမ်း
6 Oct 2016
ဖြေးလေးစွာနှင့် လာခဲ့သည်
ကြက်သွန်ဖြူ ၊ အာလူး ၊ လက်ဖက်ခြောက်
ကုန်ခြောက်တန်းကို ကျော်လာခဲ့သည်
ကုန်စိမ်းတန်းကို ထပ်ဖြတ်ကာ
သစ်သီးစုံတန်း တစ်ဖက်ရှိ
ပန်းပွင့်တန်းသို့ ရောက်လာခဲ့သည်
အားလုံး နေပူထဲမှာချည်းပင်
အမိုးမရှိ ၊ အကာမရှိ
နေပူထဲ ချရောင်းနေကြသည် ။ ။
မောင်ရေချမ်း
6 Oct 2016
စောင့်မျှော်သူရဲ့ ၀ရန်တာ
ဟိုစဉ်က နှင့် ယခုတွင်
ကင်မရာ မကောင်းလို့
သေချင်စိတ်ကို အောင့်ထားရတယ်
နောက်ဆုံးချိန်ထိ ပြုံး၍
ဆယ်ဖီရိုက်ချင်သူ အဖို့မှာ ။ ။
ကင်မရာ မကောင်းလို့
သေချင်စိတ်ကို အောင့်ထားရတယ်
နောက်ဆုံးချိန်ထိ ပြုံး၍
ဆယ်ဖီရိုက်ချင်သူ အဖို့မှာ ။ ။
မောင်ရေချမ်း
6 Oct 2016
6 Oct 2016
Tuesday, October 4, 2016
မဖွယ်မရာ ကမ္ဘာထဲက
သေဖို့အတွက် အသက်လိုတယ်
ကြည်ပြာရောင်ကောင်းကင်
အားကြိုးစိတ်ပါကိုယ်လုပ်ကြိုးပမ်းမှုများ
ပျော်ရွှင်စွာပြဿ နာရှာကြသူများ
ပြာမကျခင်လေးမှာ
ကြည်ပြာရောင်ကောင်းကင်
အားကြိုးစိတ်ပါကိုယ်လုပ်ကြိုးပမ်းမှုများ
ပျော်ရွှင်စွာပြဿ နာရှာကြသူများ
ပြာမကျခင်လေးမှာ
အသက်တွေ သေကုန်ပြီ
အသက်တွေ အသက်မထွက်ဘဲ သေကုန်ပြီ။
မြက်စိမ်းစိမ်းလေးပေါ်မှာ
ပြန်မချစ်နိုင်ကြသူများအတွက်
အချင်းချင်းပစ်ခတ်ဖို့ သေနတ်များ
စတင်ပြီးရင် ဆုံးဖို့လိုတယ်
ဒေါသကို စိတ်တူကိုယ်မကွဲ ရှာဖွေဆော့၍
ကြည်ပြာရောင်ကောင်းကင်
သေဖို့အတွက် အသက်လိုတယ်။
လေထုကို သန့်စင်ပြီးသွားရင် သူတို့တွေ လာတယ်
လူကောင်းသူကောင်းနဲ့တူတဲ့နေရောင်ခြည်ရယ်
သန့်စင်တဲ့မိုးပွင့်တွေပါဝင်သောတိမ်များရယ်
လဒငှက်တွေ တသောသောသုံးဆောင်ဖို့
သွေးတွေပေ လူတွေသေ နေတဲ့လမ်းမတွေပေါ်။ ။
မောင်ရေချမ်း
4 Oct 2015
အသက်တွေ အသက်မထွက်ဘဲ သေကုန်ပြီ။
မြက်စိမ်းစိမ်းလေးပေါ်မှာ
ပြန်မချစ်နိုင်ကြသူများအတွက်
အချင်းချင်းပစ်ခတ်ဖို့ သေနတ်များ
စတင်ပြီးရင် ဆုံးဖို့လိုတယ်
ဒေါသကို စိတ်တူကိုယ်မကွဲ ရှာဖွေဆော့၍
ကြည်ပြာရောင်ကောင်းကင်
သေဖို့အတွက် အသက်လိုတယ်။
