ငှက်ကလေးဟာ
မျက်နှာကို အတောင်နဲ့ ရိုက်ပြီး အဝေးပျံသွား
အနီရောင်ဆေးသားတွေ ယူလို့
ကျောက်စရစ်ခဲလေးတွေပေါ် အသည်းပုံလေးလုပ်နေမိတယ်
မညာတမ်း သတိမှုတစ်ခုမှာ
အလွမ်းထဲ သကြားပွင့်တွေ ပါတော့ ချိုလှတယ်။ ။
မောင်ရေချမ်း
13 Oct 2016
Wednesday, October 12, 2016
မီးစာ
နာကျင်မှုချိုချိုလေးကို ချစ်လို့
ဂီတာထဲမှာ ငါဖွက်ထားတယ်
မင်း မကြားဘူး ။ ။
မောင်ရေချမ်း
12 Oct 2016
ဂီတာထဲမှာ ငါဖွက်ထားတယ်
မင်း မကြားဘူး ။ ။
မောင်ရေချမ်း
12 Oct 2016
စာအုပ်ရုပ်ထု
ဘယ်သေနတ်ထဲက ကျည်ဖြစ်ဖြစ်
စာအုပ်ကို ဖောက်ထွက်အောင် မပစ်နိုင်
စာအုပ်ဟာ စစ်ပွဲကို ကာတဲ့ဒိုင်း ဖြစ်တယ်
ရုပ်ထုအဖြစ် တစ်ခုခုကို ထုဆစ်ပူဇော်ဖို့
စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်
အဲဒီမှာ စာအုပ်ထဲက လမ်းရမယ်
အဲဒီမှာ စာအုပ်ထဲက သစ်ပင်ရမယ်
အဲဒီမှာ စာအုပ်ထဲက ကမ္ဘာတစ်ခုလုံးစာ
ပြောရမယ်ဆိုရင် သေးသေးဖွဲဖွဲမဟုတ်တော့
စာအုပ်ထဲမှာ နေရောင်ခြည်ပါတယ်
ပြောရမယ်ဆိုရင် အရမ်းကြီးကျယ်တော့
စာအုပ်ထဲမှာ ခုနစ်များစွာရရှိနိုင်တယ်
စာဖတ်ပြီးသေတဲ့လူဟာ အသက်ရှည်တယ်
ဒီလိုပါ ဒီလိုပါ
မိုးတွေ ရွာတဲ့အခါ
စာအုပ်ဟာ ထီးဖြစ်တယ်
တစ်ဘ၀လုံးကို မိုးဖို့ လုံခြုံမှုနဲ့ ။ ။
မောင်ရေချမ်း
12 Oct 2016
စာအုပ်ကို ဖောက်ထွက်အောင် မပစ်နိုင်
စာအုပ်ဟာ စစ်ပွဲကို ကာတဲ့ဒိုင်း ဖြစ်တယ်
ရုပ်ထုအဖြစ် တစ်ခုခုကို ထုဆစ်ပူဇော်ဖို့
စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်
အဲဒီမှာ စာအုပ်ထဲက လမ်းရမယ်
အဲဒီမှာ စာအုပ်ထဲက သစ်ပင်ရမယ်
အဲဒီမှာ စာအုပ်ထဲက ကမ္ဘာတစ်ခုလုံးစာ
ပြောရမယ်ဆိုရင် သေးသေးဖွဲဖွဲမဟုတ်တော့
စာအုပ်ထဲမှာ နေရောင်ခြည်ပါတယ်
ပြောရမယ်ဆိုရင် အရမ်းကြီးကျယ်တော့
စာအုပ်ထဲမှာ ခုနစ်များစွာရရှိနိုင်တယ်
စာဖတ်ပြီးသေတဲ့လူဟာ အသက်ရှည်တယ်
ဒီလိုပါ ဒီလိုပါ
မိုးတွေ ရွာတဲ့အခါ
စာအုပ်ဟာ ထီးဖြစ်တယ်
တစ်ဘ၀လုံးကို မိုးဖို့ လုံခြုံမှုနဲ့ ။ ။
မောင်ရေချမ်း
