Sunday, April 14, 2013

ငါ...တို့....အော်သံတွေ...ဟာ လည်ချောင်းဝ မှာတင် တစ်....ဆို့....ပျောက်...ကွယ်


ဘာတွေများ ပြောစရာကျန်သေးလဲ
ဘာတွေများ ပြောနိုင်သေးလဲ

" ငါတို့သည် ဤမှောင်မိုက်သောလောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း
   ကောင်းကင်အရပ်ရှိ နာမ်ဝိညာဉ်ဆိုးများနှင့်လည်းကောင်း
   ဆိုင်ပြိုင်တိုက်လှန်နေကြ၏ "
 ( ဧဖက် ၆း၁၂ )

လှိုင်းလုံးတွေကြား အားလုံးဟာ ဒရွတ်တိုက်မျောပါ
အသားလိုပေမဲ့ အရိုးလောက်ပဲ တောင်းခဲ့ကြတဲ့ ငါတို့
အခုတော့ ပြောစရာတွေ ဘယ်မလဲ
ဘာတွေများ ပြောနိုင်ကြသေးလဲ

နာနာကျင်ကျင် အိပ်မက်တွေပါပဲ/နှင်းဆီတွေ တစ်ပွင့်တစ်ပွင့်လွင့်
လေတွေ တဖျတ်ဖျတ်မြူး
ဘီလူးတွေဟာ လူယောင်ဆောင်ထားတဲ့ကမ္ဘာ
ပေါင်မုန့်တစ်လုံးကို လူ့အသက်တစ်ချောင်းနဲ့လဲနေရတဲ့နေရာတွေ
ကဗျာဆရာတိုင်းဟာ ခေတ်ရဲ့ ယဉ်ကျေးမှု ကောင်းမွေ ဆိုးမွေ
အားလုံးUpdate သိနေတာ ကောင်းမယ်ထင်တယ် (ShweKo NatUcsm)ဆဲချင်ဆိုချင်စိတ်တွေအတွက် အခုလောလောဆယ် အငမ်းမရ
ကျနော် ၀ါးစားပစ်တယ် / သတင်းတွေကို ၀ါးစားပစ်တယ်
ကောလလာလတွေကို ၀ါးပစ်တယ်
ကိုရွှေကိုယ်ရေ... ဒါဟာလဲ တကယ့်ကို Danger ပဲ ။