လေထုကို သန့်စင်ပြီးသွားရင် သူတို့တွေ လာတယ်
လူကောင်းသူကောင်းနဲ့တူတဲ့နေရောင်ခြည်ရယ်
သန့်စင်တဲ့မိုးပွင့်တွေပါဝင်သောတိမ်များရယ်
လဒငှက်တွေ တသောသောသုံးဆောင်ဖို့
သွေးတွေပေ လူတွေသေ နေတဲ့လမ်းမတွေပေါ်။ ။
မောင်ရေချမ်း
4 Oct 2015
ကော်ဖီနဲ့ ပွင့်တဲ့ပန်း
ငြိမ်းချမ်းတဲ့ဥယျာဉ်အဖြစ် သီးပွင့်လို့
မင်းဘောင်းဘီပေါ်က ကြယ်ပွင့်မျှင်ဟာ ငါပဲလေ
ဒီစကားမှာ ကိုင်ဆုပ်စက္ကူစလေးထဲ
ရှက်မြတ်နိုးစွာ ပြုံးပြဖို့ နှုတ်ခမ်းရာများ
ထင်းပလဲ့စင်ဖွယ် ထိုအခါ ဖြစ်လာတယ်
ကောင်းကင်ပေါ် ရွေ့ လျားသူ မီးခိုးဖြူတွေ ။ ။
မင်းဘောင်းဘီပေါ်က ကြယ်ပွင့်မျှင်ဟာ ငါပဲလေ
ဒီစကားမှာ ကိုင်ဆုပ်စက္ကူစလေးထဲ
ရှက်မြတ်နိုးစွာ ပြုံးပြဖို့ နှုတ်ခမ်းရာများ
ထင်းပလဲ့စင်ဖွယ် ထိုအခါ ဖြစ်လာတယ်
ကောင်းကင်ပေါ် ရွေ့ လျားသူ မီးခိုးဖြူတွေ ။ ။
မောင်ရေချမ်း
2 Oct 2016
2 Oct 2016
အမေရိကန်နဲ့တာလီဘန်
ဗုံးခွဲမယ့်ကောင်က ပြောတယ်
ငါ အိမ် မပြန်ရရင်
မင်း လည်း အိမ် မပြန်ရဘူး
မင်းကို သတ်ပစ်မှ ရမယ် ။
ငါ အိမ် မပြန်ရရင်
မင်း လည်း အိမ် မပြန်ရဘူး
မင်းကို သတ်ပစ်မှ ရမယ် ။
ဗုံးအခွဲခံရမယ့်ကောင်က ပြန်ပြောတယ်
မင်း အိမ်ပြန်ရဖို့ဆိုရင်
ငါ့ကို သတ်လိုက်စမ်းပါ
ငါ သေပြီးနောက် မင်းသာ ရှင်ပါစေ ။ ။
မောင်ရေချမ်း
3 Oct 2016
မင်း အိမ်ပြန်ရဖို့ဆိုရင်
ငါ့ကို သတ်လိုက်စမ်းပါ
ငါ သေပြီးနောက် မင်းသာ ရှင်ပါစေ ။ ။
မောင်ရေချမ်း
3 Oct 2016
ကျည်ဆံ
အမေရိကန်တစ်ကောင်ရဲ့အလောင်းကို
မင်း ရတဲ့အခါ ... ပျော်ပါရဲ့လား
I.S စစ်သားလေးရယ်
သူ့အိတ်ကပ်ထဲမှာလည်း
မင်းလိုပဲ
မိသားစုဓာတ်ပုံလေး ရှိတယ် ။ ။
မောင်ရေချမ်း
14 September 2016
14 September 2016
Saturday, October 1, 2016
မနက်ခြောက်နာရီနိုင်ငံ
တခြားသူတွေ မပင်ပန်းဖို့
ခြေသုတ်ခုံလေးကို ဖုန်ခါကာ
အိမ်သာဆေးရင် ပူဆွေးခြင်းဝေးဆိုလို့
ကြွေခွက်ဟာ ငါ့သွားတွေလို ဖြူ စင်သွား
ချစ်လိုက်တာကွာ
အလွမ်းကွမ်တမ်အမှုန်တွေ ရမ်းရဲပျံ့ကြဲသော
မျက်နှာသစ်ရာ ဒီနေ့ ရေခွက်ထဲတွင်