12 Oct 2016
ဖင်မပညာရေး
ဦးနှောက်ထဲက တီဗွီစီးရီးတွဲတွေကို ကြည့်ရင်း
အဓိပ္ပာယ်ပေါ်ထွက်လာစေတဲ့စနစ်အရ
အတော်ကလေးကို အုတ်မြစ်ကျ ပီပြင်လာမှုမှာ
လူတိုင်း အချစ်ကို ရှာဖွေတွေ့ရှိကြပါတယ်
အိမ်တစ်လုံး ပိုင်ဖို့တော့ မလွယ်ဘူးလေ
လူထုဆက်သွယ်ရေးသုတေသနတွေကလည်း
ပေါင်မုန့်ကြားထဲ အပိုသကြားတွေ ဖြူးသလိုနဲ့
ဖင်ကြားထဲမှာ အီအီးတွေကို ယိုလို ညှပ်ထားတဲ့အခါ
ညီလာခံရဲ့အကျိုးဆက်ဟာ သေနတ်နဲ့
ကျောင်းသားတွေအနေဖြင့် အဆင့်မြင့်အာရုံပညာရေး
ဘာပဲဖြစ်ဖြစ် ဆရာတွေကတော့ စာအုပ်ကို မွေးရတာ
စာအုပ်ကို မမွေးတဲ့ဆရာဟူသည်က
ကလေးမမွေးနိုင်တဲ့ အမြုံမလို မသာကောင်
ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလန်ရဲ့ပညာရေး
အခွင့်ထူးခံနဲ့လူလတ်တန်းစားတွေ အတွက်သာ
အဲဒီမှာကြည့်....အဲဒီမှာ ကြည့်စမ်း
တချို့မီးပန်းတွေများ ဖြာထွက်နေတာပဲ ။ ။
မောင်ရေချမ်း
12 Oct 2016
အဓိပ္ပာယ်ပေါ်ထွက်လာစေတဲ့စနစ်အရ
အတော်ကလေးကို အုတ်မြစ်ကျ ပီပြင်လာမှုမှာ
လူတိုင်း အချစ်ကို ရှာဖွေတွေ့ရှိကြပါတယ်
အိမ်တစ်လုံး ပိုင်ဖို့တော့ မလွယ်ဘူးလေ
လူထုဆက်သွယ်ရေးသုတေသနတွေကလည်း
ပေါင်မုန့်ကြားထဲ အပိုသကြားတွေ ဖြူးသလိုနဲ့
ဖင်ကြားထဲမှာ အီအီးတွေကို ယိုလို ညှပ်ထားတဲ့အခါ
ညီလာခံရဲ့အကျိုးဆက်ဟာ သေနတ်နဲ့
ကျောင်းသားတွေအနေဖြင့် အဆင့်မြင့်အာရုံပညာရေး
ဘာပဲဖြစ်ဖြစ် ဆရာတွေကတော့ စာအုပ်ကို မွေးရတာ
စာအုပ်ကို မမွေးတဲ့ဆရာဟူသည်က
ကလေးမမွေးနိုင်တဲ့ အမြုံမလို မသာကောင်
ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလန်ရဲ့ပညာရေး
အခွင့်ထူးခံနဲ့လူလတ်တန်းစားတွေ အတွက်သာ
အဲဒီမှာကြည့်....အဲဒီမှာ ကြည့်စမ်း
တချို့မီးပန်းတွေများ ဖြာထွက်နေတာပဲ ။ ။
မောင်ရေချမ်း
12 Oct 2016
သွေးဝိညာဉ်များကို ရေတွက်ကြည့်ခြင်း
မာရ်နတ်ဟာ ညာဘက်မှာ ကျမ်းစာ
မာရ်နတ်ဟာ ဘယ်ဘက်မှာ သေနတ်
အဲဒီလက်နှစ်ဖက်နဲ့ ကမ္ဘာကို ကိုင်လှုပ်နေတယ်
ခရစ်ယာန်ဆိုပြီး ကွန်မြူနစ်ဆိုပြီး
ဟိန္ဒူဆိုပြီး ဆိုရှယ်လစ်ဆိုပြီး
