Thursday, October 6, 2016

စာရင်းကိုင်တစ်ယောက်ရဲ့နေရောင်ခြည်

ဘယ်တုန်းကမှ မရှိခဲ့သလို
ဟိုတုန်းက ရှိခဲ့တဲ့အကြောင်းတွေ
ပြန် ပြန်တွေးပါတယ်
အခု မေ့ချင်လို့
နောင်အထိ မှတ်မိနေမှာမို့ ။ ။

                            မောင်ရေချမ်း
                       7 Oct 2016

# & & #


ငါ့ မျက်လုံးတွေ မှိတ်ချလိုက်တယ်
 ရေစက်တွေလို တဖွားဖွားမေးခွန်းက
အချစ်ကို ကိန်းဂဏန်းနဲ့ ဘယ်လိုဖော်ပြမလဲ ။ ။

                                      မောင်ရေချမ်း
                                  7 Oct 2016

တောင်ကုန်းပေါ်က အပြာရောင်အလံ


မင်းတို့ဟာ
ငါ့ရဲ့  အမွန်မြတ်ဆုံးမျှော်လင့်ချက်ပဲ
ဒါပေမဲ့ ...
အခါးသီးဆုံးစိတ်ပျက်ဖွယ်တွေ ဖန်တီးနေကြတယ်
ဘုရားသခင်ဆိုတဲ့ကောင်က အဲလိုပြောတဲ့အခါ

မင်းကလည်း
ငါတို့ရဲ့ မျှော်လင့်ချက်နဲ့စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီးနောက်
မင်း နာမည်နဲ့ စစ်ပွဲတွေကို
ငါတို့က အခုငြိမ်းချမ်းပြီးဆုံးအောင် လုပ်နေရတယ်
ဟေ့ကောင်...ဘုရားသခင် ၊ မင်း အေးဆေးနေ
လူသားတွေက အဲဒီလို ပြန်အော်ပြောလိုက်တယ်လေ။ ။

                                မောင်ရေချမ်း
                           7 Oct 2016

တစ်​ခု​သော​တွေများ

ဗာရာဏသီပြည်​တွင်​ ဗြဟ္ဗဒတ်​မင်းကြီးစိုးစံစဉ်
ကုန်​​ဈေးနှုန်းများက တက်​ပါသည်

ဟိုး..​ရှေး​ရှေးတုန်းက ရွာတစ်​ရွာတွင်
ရွာသူရွာသားအားလုံး
နိုင်​ငံခြားထွက်​၍ အလုပ်​လုပ်​ကြပါသည်​။ ။

မောင်​​ရေချမ်း
6 Oct 2016

နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းခြင်း

နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ချစ်သူနာမည်ရေးထားတဲ့ မိုးပျံပူဖောင်းတွေ
ကောင်းကင်ပေါ် အခမ်းအနားနဲ့ လွှတ်လိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
သက်တော်စောင့်မပါဘဲ ကလပ်သွားတယ်
ကြည့်မရတဲ့ ဗိုလ်ချုပ်တွေကို အပေါက်စောင့်လုပ်ခိုင်းတယ်
ကလို့ ခုန်လို့ ၀တော့ မုန့်ဖိုးအနေနဲ့
ရော့  ... ပြည်သူ့အီးတုံးကို ကိတ်မုန့်လို စားကြ လို့ ပေးလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
မြန်မြန်လုပ် ငါးနာရီပဲ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမှာ
ကျုပ်မှာ အချိန်မရှိဘူး
နှစ်မိနစ်အတွင် မင်္ဂလာဆောင်ကြမယ်
ဒီလို ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ရုပ်မြင်သံကြားသတင်းနေရာတွေ
ဟေ့ကောင်တွေ လေးဖြူသီချင်းတွေချည်းပဲ လွှင့်လို့ ပြောလိုက်တယ်
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
ကဗျာမရေးဘဲ ကဗျာဆရာလုပ်စားနေတဲ့ကောင်တွေ
မင်းတို့ကို အကုန် ဖမ်းတယ်ကွာ
နိုင်ငံတော်ကို ငါးနာရီစာ အာဏာသိမ်းပြီးနောက်
အာဏာဆိုတာ ပျင်းစရာကြီးပါကွာဆိုတဲ့ မိန့်ခွန်းနဲ့
ကိုယ့်အာဏာ ကိုယ်ပြန်ယူကြ ခပ်တည်တည်ပြောရင်း
လေလေးချွန်လို့ အိမ်ပြန်လာလိုက်တယ်
ပြည်သူကတော့ အာဏာကို ထုခွဲလိုက်ရှာပြီး ကျန်ရစ်ခဲ့ပေါ့ ။ ။

