Saturday, November 12, 2016

သူတို့ရဲ့ နောက်ပိုင်းအဖြစ်အပျက်တွေမှာ

မီးသတ်ကားတွေ ရောက်လာတဲ့ ပထမ ညနေခင်းမှာ
သူတို့ ငိုကြွေးဖို့ မေ့နေခဲ့သေးတယ်။ နောက်တော့
မီးတောက်တွေ ပိုများလာရုံတင်မကဘူးလေ။ 
မီးတောက်ထဲမှာ တကူးတကခုန်ဆင်းသေကြတဲ့လူတွေ
သူတို့ကပါ ငိုကြွေးဖို့ မေ့နေခဲ့သေးတယ်။ ဘယ်အချိန်ကမှ
အဲဒီဒေသမှာ ငရဲပွဲတော်ကြီး အဖြစ် မကြီးကျယ်ဖူးဘူး ။
ဒါပေမဲ့ အဲဒီအဖြစ်အပျက်ကတော့ ငရဲပွဲတော်ကြီးတစ်ခုပဲ။
မီးသတ်ကားတွေနောက်ကနေ အိမ်တွေ ၊ ကျောင်းတွေနဲ့
ဥစ္စာရှိစုမဲ့စုတွေဟာ ပြေးလိုက်သွားတယ်။ အကုန်သွားပြီလေ။
သူတို့ ငိုကြွေးဖို့ မေ့နေခဲ့သေးတယ်။ တကယ်က မျက်ရည်နဲ့
ပက်ပြီး မီးကို ငြိမ်းလို့ရ မရ ဘယ်သူမှ သေချာမသိကြပါဘူး ။
မီးသတ်ကားတွေ ထွက်ခွာပြီးနောက်တော့ မီးလောင်ပြင်ကြီးထဲ
သူတို့ တစ်ယောက်နဲ့တစ်ယောက်တောင် မမှတ်မိကြတော့ဘူး။
ဒါပေမဲ့... ငိုကြွေးဖို့ အခုမှ သတိရသွားပုံမျိုးနဲ့ တစ်ယောက်နဲ့
တစ်ယောက် အဝေးကြီးကနေ အသံပေး ငိုကြွေးကြတယ်။
ဒါနဲ့  နေပါဦး ၊ မီးကို ငြိမ်းဖို့ ဆိုပြီး မျက်ရည်နဲ့ ပက်ဖို့ ငိုကြွေးစရာ
လိုရော လိုအပ်ရဲ့လား ၊ ပြီးတော့ ငိုရော ငိုအပ်ရဲ့လား ။ 

                                                             မောင်ရေချမ်း

ဒေါ်ဝါရွှေ

သစ်တွေ ၀ါးတွေနဲ့
ယောင်္ကျားရေ ...ယောင်္ကျား ။ ။

                                   မောင်ရေချမ်း
                               13 Nov 2016

ဒွေဒွေ


ဇာတ်လမ်းဟာ
ကြေကွဲဖွယ်သည့်ရဲ့
ပမာ၍ အချိုရည်တွေ
တို့၏ တွင်
မင်းတို့ သေရမယ်
မင်းတို့ သေရမယ်
မင်းတို့ သေရမယ်
ဒီစစ်ပွဲတွေ ပြီးရင်
ကို်ယ်ချင်းစာကြတယ်
ထပ်ပြီးနေသော
ငါတို့ သေဦးမယ် ။ ။

                  မောင်ရေချမ်း