အစ္စလာမ်ဆိုပြီး တံဆိပ်များဆိုပြီး
ဗီယက်နမ်မှာ ကိုရီးယားမှာ
အိန္ဒိယ-ပါကစ္စတန်မှာ ကမ္ဘာပေါ်မှာ
အချိန်တိုင်းရဲ့သမိုင်းထဲမှာ အရှေ့အနောက်
ဘာတွေမှန်း မသိဘဲ လူသတ်ကြပါတယ်
ဘာတွေမှန်း မသိဘဲ စစ်ဟာ ခုန်ကြွတယ်
ဘာတွေမှန်း မသိဘဲ ရိုးရိုးသားသားပေါ့
ကျုပ်တို့ဟာ ရူးနေမှာ ရိုးရိုးသားသားပေါ့
ပြဿနာတွေက ဖင်ယားမှုတစ်ခုတွေပဲ
ဘယ်ဘုရားကမှ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ မဟုတ်ရင်
လူသားတွေကပဲ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ ဟုတ်ခဲ့ရင်
ဘုရား...ဘုရား ၊ ဂင်္ဂါဝါလု သဲစုမက
စစ်ပွဲတွင် အပြစ်မဲ့သေဆုံးသွားကြသူများ ။ ။
မောင်ရေချမ်း
12 Oct 2016
မာရ်နတ်ဟာ ဘယ်ဘက်မှာ သေနတ်
အဲဒီလက်နှစ်ဖက်နဲ့ ကမ္ဘာကို ကိုင်လှုပ်နေတယ်
ခရစ်ယာန်ဆိုပြီး ကွန်မြူနစ်ဆိုပြီး
ဟိန္ဒူဆိုပြီး ဆိုရှယ်လစ်ဆိုပြီး
အစ္စလာမ်ဆိုပြီး တံဆိပ်များဆိုပြီး
ဗီယက်နမ်မှာ ကိုရီးယားမှာ
အိန္ဒိယ-ပါကစ္စတန်မှာ ကမ္ဘာပေါ်မှာ
အချိန်တိုင်းရဲ့သမိုင်းထဲမှာ အရှေ့အနောက်
ဘာတွေမှန်း မသိဘဲ လူသတ်ကြပါတယ်
ဘာတွေမှန်း မသိဘဲ စစ်ဟာ ခုန်ကြွတယ်
ဘာတွေမှန်း မသိဘဲ ရိုးရိုးသားသားပေါ့
ကျုပ်တို့ဟာ ရူးနေမှာ ရိုးရိုးသားသားပေါ့
ပြဿနာတွေက ဖင်ယားမှုတစ်ခုတွေပဲ
ဘယ်ဘုရားကမှ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ မဟုတ်ရင်
လူသားတွေကပဲ လူသားအရိုးနဲ့
ခပ်တည်တည် သွားကြားထိုးနေတာ ဟုတ်ခဲ့ရင်
ဘုရား...ဘုရား ၊ ဂင်္ဂါဝါလု သဲစုမက
စစ်ပွဲတွင် အပြစ်မဲ့သေဆုံးသွားကြသူများ ။ ။
မောင်ရေချမ်း
12 Oct 2016
နှင်းသွေး
ဥယျာဉ်ကို သီချင်းဆိုပြမိတယ်
ချစ်စရာပန်းလေးတစ်ပွင့် ပွင့်နေတဲ့အကြောင်း
မင်းနာမည်ကို ရေရွတ်ရင်းနဲ့ပေါ့ ။ ။
မောင်ရေချမ်း
11 Oct 2016
ချစ်စရာပန်းလေးတစ်ပွင့် ပွင့်နေတဲ့အကြောင်း
မင်းနာမည်ကို ရေရွတ်ရင်းနဲ့ပေါ့ ။ ။
မောင်ရေချမ်း
11 Oct 2016
အပူချိန်တွင် ပြန့်ကားခြင်း
Subscribe to:
Posts (Atom)