မောင်ရေချမ်း
7 Oct 2016

( )

ကွန်​ပျူ တာခီးဘုတ်​နဲ့  ရိုက်​ဖို့ မလွယ်​​သော
ဘာသာစကား​ပေါင်းများစွာကို စုစည်းလိုက်​တဲ့အခါ
ကဗျာဆိုတာ တစ်​ပုဒ်​တည်း
အဲဒီ​ကော်​ဖီခွက်​ထဲမှာ
အသည်းပုံ​လေးနှစ်​ခုပါတယ်​ ။ ။

                                မောင်ရေချမ်း
                            5 Oct 2016

ကော့ပိုင်

အသုံးမကျတဲ့မိုး​တွေဟာ
အလှတရား​ယောင်​​ဆောင်​ပြီး တဖွဲဖွဲ
တော်​​တော်​ပါပဲ ကျက်​​သ​ရေတုံးပုံနဲ့ 
ပင့်​ကူမျှင်​ နံရံထက်​ဆီသို့
အလွမ်းဟာ ဖုန်​မှုန့်​တွေလို ကပ်​တွယ်
မင်းကို ငါ မုန်းလိုက်​တာ...အချစ်​ ။ 


                              မောင်ရေချမ်း
                             5 Oct 2016

အပျင်းပြေနာရီများ

ပိုက်ဆံတွေ ဘဏ်ကနေ ခိုးရမယ်
အိမ်ဆောက်ဖို့
ဟိုတယ်ဆောက်ဖို့
ရန်ကုန်မှာ အိမ်သုံးလုံးနဲ့
ပြင်ဦးလွင်မှာ အိမ်နှစ်လုံးရှိတယ်
လေကြောင်းဆက်သွယ်ရေးနဲ့
ရေနက်ဆိပ်ကမ်းတွေ အကုန် ငါပိုင်တယ်
တာထွက်ကွက်ကို ဖြတ်ရင် ၂၀၀၀ ကျပ် ထုတ်ယူရမယ်
တစ်နိုင်ငံလုံးမှာ ဆေးရုံတစ်ရုံပဲ ရှိတယ်
မိုနိုပိုလီဆော့လို့ ကောင်းလွန်းပါတယ် ။ ။


မောင်ရေချမ်း
5 Oct 2016

ကော့ပိုင်

အချိန်​နဲ့ အမျှပါပဲ
အသက်​အရွယ်​အရ
အလွမ်းဟာ အရိပ်​လို လိုက်​ပါကြီးပြင်းတယ်​။


                                    မောင်ရေချမ်း
                                 5 Oct 2016

လိုင်း​မ​ကောင်း​သော အင်​ကြင်းပင်​​အောက်​တွင်

အင်​တာနက်​​ခေတ်​ထဲမှာ
ဘုရား​တွေ တစ်​ဆူပြီးတစ်​ဆူ ပွင့်​တယ်​​လေ
ရီပို့ထုခံရ​တော့
အ​ကောင့်​​တွေ ပျက်​သွားကြတယ်
ရှာကြည့်​ပါလား...ဂျွတ်​စကီး ။ ။


မောင်​​ရေချမ်း
5 Oct 2016

နှလုံးသားဈေး

သူသည် လူအုပ်ကြားထဲမှ
ဖြေးလေးစွာနှင့် လာခဲ့သည်
ကြက်သွန်ဖြူ  ၊ အာလူး ၊ လက်ဖက်ခြောက်
ကုန်ခြောက်တန်းကို ကျော်လာခဲ့သည်
ကုန်စိမ်းတန်းကို ထပ်ဖြတ်ကာ
သစ်သီးစုံတန်း တစ်ဖက်ရှိ
ပန်းပွင့်တန်းသို့ ရောက်လာခဲ့သည်
အားလုံး နေပူထဲမှာချည်းပင်
အမိုးမရှိ ၊ အကာမရှိ
နေပူထဲ ချရောင်းနေကြသည် ။ ။

                                  မောင်ရေချမ်း
                               6 Oct 2016

စောင့်မျှော်သူရဲ့ ၀ရန်တာ

ဟိုစဉ်က နှင့် ယခုတွင်
ကင်မရာ မကောင်းလို့
သေချင်စိတ်ကို အောင့်ထားရတယ်
နောက်ဆုံးချိန်ထိ ပြုံး၍
ဆယ်ဖီရိုက်ချင်သူ အဖို့မှာ ။ ။


မောင်ရေချမ်း
6 Oct 2016