Sunday, November 6, 2016

မေလ (၁) ရက်နေ့မှ စ၍

ပုတ်သင်ကို ရွှေတစ်ပဲသားဆွဲပေး
မိတ်ကပ်သင်တန်းတက်တဲ့စော်တွေ
မဟော်သဓာ ချဉ်စပ်ခေါက်ဆွဲ ခြောက်ရာ
ဂိမ်းဆော့သူ လက်ဖက်ထမင်း ။ ။

                                      မောင်ရေချမ်း
                               6 November 2016

မြင်လိုက်တဲ့အရသာ


ဘုရားစင်ပေါ်က ကိတ်မုန့်ကို
ကြွက်က ဘုန်းပေးသုံးဆောင်တယ်
ငေးကြည့်တဲ့ ငါက လူက ကြွက်က ။ ။

                               မောင်ရေချမ်း
                              6 Nov 2016

အစက်ပါ အတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းခြင်း

နားတွေ ကန်းသွားတဲ့သူကိုမှ
အချစ်ရေ လို့ အော်ခေါ်နေမိတုန်းပဲ
......
..........
..............
....................
.............................
ဇာတ်လမ်းဟာ အစက်ပါ ဖော်ပြထားတဲ့အတိုင်း
သမ္မတရုပ်ရှင်ရုံလက်မှတ်လည်း မီးမရှို့ရက်
မသိပါဘူး မသိပါဘူး မသိပါဘူး
ဓာတ်ပုံထဲကို လေယာဉ်ပျံ ဖြတ်သန်းသွားလို့
မသိပါဘူး
မှတ်ဥာဏ်သင်္ကေတတွေမှာ အအေးဆိုင်ပါလို့
မသိပါဘူး
အရူးတစ်ယောက်လို
နားတွေ ကန်းသွားတဲ့ သူကိုမှ
အချစ်ရေ အော်ခေါ်နေတုန်းမို့လို့
အပြင်မှာ နေတွေ ပူပြီး
သွေးကြောအနှံ့ နှင်းတွေ ဝေနေပြီ

November 13 , 2013
ချစ်ခြင်းတရားသည် အဖြူရောင်ဦးထုပ်ကို လှပစွာဆောင်းထားကြောင်း ကျွန်တော် သိလိုက်ရလေပြီ။ သန့်စင်သိမ်မွေ့သောမေတ္တာတွင် ကျွန်တော့်သွေးကြောထဲသို့ သူမ၏ ပန်းပွင့်ခြေလှမ်းနုနုများကို လိုက်လံသိမ်းဆည်းနေမိသည် ။

နိုဗင်ဘာ ဆက်သုံးတယ်
နိုဗင်ဘာ ဆက်သုံးတယ်

စက္ကူစတွေ မီးရှို့ပြီးမှ
ပစ္စုပ္ပန်ကို ပူဇော်နေရတဲ့အခါ
သတိမရကြေးလို့ ဘယ်သူပြောခဲ့လို့လဲ
တိကျဖို့ လိုအပ်လာရင်
ဘုရားစကားလည်း ခိုးချရမှာပဲ
"အပ္ပမာဒေန သမ္မာဒေန"

ဘာဖြစ်လို့လဲ
ထောပတ်သီးဖျော်ရည်ခွက်ရဲ့အရိပ်မှာ
ဘာဖြစ်လို့လဲ
အဖြူရောင်ဖိနပ်ပေါ်က ငုံ့ဝါစိမ်းသောသွေးကြောမှာ
ဘာဖြစ်လို့လဲ
တစ်ခုခုဆို ဓာတ်ပုံတွေ ပြန်ပြန်ပေါ်တဲ့အခိုက်မှာ
ဘာဖြစ်လို့လဲ
အမှုန်တွေ အတက်အကျ ဦးနှောက်က ဘာဖြစ်လို့လဲ
နိုးပါ နိုးပါ နိုးပဲ
အခါခါ ငြင်းဆန်မှုမှာ နိုးတွေပဲ
သတိရခြင်းမှာ မင်းတစ်ယောက်တည်း မပါဘူး
ပေါင်မုန့်ပစ်ကျွေးခဲ့ဖူးတဲ့ ငါးတွေ
ငါတို့လို မဝေးကြပါစေနဲ့
စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ကန်ဘေးကုန်းမြင့်မှာ
သူများတွေ အနာတရ ထပ်မရကြပါစေနဲ့

သစ်ရွက်တွေ ကြွေတုန်းကပေါ့
ထီးရွက်ဖျင်အောက် အနမ်းတွေ ပပလင်းတယ်

ငါတို့ အတူတူ ရင်ခုန်ဦးတုန်းကပေါ့
သစ်ရွက်တွေ ကြွေနေတာလည်း မှိန်တိုးလွန်းတယ်

လေယာဉ်ပျံတစ်စီးတည်းမှာ
လူအရှင်လတ်လတ်တွေကို အလောင်းလို တင်သွားတာ
လေယာဉ်ပျံတစ်စီးတည်းမှာ
အလောင်းကို လူအရှင်လို အော်ခေါ်မိတုန်းက တစ်နေ့
မသိပါဘူး
ဒီလိုမှန်း သိခဲ့ရင်လည်း မသိပါဘူး

ရူးတယ်
နားတွေ ကန်းသွားတဲ့လူကိုမှ
အချစ်ရေ  အော်ခေါ်နေတုန်းပဲ
ရင့်တယ်
အော်သံဟာ အသားထဲ ပြန်စိုက်တယ်
အခုထိ အခုထိ
ဇာတ်သိမ်းဟာ အစက်ပါ အတိုင်း ဖြစ်သွားတဲ့
အခုထိ  ။ ။

                                      မောင်ရေချမ်း