Friday, August 10, 2012

ဆင်ခြေဖုံး


  သူတို့ရဲ့ဖြစ်တည်ခြင်းတွေက မပြင်ရသေးတဲ့လမ်းလေးလို
  ချိုင့်တွေ ၊ခွက်တွေနဲ့ ညှိုးရော်ကြမ်းတမ်းနေတာ
 
  ဒီရပ်ဝန်းမှာပေါ့
  ဆဲသံ၊ဆိုသံတွေနဲ့ စိုပြည်လင်းပွင့်
  တစ်ယောက်ဒုက္ခကိုတစ်ယောက် ငေးရီကြည့်ရင်းအိပ်မက်သေတွေဖွာရှိုက်နေကြ
  ခေတ်ကိုမလွမ်းအားဘူး
  အမေရိကန်သမ္မတဘယ်သူလဲ စိတ်မ၀င်စားဘူး
  မနက်ဖြန်အသက်ရှူဖို့ပဲ စိတ်ကို ၊ခန္ဓာကို အင်ဂျင်တပ်ထားရတာ
 
  ဒီရပ်ဝန်းမှာပေါ့ 
  အေဘီစီဒီရေးတဲ့လက်လေးတွေ ၊ အနာဂတ်ရဲ့အငုံအဖူးလေးတွေ
  နံရိုးအပြိုင်းပြိုင်းနဲ့ လမ်းကြိုလမ်းကြားမှာ ဂေါ်လီပစ်တမ်းကစားနေတာ
  ကကြီးခခွေးအော်တဲ့ပါးစပ်လေးတွေ
  ပြေးရင်းလွှားရင်း ခုန်ပေါက်ရင်း အပူအပင်မဲ့ပျော်နေတာ
 
  ဒီရပ်ဝန်းမှာပေါ့
  အောက်စီဂျင်ဟာ တဖြည်းဖြည်း ရှား…ရှား……လာ …
  ဖြစ်တည်မှုတွေ တမြေ့မြေ့ပါး….ပါး……လာ        ၊၊            ၊၊

                                                         မောင်ရေချမ်း
                                         ပြုံးစရာ ဂ္ဂဇင်း ၊ စက်တင်ဘာလ ၊ 2012

4 comments:

  1. အောက်စီဂျင်ဟာ တဖြည်းဖြည်း ရှား.. ရှား... လာ...

    ReplyDelete
  2. တစ်ခေါက်ထပ်ဖတ်ခဲ့တယ်ရေချမ်းရေ......ဖတ်တိုင်းလန်းတယ်။။။။။။

    စကားပြေလေးတွေလည်း လုပ်ဦးဟ...ဥမထားနဲ့။။ဟေးဟေးးးးးးး

    ReplyDelete
  3. အဲလိုဆင်ခြေဖုံးတွေကို မြန်မာလူမျိုးဗုဒ္ဓဘာသာ လူငယ်တွေရောက်ဖို့ နေနေသာသာ
    တပတ်တခါတောင် ဘုန်းကြီးကျောင်းနဲ့ ဘုရားကိုမရောက်ဘူး
    အကယ်၍ရောက်တယ်လို့ ငြင်းခဲ့ရင်လဲ
    ရောက်တဲ့သူတွေဟာလူနည်းစု တွေသာဖြစ်တယ်

    အာမင် တွေကတော့ အဲလိုဆင်ခြေဖုံးရပ်ကွက်တွေမှာ
    အလှူအတန်းတွေလုပ်နေလေရဲ့ 

    ((ဒီရပ်ဝန်းမှာပေါ့
    အေဘီစီဒီရေးတဲ့လက်လေးတွေ ၊ အနာဂတ်ရဲ့အငုံအဖူးလေးတွေ
    နံရိုးအပြိုင်းပြိုင်းနဲ့ လမ်းကြိုလမ်းကြားမှာ ဂေါ်လီပစ်တမ်းကစားနေတာ
    ကကြီးခခွေးအော်တဲ့ပါးစပ်လေးတွေ
    ပြေးရင်းလွှားရင်း ခုန်ပေါက်ရင်း အပူအပင်မဲ့ပျော်နေတာ)) <<<အဲဒီ အနာဂတ်ရဲ့ အဖူးအငုံလေးတွေ ....အာမင်တွေဖြစ်ကုန်ရင် ဘယ်သူ့ မှာတာဝန်ရှိသလဲ.........

    ReplyDelete
  4. ကဗျာလေး အားရပါးရကိုခံစားသွားတယ်...ဆရာရေ...ဆရာ့ကဗျာလေးတွေစောင့်ဖတ်နေတယ်နော်...လင့်တောင်ယူသွားလိုက်ပြီ...ဆက်လက်ပြီးထုဆစ်နိုင်ပါစေရှင်
    ခင်တဲ့ ...မိုးနတ်..

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