Monday, July 2, 2012

ငါတို့အကြောင်း ငါတို့သမိုင်း

အရေးပါတာတွေက အရေးမပါသလို
အရေးမပါတာတွေကလည်း အရေးပါသလိုလို
ကြမ္မာဓားသွားက ငါတို့ရဲ့ဖြစ်တည်မှုတွေကို
ခပ်ရွဲ့ရွဲ့လှီးဖဲ့သွားတာလည်း ငါတို့ခံရဖူးပြီ
ငါတို့ဟာ ကိုယ့်သီချင်းကိုယ်ရဲရဲ မဆိုရဲခဲ့ကြ
ငါတို့ဟာ ကိုယ့်အတောင်ကိုယ်တဖျပ်ဖျပ် မြည်အောင်မခတ်ရဲခဲ့ကြ