Tuesday, October 4, 2016

မဖွယ်မရာ ကမ္ဘာထဲက

သေဖို့အတွက် အသက်လိုတယ်
ကြည်ပြာရောင်ကောင်းကင်
အားကြိုးစိတ်ပါကိုယ်လုပ်ကြိုးပမ်းမှုများ
ပျော်ရွှင်စွာပြဿ      နာရှာကြသူများ

 ပြာမကျခင်လေးမှာ

အသက်တွေ သေကုန်ပြီ
အသက်တွေ အသက်မထွက်ဘဲ သေကုန်ပြီ။

မြက်စိမ်းစိမ်းလေးပေါ်မှာ
ပြန်မချစ်နိုင်ကြသူများအတွက်
အချင်းချင်းပစ်ခတ်ဖို့ သေနတ်များ
စတင်ပြီးရင် ဆုံးဖို့လိုတယ်
ဒေါသကို စိတ်တူကိုယ်မကွဲ ရှာဖွေဆော့၍
ကြည်ပြာရောင်ကောင်းကင်
သေဖို့အတွက် အသက်လိုတယ်။
လေထုကို သန့်စင်ပြီးသွားရင် သူတို့တွေ လာတယ်
လူကောင်းသူကောင်းနဲ့တူတဲ့နေရောင်ခြည်ရယ်
သန့်စင်တဲ့မိုးပွင့်တွေပါဝင်သောတိမ်များရယ်
လဒငှက်တွေ တသောသောသုံးဆောင်ဖို့
သွေးတွေပေ လူတွေသေ နေတဲ့လမ်းမတွေပေါ်။ ။

မောင်ရေချမ်း
4 Oct 2015

ကော်​ဖီနဲ့ ပွင့်​တဲ့ပန်း

ငြိမ်း​ချမ်းတဲ့ဥယျာဉ်​အဖြစ်​ သီးပွင့်​လို့
မင်း​ဘောင်းဘီ​ပေါ်က ကြယ်​ပွင့်​မျှင်​ဟာ ငါပဲ​လေ
ဒီစကားမှာ ကိုင်​ဆုပ်​စက္ကူစ​လေးထဲ
ရှက်​မြတ်​နိုးစွာ ပြုံးပြဖို့ နှုတ်​ခမ်းရာများ
ထင်းပလဲ့စင်​ဖွယ်​ ထိုအခါ ဖြစ်​လာတယ်
ကောင်းကင်​​ပေါ် ​ရွေ့ လျားသူ မီးခိုးဖြူ​တွေ ။ ။


မောင်​​ရေချမ်း
2 Oct 2016

အမေရိကန်နဲ့တာလီဘန်

ဗုံးခွဲမယ့်ကောင်က ပြောတယ်
ငါ အိမ် မပြန်ရရင်
မင်း လည်း အိမ် မပြန်ရဘူး
မင်းကို သတ်ပစ်မှ ရမယ် ။


ဗုံးအခွဲခံရမယ့်ကောင်က ပြန်ပြောတယ်
မင်း အိမ်ပြန်ရဖို့ဆိုရင်
ငါ့ကို သတ်လိုက်စမ်းပါ
ငါ သေပြီးနောက် မင်းသာ ရှင်ပါစေ ။ ။

မောင်ရေချမ်း
3 Oct 2016

ကျည်ဆံ


အမေရိကန်တစ်ကောင်ရဲ့အလောင်းကို
မင်း ရတဲ့အခါ ... ပျော်ပါရဲ့လား
I.S စစ်သားလေးရယ်
သူ့အိတ်ကပ်ထဲမှာလည်း
မင်းလိုပဲ
မိသားစုဓာတ်ပုံလေး ရှိတယ် ။ ။



မောင်ရေချမ်း
14 September 2016