ရှာရခြင်းမှာ မပျော်ခြင်းဖြစ်ပြီ
နာရီပျောက်တာ ပြဿ နာလား
နာရီပျောက်တာ သိပ်နစ်နာလား
ပစ်စလက်ခတ်ထားခြင်းရဲ့အပြစ်ဟာ
ဆုံးရှုံးမှုပဲဖြစ်လိမ့်မယ်
ပျောက်သွားတာကို ပြောဆိုရင်ဖွင့်တဲ့အခါ
သူများက ပြာယာခတ်အောင် မရှာပေးပါ
ရှာနေတာနဲ့ အချိန်တွေ ပါသွားလေပြီ
ပြင်းပြင်းထန်ထန် တွေးကြည့်တော့
ပြန်တွေ့ရင် ပျက်စီးနေမလားပဲ
လူ့ဘဝဟာ အချိန်ဖြစ်တယ်
အချိန်ကို နာရီက ဖော်ပြတယ်
နာရီကို ရှာနိုင်အောင်ရှာဖို့ လိုတယ်
နာရီကို မတွေ့ရင် ဘဝဟာ သေနေ့စေ့ပြီလား
ပြောကြစမ်းပါ
ပျောက်နေတဲ့နာရီအကြောင်းကို ပြောကြပါ
ပြင်မရအောင်ပျက်စီးသွားတဲ့အဖြစ်နဲ့ တွေ့ရင်တောင်
ပြုန်းတီးဆုံးရှုံးသွားတဲ့အချိန်တွေကို စုပြုံပြီး မြင်ရလိမ့်မယ်။ ။
မောင်ရေချမ်း
16 / 7 / 2015
16 / 7 / 2015