Tuesday, July 10, 2012

ကျွန်တော် ကဗျာရေးတယ်/ရေးနေတယ်/ရေးခဲ့တယ်

အစာလို ရေလို နေရောင်ခြည်လို အမြဲမပြတ်မှီဝဲခဲ့ပါတယ်
ချစ်သူတစ်ယောက်ကို ချစ်သလိုလည်း ချစ်မြတ်ခဲ့ပါတယ်
ကိုယ့်အရိုးကိုယ်ခြစ်ပြီး ကမ္ဘာကိုချစ်လို့ရေးတယ်လို့လည်း ကြီးကြီးကျယ်ကျယ်စကားကို
(အကျယ်ကြီး ၊ အကျယ်ကြီး ) ဘယ်တုန်းကမှဟစ်အော်မပြောခဲ့ပါဘူး
မီးပူဘယ်လောက်တိုက်တိုက် ပြန့်မလာတဲ့အိပ်မက်တွေ
ကမ္ဘာကြီးရဲ့ခြေကြားလက်ကြားကနေ လျှောခနဲ ၊လျှောခနဲ ထွက်ကျသွားမှုတွေ

Tuesday, July 3, 2012

ရွှေအမြုတေမဂ္ဂဇင်း One minute interview


အချစ် ကဗျာတွေ ရေးပြီး ဂျာနယ် စာမျက်နှာများပေါ် ရောက်ခဲ့ပေမဲ့ ရန်ကုန် ကဗျာနဲ့မှ မဂ္ဂဇင်း စာမျက်နှာ  ပေါ်ရောက်ခဲ့တဲ့ ကဗျာဆရာ မောင်ရေချမ်းက ၂၀၁၂ ခုနှစ်အတွက် ရွှေအမြုတေ စာပေဆုကဗျာ ဆုကို ရရှိခဲ့ပါတယ်။
ယုံကြည်ရာကို ရိုးရိုးရဲရဲ ရေးထားတဲ့ ရန်ကုန် ကဗျာနဲ့ ဆုရတာကြောင့် ၀မ်းသာပီတိ ဖြစ်တယ်လို့ မောင်ရေချမ်းက ဆိုပါတယ်။

ရန်ကုန် ကဗျာကို teen မဂ္ဂဇင်းကို ဘယ်လိုကြောင့် ပို့ဖြစ်ခဲ့တာလဲ။

ကျွန်တော်က လူငယ်စစ်စစ်ဖြစ်လို့ teen မဂ္ဂဇင်းကို ပို့ဖြစ်ခဲ့တာပါ။

ရန်ကုန် ကဗျာကို ရေးတဲ့အခါ ကိုယ်တိုင် မြင်တွေ့ ရမှုတွေကိုပဲ ရေးချဖြစ်တာလား၊ တခြား သူတွေ
အပြော ပါသေးလား။