Saturday, September 17, 2016

Only me အရေးအသားများ

 ( ၁)
အဲဒီ သီချင်းကို နားထောင်တိုင်း
လွမ်းနေရင် ဂီတာ လာတီးပေးမှာပေါ့
သီချင်းဆိုမကောင်းတဲ့ပါးစပ်ကနေ
ကဗျာတွေ ထွက်လာရင်
မင်း ပျော်ရွှင်သွားမှာပါ
မင်း ပျော်ရွှင်သွားမယ် မျှော်လင့်မိရုံပါ
မငိုနဲ့လေ
ကမ္ဘာ့ရတနာသေတ္တာကို ဖွင့်ဖို့ မင်းလက်ကို စောင့်နေတယ်။ ။


(၂ )
တကယ်ဖြစ်တယ်
မဟုတ်ဘူးဆိုရင် တကယ်ဖြစ်ခဲ့တယ်
မင်း မျက်ရည်က လာစိုတဲ့အခါ
မင်း ခုန်ချချင်တဲ့အမြင့်ကို ငါ ဖျောက်ခဲ့
မင်း ခုန်ချချင်တဲ့အောက်မှာ ငါမွေ့ယာခင်းထားခဲ့
သတ်သေမယ့်ကြိုးခွေတွေလည်း
ကြွက်တစ်ကောင်လို ငါ ၀ါးစားပစ်ခဲ့တာပဲ
ပျော်ပါစေ ။ ။

(၃ )
ငါ့ကို ချစ်ပါ လို့ မပြောခဲ့ဘူး
အသည်းပုံလေးကို နှိပ်လိုက်တယ်
မင်းကို ချစ်လို့ ။ ။