Wednesday, September 28, 2016

စက်တင်ဘာလ၏ တစ်ခုသောဗုဒ္ဓဟူးနေ့

သတ်မှတ်ထားသော အချိန်ကာလတို့ကြောင့်
ရုပ်ပုံများ ရ မရ ၊ သတင်း ထပ်ရ မရ
အရွှေ့အပြောင်းများ လုပ်နေချိန်များတွင်
မူလပထမ အစီအစဉ်ဇယားကို ကြည့်ရင်း
အဂတိလိုက်စားခြင်းသည် ထူးဆန်းသောမက
အသံများနှင့်လှုပ်ရှားမှုများကို ဥပေက္ခာပြုကာ
တင်ပြလိုသော်လည်း တစ်နေ့တာရရှိသမျှ
ပိုမို၍ခြားနား ကွဲပြားသည်ထက် ကွဲပြားလာရာ
အံဘနန်း ရှုစားရဖို့ အနီးဆုံးတို့ ဝေးကွာ
သို့သော် အရာရာတို့သည် သို့သော်
မည်သည့် နာမည်ပင်ခေါ်ခေါ် အဓိပ္ပာယ်တူညီစွာ။ ။


မောင်ရေချမ်း
28 September 2016

ကခုန်နေတဲ့ ကျောင်းဆရာ


ပုလင်းထဲဝင်သွားတဲ့ စက်ပစ္စည်းတွေအတိုင်းလာ
လမ်းပေါ်က မြက်ပင်မှာ ဟိုတုန်းခရီးဆောင်အိတ်
အားပါးပါး လို့ အားပါးပါးလေးတွေနဲ့ ကန်ကျောက်
ဗိုလ်ချုပ် ဗိုလ်ချုပ် ဗိုလ်ချုပ် ဗိုလ်ချုပ် ကနေပြီ
ပျော်ပြီဆိုရင် ဘာသီချင်းကြားကြား ရွှင်မြူး
ပန်းနဲ့ပေါက်တယ် သတင်းစာ ငေါက်ခနဲထ
ဓားတွေ ကွေးသွားပုံများ တရားနာပြီး မျောက်
ခေါင်းထဲ ဂေါ်ဇီလာကို ကဗျာနဲ့ သတ်လိုက်ပြီ
မသေမချင်းရတယ် ညအထိ နေရောင်ရှိတယ်
သားတို့ ကိတ်မုန့် လှီးရတော့မှာပါကွာ။ ။


မောင်ရေချမ်း
31March 2016