ဘယ်လိုလဲ မင်း မျက်နှာ မြင်ချင်တဲ့နေရောင်မှာ ။
ခြေသုတ်ခုံလေးကို ဖုန်ခါကာ
အိမ်သာဆေးရင် ပူဆွေးခြင်းဝေးဆိုလို့
ကြွေခွက်ဟာ ငါ့သွားတွေလို ဖြူ စင်သွား
ချစ်လိုက်တာကွာ
အလွမ်းကွမ်တမ်အမှုန်တွေ ရမ်းရဲပျံ့ကြဲသော
မျက်နှာသစ်ရာ ဒီနေ့ ရေခွက်ထဲတွင်
ဘယ်လိုလဲ မင်း မျက်နှာ မြင်ချင်တဲ့နေရောင်မှာ ။
မောင်ရေချမ်း
2 Oct 2016
2 Oct 2016
ဖွင့်ဆိုမှုအရ မင်းရှိနေသော နေရာ
မလာပါနဲ့ သီချင်းကိုဆိုဖို့
ငါဟာ နှစ်ကာလတွေအကြာကြီး ပျံ
ဒီလို ထို့ကြောင့် ပြန်ခဲ့ရတဲ့အခါ
ဘာသာပြန်မှားသလို ရင်ဘတ်ဖုန်းခေါ်သံမှာ
ညတွေလိုပဲမှောင်
အော်ဟစ်စူးရှပေါက်ကွဲလို့ ဝေးကွာ
အချစ်ရေ.. အချစ်ရေ လို့ သီချင်းဆိုရင်း
မျက်ရည်ပျော်ရွှင်မှုတွေ ငာ ဖြစ်ခဲ့
ရယ်မောငိုသံတွေ မင်း ဖြစ်ခဲ့
ဘာအဓိပ္ပါယ်မှမရှိ
ဘာအဓိပ္ပါယ်မှမရှိ ဖြစ်ခဲ့တာတွေ ။ ။
ငါဟာ နှစ်ကာလတွေအကြာကြီး ပျံ
ဒီလို ထို့ကြောင့် ပြန်ခဲ့ရတဲ့အခါ
ဘာသာပြန်မှားသလို ရင်ဘတ်ဖုန်းခေါ်သံမှာ
ညတွေလိုပဲမှောင်
အော်ဟစ်စူးရှပေါက်ကွဲလို့ ဝေးကွာ
အချစ်ရေ.. အချစ်ရေ လို့ သီချင်းဆိုရင်း
မျက်ရည်ပျော်ရွှင်မှုတွေ ငာ ဖြစ်ခဲ့
ရယ်မောငိုသံတွေ မင်း ဖြစ်ခဲ့
ဘာအဓိပ္ပါယ်မှမရှိ
ဘာအဓိပ္ပါယ်မှမရှိ ဖြစ်ခဲ့တာတွေ ။ ။
-သစ်လွင်ညီ- မောင်ရေချမ်း
လရှိုက်သံ
အမှောင်ထဲ
မင်းကို သတိကြောင်း
ဘယ် ဘာသာစကားနဲ့ ပြောရမလဲ
အလင်းရောင်ပေးဖို့ပါ ညရယ် ။ ။
မင်းကို သတိကြောင်း
ဘယ် ဘာသာစကားနဲ့ ပြောရမလဲ
အလင်းရောင်ပေးဖို့ပါ ညရယ် ။ ။
မောင်ရေချမ်း
1 Oct 2016
1 Oct 2016
ရေကောင်းမှု
ရတယ်
တရား မနာနဲ့
မရဘူး
တရား မပါလို့
ဆိုးလို့ မိုက်လို့ ဝရင်
ပုတီး မပါလည်း ဘုရားပေါ် လာခဲ့
ဖိနပ်ချွတ်တဲ့လက် လှပြီ ။ ။
မောင်ရေချမ်း
1 Oct 2016
တရား မနာနဲ့
မရဘူး
တရား မပါလို့
ဆိုးလို့ မိုက်လို့ ဝရင်
ပုတီး မပါလည်း ဘုရားပေါ် လာခဲ့
ဖိနပ်ချွတ်တဲ့လက် လှပြီ ။ ။
မောင်ရေချမ်း
1 Oct 2016
မင်းနဲ့ ငါ အတူ မရှိတော့တဲ့နောက်
မင်းနဲ့ ငါ အတူ မရှိနောက်မှတော့
