Wednesday, June 27, 2012

ဒီလို ဒီလိုနဲ့ ကြေကြေကွဲကွဲ

 အနောက်တောင်မှာ မိုးတွေချုန်းပြီ
ဘ၀တွေ ရွှဲရွှဲစိုအောင် ......အရွာလည်းခံရဖူးပြီ
( အလျော်မရတဲ့ကစားပွဲအတွင်း)
  ဖြစ်တည်မှုတွေ အစားခံရ ၊
ကောင်မလေးရယ် မင်းရဲ့စိတ်ကို ဖြေသိမ့်လိုက်ပါတော့
အိပ်မက်သေတွေ ရုန်းကြွလာအောင် မန်းမှုတ်ဖို့အတွက်
ကိုယ်တို့မှာ ဂါထာမရှိဘူးကွယ်
ကံကိုသာ ပစ်စလက်ခတ်ပုံချရင်း
ကိုယ့်စိတ်ကိုယ် ချော့သိပ်လို့ တိတ်တိတ်လေး အိပ်နေတော့မယ်
ကိုယ်ရယ် ၊ မင်းရယ်
ပြီးတော့ ဖျားနာနေတဲ့လူသားတွေရယ်
ကမ္ဘာကို မေတ္တာတရားနဲ့နားလည်ဖို့ ကြိုးစားရဦးမယ် ၊၊ ၊၊

                                                     မောင်ရေချမ်း