Tuesday, July 14, 2020

အဆိပ်ခတ်ထားတဲ့ ရေတွင်းကြီးထဲကို တရှဲရှဲ အသံမြည်အောင် သေးပေါက်ချနေတဲ့ မိန်းမ


သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။ လူ့ဘဝဆိုတာ ..ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ ဒဿနကိုယ်စီနဲ့ လူတွေကတော့ ... ရှုပ်ယှက်ခတ်အောင် သွားလာလှုပ်ရှား အလုပ်များနေကြတယ်။ ထမင်းစားပြီးခါစ_ အချိန်ဆိုတော့ ... မနက်ခင်းက သောက်ထားတဲ့ ရေတွေဟာ အူတွေထဲကနေ စုပ်ယူခြင်းကိုလည်း ခံရပြီးပြီပေါ့။ အရည်အဖြစ် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ပြီး အောက်စီဂျင်နဲ့အာဟာရတွေကိုလည်း သူ့တာဝန်အရ ပြန်ဖြန့်ဖြူးပေးပြီးပြီလေ။ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်တော့မယ့် သေးစီးကြောင်းကြီးအဖြစ် ...အခုတော့ ... ထွက်ခွာခဲ့လာတာ။ သေးစီးကြောင်းကြီးရဲ့ဖန်တီးရှင်အဖြစ် သူ့ကို ရေတွင်းကြီးက ကြိုဆိုနေတာ သိပ်ကြည်နူးဖို့ ကောင်းတဲ့မြင်ကွင်းပါပဲ။

နေ့လည်ခင်း နေလုံးကြီးရဲ့ချီးလို ဝါထိန်နေတဲ့ အလင်းရောင်အောက်မှာ သူကတော့ ... အေးဆေးပဲ။ ထမိန်လေးကို မပြီး အောက်ခံဘောင်းဘီလေးကို အောက်ကို လျှောချလို့ ။ အေးအေးဆေးဆေးမှ တကယ့်အေးဆေးပဲ။ ဒီထက် ပိုအေးအေးချင်ရင် မိုးတွေ ဘာတွေပါ ပေးရွာလိုက်ဦး။ အဆင်ပြေတယ် မဟုတ်လား။ "အေးအေးဆေးဆေး သေးပေါက်ချင်လို့ လင်မယူတာ ..ဟေ့" လို့လည်း သူ့ပါးစပ်ကနေ အော်ပြောနေသေးတယ်။ 

သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။

                                       မောင်ရေချမ်း