Tuesday, July 28, 2015

အကောင်းဆုံး လူသတ်သမားကို မျှော်နေသလား


အကောင်းဆုံးလူသတ်သမားကို ဦးချရမလား
အကောင်းဆုံးလူသတ်မှုကို ဂုဏ်ပြုရမယ်လား
လက်နက်နဲ့ရတာယူတာ ရိုင်းစိုင်းမှုပေါ့
ဒီလိုဆိုရင် ဒီလိုသာလုပ်ရမယ်ထင်တယ်
ဟေ့...အကောင်းဆုံးလူသတ်သမားရေ
ရိုင်းစိုင်းမှုအားဖြိုခွင်းဖို့ သင့်လက်နက်ကို သုံးလိုက်ပါ
အများသူငှာ ပျော်ရွှင်ခြင်းအတွက် လူသတ်မှုကို ပြုပါ
အချိန်ကို ချိန်ပြီးစောင့်နေသလား
ပစ်မှတ်တွေဟာ အခုချိန်မှာ ပျော်ရွှင်သောပါတီပေးလို့
လူအများကောင်းစားဖို့ ရည်ရွယ်ချက်များနဲ့ပါပဲ
အကောင်းစားလူသတ်သမားတွေ သမိုင်းမှာထင်ရှားခဲ့
ငုယင်ဗန်ထရိုင်းရေ...
ခင်ဗျားရဲ့မအောင်မြင်သောဗုံးခွဲမှုကို နှောင်းလူတို့က မှတ်တမ်းတင်ဂုဏ်ပြုနေကြဆဲပါ
ဒီနေ့ရဲ့အိပ်ခါနီးညအထိတော့
အကောင်းဆုံးလူသတ်သမားကို မျှော်မိသလိုပါပဲ
လူသတ်မရဲတဲ့ငကြောက်တစ်ယောက် ဖြစ်ပါတယ်
လမ်းပေါ်ကနေ သေနတ်ပစ်ပြီးဖြစ်ဖြစ်ပေါ့
လူတိုင်းမမြင်ချင်တဲ့ခေါင်းတွေကို ချိန်ပစ်လိုက်စမ်း
အဲဒီသတင်းကို စောင့်နေကြတယ် ထင်မိတယ်
ကြောက်လို့ထွက်ပြေးရှာတဲ့မြို့က
ကြိုက်ရာအဆောက်အဦးကို ဗုံးသွားခွဲလေမလား
အကြမ်းဖက်မှုကို ပန်းကုံးစွပ်ရမှာ လူပီသပါ့မလား
အကောင်းဆုံးလူသတ်သမားဆိုတာ
ဂန္ဒီလိုခေါင်းကို မပစ်
မာတင်လူသာကင်းလို ခေါင်းကို မပစ်
ွဂျွန်လင်နွန်လို ခေါင်းကို မပစ်
လူတို့ဗိုလ်ချုပ်လို ခေါင်းကို မပစ်
ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဟေ့ တကယ်ပဲ
အကောင်းဆုံးလူသတ်သမားဆိုတာ
အစုတ်ပဲ့ဆုံးခေါင်းတွေကို ဆွဲခွာတဲ့လူပဲ ဖြစ်ရမယ်
အကောင်းဆုံးလူသတ်သမားကို
သမိုင်းသူရဲကောင်းအဖြစ် မှတ်တမ်းတင်နိုင်ပါတယ်
သေချာတယ်
သေချာတယ်
အကောင်းဆုံးတစ်ယောက် လိုအပ်နေပြီလား
အကြမ်းဖက်မှုကို ငါတို့ကိုယ်တိုင်မုန်းတီးရာကမ္ဘာထဲ
ငါတို့ လူယဉ်ကျေးတွေလို နေထိုင်ချင်တဲ့အခါ
ငါတို့ လူသတ်ဖို့လက်မရဲတဲ့အခါ
မဖြုတ်နိုင်တဲ့ခေါင်းတွေ ပြုတ်ထွက်ဖို့
ဘုရားရှိခိုးပြီးနောက် တောင်းဆုပြု ကုသိုလ်ယူရတယ်
အကောင်းဆုံးလူသတ်သမားရေ...
အကျော်ကြားဆုံးလူသတ်မှုကို ကောင်းမှုပြုပါ
လက်ခုပ်တီးမယ့်လက်တွေ အများကြီးထင်တယ်ကွာ။ ။

                                             မောင်ရေချမ်း