Saturday, October 1, 2016

မနက်ခြောက်နာရီနိုင်ငံ

တခြားသူတွေ မပင်ပန်းဖို့
ခြေသုတ်ခုံလေးကို ဖုန်ခါကာ
အိမ်သာဆေးရင် ပူဆွေးခြင်းဝေးဆိုလို့
ကြွေခွက်ဟာ ငါ့သွားတွေလို ဖြူ စင်သွား
ချစ်လိုက်တာကွာ
အလွမ်းကွမ်တမ်အမှုန်တွေ ရမ်းရဲပျံ့ကြဲသော
မျက်နှာသစ်ရာ ဒီနေ့ ရေခွက်ထဲတွင်
ဘယ်လိုလဲ မင်း မျက်နှာ မြင်ချင်တဲ့နေရောင်မှာ ။


မောင်ရေချမ်း
2 Oct 2016

ဖွင့်ဆိုမှုအရ မင်းရှိနေသော နေရာ

မလာပါနဲ့ သီချင်းကိုဆိုဖို့
ငါဟာ နှစ်ကာလတွေအကြာကြီး ပျံ
ဒီလို ထို့ကြောင့် ပြန်ခဲ့ရတဲ့အခါ
ဘာသာပြန်မှားသလို ရင်ဘတ်ဖုန်းခေါ်သံမှာ
ညတွေလိုပဲမှောင်
အော်ဟစ်စူးရှပေါက်ကွဲလို့ ဝေးကွာ
အချစ်ရေ.. အချစ်ရေ လို့ သီချင်းဆိုရင်း
မျက်ရည်ပျော်ရွှင်မှုတွေ ငာ ဖြစ်ခဲ့
ရယ်မောငိုသံတွေ မင်း ဖြစ်ခဲ့
ဘာအဓိပ္ပါယ်မှမရှိ
ဘာအဓိပ္ပါယ်မှမရှိ ဖြစ်ခဲ့တာတွေ ။ ။


-သစ်လွင်ညီ- မောင်ရေချမ်း

လရှိုက်​သံ

အ​မှောင်​ထဲ
မင်းကို သတိ​ကြောင်း
ဘယ်​ ဘာသာစကားနဲ့ ​ပြောရမလဲ
အလင်း​​ရောင်​ပေးဖို့ပါ ညရယ်​ ။ ။

 
မောင်​​ရေချမ်း
1 Oct 2016

ရေ​ကောင်းမှု

ရတယ်
တရား မနာနဲ့
မရဘူး
တရား မပါလို့
ဆိုးလို့ မိုက်​လို့ ဝရင်
ပုတီး မပါလည်း ဘုရား​ပေါ် လာခဲ့
ဖိနပ်​ချွတ်​တဲ့လက်​ လှပြီ ။ ။


မောင်​​ရေချမ်း
1 Oct 2016

မင်းနဲ့ ငါ အတူ မရှိ​တော့တဲ့​နောက်

မင်းနဲ့ ငါ အတူ မရှိ​နောက်​မှ​တော့
သေချာလွန်းပါတယ်
ငါ တစ်​​ယောက်​တည်းပဲ ငို​ကြွေးတယ်
ပြီး​တော့ ငါ တစ်​​ယောက်​တည်းပဲ ပိုမို ​ပျော်​ရွှင်​တယ်
မင်းနဲ့ ငါ အတူမရှိ​တော့တဲ့​နောက်
အစိုးရအစစ်​လို့ ထင်​ရတဲ့ အစိုးရကို ငါရတယ်
ဆောရီး မင်းက နိုင်​ငံ​ရေးမှ စိတ်​မဝင်​စားတာ
ငါ မှတ်​ဥာဏ်​က ​မေ့​တော့မလို့်
မင်းနဲ့ ငါ အတူ မရှိ​တော့တဲ့​နောက်
အတူရှိခဲ့စဉ်​က အဖြစ်​​တွေ ပြန်​​တွေးတဲ့အခါ
မ​ကောင်းပါဘူးကွာ
လုံးဝ မ​ကောင်းပါဘူး
ပျော်​စရာ​တွေကို ပြန်​ ပြန်​​တွေးပြီး
အလွမ်းအ​ဆွေးကို ​ကျော်​လွန်​ခြင်းဟာလည်း ပညာရပ်​တစ်​ခုပါပဲ
မင်းနဲ့ ငါအတူ မရှိ​တော့တဲ့​နောက်​မှ
မင်း အ​ကြောင်း ​မေးခံရတဲ့အခါ
ပင်​လယ်​ထဲ ​နေဝင်​သွားသလိုပါပဲ ပြန်​​ဖြေမိ
အစ မရှိ အဆုံး မရှိ အဖြစ်​​တွေထဲ
ငါတို့်အတူတူ ရှိခဲ့ဖူးပါတယ်
သိပ်​ကို ခမ်းနားခဲ့လွန်းပါတယ်
မင်းနဲ့ငါ အတူ မရှိတဲ့​နောက်​မှာ
မင်းအ​ကြောင်း​တွေဟာ ငါ့ကဗျာအဖြစ်​ လာလာ ကိုယ်​ထင်​ပြ​နေတဲ့အခါ
ဒီကဗျာကို
မျက်​ရည်​ဖွက်​တမ်းကစားလို ​ရေးမိပါတယ်​။ ။


မောင်​​ရေချမ်း
1 Oct 2016