Sunday, May 20, 2012

ဒီနေရာမှာ မိုးအကြီးကြီးခေါင်နေတယ်


    ကြီးကြီးကျယ်ကျယ် ပိုစကာတွေကပ်လို့ တကယ့်ကိုခမ်းခမ်းနားနား ၊ အိပ်မက်သေတွေကို နှုတ်ခမ်းဝတွေမှာကပိုကယိုချိတ်ဆွဲထား တယ်၊၊၊တကယ့်ကိုခပ်လန်းလန်းလေးပဲ ၊၊သူတို့ ဘာလုပ်နေလဲ ၊သူတို့ဘာလုပ်နေလဲ ၊ကဲ...ကဲ ကျွန်တော်တို့သိချင်နေကြတယ် ၊၊
ဒီအိမ်လေးကခေါင်မိုးလုံရဲ့လားဆိုတဲ့စိုးရိမ်စိတ်လေးတွေ သိသိသာသာဖိစီးလို့ ၊၊အချစ်ရေ...နေလို့မှကောင်းရဲ့ဆိုတဲ့သီချင်းစာသားကို
အသံကြောင်ကြီးတွေနဲ့အဝေးကနေ ဟစ်အော်နေသူတွေရှိတယ် ၊၊ထူးခြားတာပဲ ၊ဒီနေရာမှာမှ ကွက်လို့မိုးခေါင်နေတာ ၊၊ဒီလမ်း ၊ဒီခရီး
သွားချင်ရဲ့လား ၊ ဒီလိုသွားနေသမျှဒီကို မရောက်ဘူး  ယုံ၊၊(ဒီ...ဒီ...ဒီ...)၊၊ မျက်လုံးမပါတဲ့လူတွေကအရောင်တွေရဲ့သဘောတရားအကြောင်းကို တခမ်းတနားပြောကြမယ်၊၊
မသူတော်တွေကို မသူတော်အချင်းချင်းချီးမွှမ်းလို့ ၊ပြန်ပေးမယ်လို့ပြောတဲ့အိပ်မက်တွေကို အရင်းအတိုင်းပြန်
မရဘူး ၊၊အတိုးပါပေးရမယ်တဲ့ ၊သိပ်ဂွကျတယ်ကွာ ၊၊သတင်းစာလေးကိုင်လို့ ငေးငေးငိုင်ငိုင် ၊၊
ပုပ်ပွပွ ချဉ်စုပ်စုပ်ကိစ္စတွေအကြောင်း တစေ့တစောင်း ၊၊မိုးခါးရေ ၊ တစ်ကျိုက်နှစ်ကျိုက် ၊၊
အံ့သြတာပဲ ၊ ဒီခြေလှမ်းမျိုးနဲ့ အာမခံပက်စက်တယ် ၊၊ဘာဘာညာညာနဲ့ စကားရောဖောရောလုပ်မယ့်အကြောင်းအရာတွေ ၊၊
အကွက်တွေ ဟိုရွေ့၊ဒီရွေ့  ညစ်ကျယ်ကျယ်အပြုံးတွေနဲ့ နောက်ဆုံးမှာ ဒိုင်စားတယ်
ကောင်းကင်ကြီးတစ်ခုလုံးပေါက်ဖြဲနေ ၊ အိပ်မက်ပန်းပွင့်လေးတွေ နွမ်းကြေလို့ ၊၊
ကဲ... ပြောစမ်း ၊ဒီတစ်နေရာတည်း မိုးခေါင်လွန်းတာ ဘယ်သူငြင်းမလဲ ၊၊

                                                                                                                    မောင်ရေချမ်း

Friday, May 11, 2012

မနေ့ညက အိပ်မက်ထဲမှာ




ရိုးရိုးရှင်းရှင်းပဲ ၊ မနေ့ညက အိပ်မက် မက်တယ်
ရပ်နေတဲ့မြေကြီးဟာ တဖြည်းဖြည်း အက်….အက်…..လာ
မြေမှုန်မြေစတွေ လွင့်ဝဲလို့ တစ်စတစ်စ အာ……အာ….လာ
ပြီးတော့ နှင်းဆီဖြူတွေတစ်ပွင့်ပြီးတစ်ပွင့် ပွင့်
အံ့သြစရာ
အိပ်မက်ထဲမှာ သေသွားတဲ့လူတွေဟာ ပြန်ရှင်လာလို့
ပျော်ကြ ရွှင်ကြ ကကြ ခုန်ကြ
တစ်ယောက်ကိုတစ်ယောက် ရင်းရင်းနှီးနှီးပွေ့ဖက်ကြ
သူတို့ ကွဲကွာနေခဲ့ကြတာ ကစဉ့်ကလျား