နေ့သည်လည်းကောင်း ညသည်လည်းကောင်း
တစ်နေ့ထက်တစ်နေ့ တစ်ညထက်တစ်ည ငြိမ်းချမ်းစေကြောင်း
ဆုတောင်းရင်းဖြင့် ဒီကဗျာအဖွင့်ကိုစတင်လိုက်တယ်
ချစ်ခြင်းတရားဟာ မှော်ဆရာရဲ့လက်ထဲကဆေးတောင်ဝှေးလေးလို
တဖြည်းဖြည်း သေးကွေးလာ
အို….ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့
အရာရာဟာ မှုန်ပြဝေရီလို့ အလေအလွင့်ခေတ်ထဲ အလွင့်အလေများတယ်
တစ်ခုခုတော့ တစ်ခုခုပဲတစ်နေရာမှာ လွဲချော်နေတာ
ငေးရင်းလွမ်းရင်း ၊ လွမ်းရင်းငေးရင်းနဲ့ အလေအလွင့်ခေတ်ထဲမှာ
ပြာလဲ့အက်ရှလို့ ကြေကွဲနေရ
ခြင်မတစ်ကောင်သန္ဓေအောင်ဖို့ သွေးကိုအရေးတကြီးလိုနေသလိုမျိုး
မုန့်ဟင်းခါးစားပြီး အပူတပြင်းရေငတ်နေသလို
နှလုံးသားသွေးထဲ ၊ ခန္ဓာကိုယ်ထဲ ရင်ဘတ်ထဲ အိပ်မက်ထဲ
အပြင်းအထန် စွဲစွဲလန်းလန်းတောင့်တနေတာ
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”