ကြောင်ကြာကြာ ရေမငုပ်နိုင်ဆိုပေမယ့်
ဘီလူးတွေပီပီ သမုဒ္ဒရာကိုလည်း လက်ပစ်ကူးနေတဲ့သတ္တ၀ါတွေ
အလျှော်အစားက ပက်စက်တယ်
ဘ၀ထိုးရင် ဘ၀လျှော်မယ်ဆိုတဲ့ တော်ကီမှာမျောရင်း
အိပ်မက်ထိုးပြီး အိပ်မက်ပြန်မရသူတွေလည်း ဒုနဲ့ဒေး
သိုင်းဝတ္ထုတွေမှာ ပါနေကျဝါကျလိုပဲ
"မည်သို့ ပြုလုပ်လိုက်သည် မသိ "
"မည်သို့ ပြုလုပ်လိုက်သည် မသိ"
အားလုံးဟာ ရင်သပ်ရှုမော ( အထိတ်တလန့်နဲ့ )