Sunday, June 3, 2012

ဒီလိုမျိုးပေါ့ ဖြစ်တည်မှုတွေဟာ ဂျာအေးကိုသူ့အမေရိုက်

နားထဲမှာ ဒီအသံတွေပဲ ကြားနေရတယ်
ရုပ်မြင်သံကြားကိုပိတ်ထားတယ် ၊သတင်းစာတွေကို ပိတ်ထားတယ် ၊
စားပွဲပေါ်မှာ နှင်းဆီဖြူပွင့်တွေဟာ ကျိုးပျက်ကြေမွလို့
ထွက်နေကျ ( ဖတ်နေကျ ) ဂျာနယ်တွေထဲက ညိုပုပ်ပုပ်အနံ့တွေထောင်းထောင်းထ ၊
 သွေးနံ့ ၊ချွေးနံ့ ယမ်းနံ့တွေပဲ၊၊တစ်ယောက်နဲ့တစ်ယောက်က ၊ တစ်ယောက်ကတစ်ယောက်ကို မမြင်ကြဘူး ၊
 မြင်သမျှဓားတွေ ၊မီးတောက်တွေ ၊၊