သေချာလွန်းပါတယ်
ငါ တစ်ယောက်တည်းပဲ ငိုကြွေးတယ်
ပြီးတော့ ငါ တစ်ယောက်တည်းပဲ ပိုမို ပျော်ရွှင်တယ်
မင်းနဲ့ ငါ အတူမရှိတော့တဲ့နောက်
အစိုးရအစစ်လို့ ထင်ရတဲ့ အစိုးရကို ငါရတယ်
ဆောရီး မင်းက နိုင်ငံရေးမှ စိတ်မဝင်စားတာ
ငါ မှတ်ဥာဏ်က မေ့တော့မလို့် 
မင်းနဲ့ ငါ အတူ မရှိတော့တဲ့နောက်
အတူရှိခဲ့စဉ်က အဖြစ်တွေ ပြန်တွေးတဲ့အခါ
မကောင်းပါဘူးကွာ
လုံးဝ မကောင်းပါဘူး
ပျော်စရာတွေကို ပြန် ပြန်တွေးပြီး
အလွမ်းအဆွေးကို ကျော်လွန်ခြင်းဟာလည်း ပညာရပ်တစ်ခုပါပဲ
မင်းနဲ့ ငါအတူ မရှိတော့တဲ့နောက်မှ
မင်း အကြောင်း မေးခံရတဲ့အခါ
ပင်လယ်ထဲ နေဝင်သွားသလိုပါပဲ ပြန်ဖြေမိ
အစ မရှိ အဆုံး မရှိ အဖြစ်တွေထဲ
ငါတို့် အတူတူ ရှိခဲ့ဖူးပါတယ်
သိပ်ကို ခမ်းနားခဲ့လွန်းပါတယ်
မင်းနဲ့ငါ အတူ မရှိတဲ့နောက်မှာ
မင်းအကြောင်းတွေဟာ ငါ့ကဗျာအဖြစ် လာလာ ကိုယ်ထင်ပြနေတဲ့အခါ
ဒီကဗျာကို
မျက်ရည်ဖွက်တမ်းကစားလို ရေးမိပါတယ်။ ။
သေချာလွန်းပါတယ်
ငါ တစ်ယောက်တည်းပဲ ငိုကြွေးတယ်
ပြီးတော့ ငါ တစ်ယောက်တည်းပဲ ပိုမို ပျော်ရွှင်တယ်
မင်းနဲ့ ငါ အတူမရှိတော့တဲ့နောက်
အစိုးရအစစ်လို့ ထင်ရတဲ့ အစိုးရကို ငါရတယ်
ဆောရီး မင်းက နိုင်ငံရေးမှ စိတ်မဝင်စားတာ
ငါ မှတ်ဥာဏ်က မေ့တော့မလို့် 
မင်းနဲ့ ငါ အတူ မရှိတော့တဲ့နောက်
အတူရှိခဲ့စဉ်က အဖြစ်တွေ ပြန်တွေးတဲ့အခါ
မကောင်းပါဘူးကွာ
လုံးဝ မကောင်းပါဘူး
ပျော်စရာတွေကို ပြန် ပြန်တွေးပြီး
အလွမ်းအဆွေးကို ကျော်လွန်ခြင်းဟာလည်း ပညာရပ်တစ်ခုပါပဲ
မင်းနဲ့ ငါအတူ မရှိတော့တဲ့နောက်မှ
မင်း အကြောင်း မေးခံရတဲ့အခါ
ပင်လယ်ထဲ နေဝင်သွားသလိုပါပဲ ပြန်ဖြေမိ
အစ မရှိ အဆုံး မရှိ အဖြစ်တွေထဲ
ငါတို့် အတူတူ ရှိခဲ့ဖူးပါတယ်
သိပ်ကို ခမ်းနားခဲ့လွန်းပါတယ်
မင်းနဲ့ငါ အတူ မရှိတဲ့နောက်မှာ
မင်းအကြောင်းတွေဟာ ငါ့ကဗျာအဖြစ် လာလာ ကိုယ်ထင်ပြနေတဲ့အခါ
ဒီကဗျာကို
မျက်ရည်ဖွက်တမ်းကစားလို ရေးမိပါတယ်။ ။
မောင်ရေချမ်း
1 Oct 2016
1 Oct 2016
Subscribe to:
Posts (Atom)